အာဆင်နယ် – မန်ချက်စတာစီးတီး
အခုတစ်ပတ် ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး ထိပ်တိုက်တွေ့ဆုံမှု အဖြစ် အာဆင်နယ်နဲ့ မန်စီးတီးတို့ အမ်းမရိတ်စ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက အမ်းမရိတ်စ်မှာ စီးတီးကို ဂိုးပြတ် ချေမှုန်းထားတဲ့ အာဆင်နယ်တို့ မန်စီးတီးကို ထပ်မံ အသာရသွားမလား။ ဒါမှမဟုတ် မန်စီးတီး ကပဲ မနှစ်က အရှက်တကွဲ အရှုံးကို လက်စားပြန်ချေနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
အာဆင်နယ်က အားရစရာ အင်အားဖြည့်တင်းမှု၊ တောင့်တင်းတဲ့ အစုအဖွဲ့ တိုးတက်လာတဲ့ ကစာဟန်နဲ့ ဒီရာသီမှာ ချန်ပီယံဆုတွေကို မျှော်လင့်နေတဲ့ အသင်းပါ။ ရာသီသစ်မှာ အာဆင်နယ်က ပရီးမီးယားလိဂ် ၄ ပွဲ ကစားထားပြီး လက်ရှိချန်ပီယံ လစ်ဗာပူးလ်ကို ၁-၀ ရလဒ်နဲ့ ကပ်ရှုံးခဲ့တာက လွဲရင် ကျန်ပွဲတွေမှာ အနိုင်ရထားပါတယ်။ ချန်ပီယံလိဂ် မှာလည်း ဘီလ်ဘာအိုကို စပိန်မြေမှာ သွားရောက် အနိုင်ယူထားပြီး အကောင်းဆုံး ပုံစံ ရှေ့ဆက်နေပါတယ်။ ဒီပွဲ ကတော့ မီခဲလ် အာတေးတားနဲ့ အာဆင်နယ် အတွက် နောက်ထပ် ခက်ခဲတဲ့ စာမေးပွဲ တစ်ခု ဖြစ်လာဖို့ ရှိပြီး အကောင်းဆုံး ကျော်ဖြတ်နိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
မန်စီးတီး ကတော့ ပရီးမီးယားလိဂ်မှာ စပါးနဲ့ ဘရိုက်တန်ကို နှစ်ပွဲဆက် ရှုူံးခဲ့ပြီးနောက် မြို့ခံပြိုင်ဘက် ယူနိုက်တက် ကိုတော့ ၃-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရထားပါတယ်။ ကြားရက်က ချန်ပီယံလိဂ် မှာလည်း မန်စီးတီးက နာပိုလီကို အနိုင်ရထားပါတယ်။ တစ်ခု ရှိတာက ဒီရာသီ မန်စီးတီးရဲ့ ခြေစွမ်းက ပြီးခဲ့တဲ့ ရာသီကလောက် မဆိုးပေမယ့် မတည်ငြိမ်သေးပါဘူး။ လက်ရှိမှာ မန်စီးတီးက အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရှိနေပြီး ဇယား ထိပ်ပိုင်းကို ပြန်လည် တက်လှမ်းနိုင်ဖို့ အတွက် ရုန်းကန်လာမှာ သေချာပါတယ်။
ဒီပွဲမှာ အာဆင်နယ် ဘက်က ဗစ်တာ ယိုကီးရက်စ်နဲ့ မန်စီးတီး ဘက်က အာလင်း ဟာလန်းကို အဓိက စောင့်ကြည့်သွားရဖို့ ရှိနေပါတယ်။ ယိုကီးရက်စ်က ပရီးမီးယားလိဂ် ၄ ပွဲ ကစားပြီးချိန်မှာ ၃ ဂိုး ရထားပြီး မန်စီးတီး ကတော့ ၅ ဂိုး ရထားကာ ဂိုးသွင်း အများဆုံး ကစားသမားတွေ အဖြစ် ရပ်တည်နေကြပါတယ်။ နောက်ပြီး ကွင်းလယ်ပိုင်း အဓိက အားပြိုင်မှုနဲ့ ဂွါဒီယိုလာ-အာတေးတား ဆရာတပည့် နှစ်ဦးရဲ့ နည်းစနစ်ပိုင်း အားပြိုင်မှုတွေကို မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ

