နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လီဝမ်ဒေါစကီးရဲ့ နေရာမှာ ဗလာဟိုဗစ်နဲ့ အစားထိုးချင်နေတဲ့ ဘာစီလိုနာ | လာလီဂါ

လာလီဂါ ထိပ်သီး ဘာစီလိုနာ ကတော့ လာမယ့်နွေရာသီ အဓိက တိုက်စစ်မှူးကြီး ရောဘတ် လီဝမ်ဒေါစကီးရဲ့ နေရာမှာ အစားထိုးဖို့ အတွက် ကစားသမားသစ် တစ်ဦး စတင် ရှာဖွေနေပြီလို့ သိရပါတယ်။ လက်ရှိမှာ ကတ်တာလန် ကလပ်က ဂျူဗင်တပ်စ်ရဲ့ ဆားဘီးယား တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်ကို အဓိက ပစ်မှတ် အဖြစ် သတ်မှတ်လိုက်ကြောင်း သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

လက်ရှိမှာ အသက် ၃၇ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ပိုလန် တိုက်စစ်မှူးကြီး ရောဘတ် လီဝမ်ဒေါစကီးဟာ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း နောက်ဆုံး နှစ်ထဲကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒီရာသီက လီဝမ်ဒေါစကီး အတွက် ဘာစီလိုနာမှာ နောက်ဆုံး ရာသီ ဖြစ်လာဖို့ များနေပါတယ်။ တစ်ဖက် မှာလည်း ဘာစီလိုနာက နူးကမ့်ပ်ကွင်းသစ်ကြီးကို ပြန်လည် ဖွင့်လှစ်ဖို့ ကြန့်ကြာနေမှုတွေ ရှိနေပါတယ်။ ဘာစီလိုနာက ဝင်ငွေ ရရှိမှု နည်းပါးနေပြီး တိုက်စစ်မှူးသစ် တစ်ဦး ခေါ်ယူဖို့ အတွက် ငွေကြေး မြောက်မြားစွာ သုံးစွဲနိုင်ခြင်း မရှိကြောင်း သိရပါတယ်။ ဒါကြောင့် လစ်ဗာပူးလ်က လာမယ့် နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် ဗလာဟိုဗစ်ကို အလိုရှိလာတာ ဖြစ်ကြောင်း သတင်းတွေက ဖော်ပြလျက် ရှိပါတယ်။

ဗလာဟိုဗစ် ကတော့ လာမယ့် နွေရာသီမှာ အသက် ၂၆ နှစ် ပြည့်မှာ ဖြစ်ပြီး ဂျူဗင်တပ်စ်နဲ့လည်း စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်တာကြောင့် အသင်းတိုင်းရဲ့ မျက်စိကျစရာ ဖြစ်နေပါတယ်။ ဆားဘီးယား တိုက်စစ်မှူးက ဒီရာသီ အစမှာ ခြေစွမ်းပြနေပြီး ၄ ပွဲ ကစားရာမှာ ၄ ဂိုး သွင်းကာ ၁ ဂိုး ဖန်တီးပေးထားပါတယ်။ 

ဒါပေမယ့်လည်း ဗလာဟိုဗစ်ဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေမှာ ကတည်းက ပရီးမီးယားလိဂ်ကို ဦးစားပေး ပြောင်းရွှေ့ချင်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ဗလာဟိုဗစ်ဟာ တစ်နှစ် လုပ်ခလစာ ယူရို ၁၀ သန်း အထိ လိုချင်နေပြီး ဒီအခြေအနေတွေဟာ ဘာစီလိုနာ အတွက် အခက်အခဲတွေ ဖြစ်လာဖို့ ရှိနေပါတယ်။ အီတလီက လာတဲ့ သတင်းတွေ အရ ဗလာဟိုဗစ်ကို လာလီဂါ ထိပ်သီး ဘာစီလိုနာ အပြင် မန်ချက်စတာယူနိုက်တက်နဲ့ အက်တလက်တီကိုမက်ဒရစ် ကလည်း စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။ 

အီတလီက လာတဲ့ သတင်းတွေ အရ ဗလာဟိုဗစ်ကို လာလီဂါ ထိပ်သီး ဘာစီလိုနာ အပြင် မန်ချက်စတာယူနိုက်တက်နဲ့ အက်တလက်တီကိုမက်ဒရစ် ကလည်း စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။
လာမယ့် နွေရာသီမှာ ဂျူဗင်တပ်စ် ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရမယ့် ဗလာဟိုဗစ်

မန်ချက်စတာယူနိုက်တက် ကတော့ နွေရာသီ အပြောင်းအရွှေ့မှာ ဘင်ဂျာမင် ဆက်စ်ကိုကို ပြောင်းရွှေ့ကြေး အမြောက်အမြား သုံးစွဲပြီး ခေါ်ယူထားတာကြောင့် နောက်ထပ် တိုက်စစ်မှူးသစ် တစ်ဦး ခေါ်ယူဖို့ ကတော့ ဖြစ်နိုင်ခြေ နည်းလွန်းနေပါတယ်။ အက်တလက်တီကိုမက်ဒရစ် ကတော့ လက်ရှိ သူတို့ရဲ့ နံပါတ် ၉ တိုက်စစ်မှူး အလက်ဇန္တား ဆောလော့သ်ရဲ့ ခြေစွမ်းကို သဘောမကျတဲ့ အပြင် ဟူလီယန် အဲလ်ဗာရက်ဇ်နဲ့ တွဲဖက် ကစားဖို့ တိုက်စစ်မှူးသစ် တစ်ဦး ရှာဖွေနေခဲ့တာပါ။ ဗလာဟိုဗစ်ကို ခေါ်ယူဖို့ အတွက် လက်ရှိမှာ လာလီဂါ ထိပ်သီး ကလပ် နှစ်သင်းက ဖြစ်နိုင်ခြေ အများဆုံး ဆိုပေမယ့် နှစ်သင်းစလုံးက လစာငွေပေးချေနိုင်မှု အပိုင်းမှာတော့ အခက်အခဲတွေ ရှိနေပါတယ်။

တစ်ဖက် မှာလည်း ဘာစီလိုနာနဲ့ အနာဂတ် မသေချာတော့တဲ့ ရောဘတ် လီဝမ်ဒေါစကီးကို ဆော်ဒီပရိုလိဂ် ကလပ်တွေက စိတ်ဝင်စားနေဆဲ ဖြစ်ပါတယ်။ လီဝမ်ဒေါစကီး အနေနဲ့ ကစားသမား ဘဝမှာ အောင်မြင်မှု များစွာ ရရှိထားပြီး ဖြစ်သလို လက်ရှိ သူ့ရဲ့ အသက်အရွယ်အရလည်း နေဝင်ချိန်ကို ရောက်ရှိနေပြီ ဖြစ်တာကြောင့် ဝင်ငွေ ကြမ်းမယ့် ဆော်ဒီပရိုလိဂ်ကို ရွေးချယ်သွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်