ဒီပွဲကိုတော့ အာဆင်နယ် ဘက်က ဘန်ဝှိုက်၊ မာတင် အိုဒီဂတ်၊ ဘူကာယို ဆာကာ၊ ဂျေဇုစ်၊ ကိုင်ဟာဗက်ဇ် တို့ လွဲချော်ဖို့ ရှိနေပါတယ်။
မန်စီးတီး ဘက်မှာတော့ ဂျွန်စတုန်းစ်၊ ကိုဗာချစ်၊ အစ် နျူရီ၊ အိုမာ မာမွတ်ရှ်၊ ချာကီ တို့ လွဲချော်မှာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
အာဆင်နယ် – ရာယာ၊ တင်ဘာ၊ ဆလီဘာ၊ ဂါဘရီရယ်၊ ကာလာဖီအိုရီ၊ မာရင်နို၊ ဇူဘီမန်ဒီ၊ ရိုက်စ်၊ မာဒူခေး၊ ယိုကီးရက်စ်၊ မာတင်နယ်လီ
မန်ချက်စတာစီးတီး – ဒွန်နာရမ်းမား၊ ကူဆာနော့ဗ်၊ ဒီးရာ့စ်၊ ဂဗာဒီယိုလ်၊ အိုရွိုင်လီ၊ ရိုဒရီ၊ ဆေးလ်ဗား၊ ရိုင်ဒါစ်၊ ဖိုဒန်၊ ဟာလန်း၊ ဒိုကူ
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းရဲ့ နောက်ဆုံး တွေ့ဆုံမှု ၄၁ ကြိမ်မှာ အာဆင်နယ်က ၁၁ ကြိမ်နိုင်၊ မန်စီးတီးက ၂၁ ကြိမ် နိုင်ပြီး ၁၁ ကြိမ် သရေကျထားပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာတော့ အာဆင်နယ်က ၂ ကြိမ်နိုင်၊ ၂ ကြိမ် သရေကျကာ မန်စီးတီးက ၁ ကြိမ် အနိုင်ရထားပါတယ်။ အမ်းမရိတ်စ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ကြိမ် မှာတော့ မန်စီးတီးက ၃ ကြိမ်နိုင်ပြီး အာဆင်နယ်က ၂ ကြိမ် နိုင်ထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ အာဆင်နယ် နိုင်ရင် ၁.၉၀ ဆ၊ မန်ချက်စတာစီးတီး နိုင်ရင် ၃.၃၅ ဆ၊ သရေ ဆိုရင်တော့ ၃.၆၁ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ အာဆင်နယ်က သရေ တစ်ဝက်ရှုံး၊ သရေရှုံး၊ တစ်လုံး တစ်ဝက်စားကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကတော့ ၃ လုံးက စဖွင့်ပါတယ်။ နောက်ပိုင်း တွေ့ဆုံမှုတွေမှာ အာဆင်နယ်က မန်စီးတီးကို အရင်လို အသာမရတာမျိုးတွေ မရှိတော့တာ တွေ့ရပါတယ်။ မန်စီးတီး ကွင်းဆိုရင် အနိမ့်ဆုံး သရေကစားပြီး အမ်းမရိတ်စ်မှာ ဆိုရင်တော့ ဂိုးပြတ်ပါ အနိုင်ယူတတ်လာပါတယ်။ ဒီနှစ်လည်း မန်စီးတီးတို့ အမ်းမရိတ်စ်မှာ သေချာပေါက် ရုန်းကန်ရဖို့ ရှိပြီး ကျွန်တော် ကတော့ ခြေစွမ်း ပိုပြီး တည်ငြိမ်တဲ့ အာဆင်နယ် ကိုပဲ သဘောကျနေပါတယ်။ အာဆင်နယ် ကပ်နိုင်သွားမယ့် ပွဲပါ။
ခန့်မှန်းရလဒ်
အာဆင်နယ် ၂-၁ မန်ချက်စတာစီးတီး
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.