နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဒမ်ဘီလီကို ဘယ်လွန်ဒေါဆု ရရှိစေချင်တဲ့ ကီလီယန် အမ်ဘာပေး | လာလီဂါ

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ တိုက်စစ်မှူး ကီလီယန် အမ်ဘာပေး ကတော့ ဒီနှစ် အတွက် ဘဘ်လွန်ဒေါဆုကို ပြင်သစ် အသင်းဖော် အူစမန်နီ ဒမ်ဘီလီ ရရှိစေလိုကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ ဒါ့အပြင် အမ်ဘာပေးက သူ့ အနေနဲ့ ဘယ်လွန်ဒေါ ဆုပေးပွဲကို တက်ရောက်မှာ မဟုတ်ပဲ ရုပ်သံ ကနေသာ ကြည့်ရှု အားပေးမှာ ဖြစ်ပြီး အတည်ပြုပြောကြားခဲ့ပါတယ်။

၂၀၂၅ ခုနှစ် အတွက် ဘယ်လွန်ဒေါ ဆုပေးပွဲ အခမ်းအနားကို လာမယ့် တနင်္လာနေ့၊ ပြင်သစ် နိုင်ငံ၊ ပါရီမြိုမှာ ကျင်းပ ပြုလုပ်မှာ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ် ကတော့ တက်ရောက်မှာ မဟုတ်ဘဲ သပိတ်မှောက်သွားမှာ ဖြစ်ကြောင်း ပြီးခဲ့တဲ့ ရက်သတ္တပတ်ကတည်းက သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။ လက်ရှိမှာတော့ အမ်ဘာပေးက ဒီသတင်း မှန်ကန်ကြောင်း အတည်ပြုလိုက်တာလည်း ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ မာဆေးလ်တို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်အပြီးမှာ ဘယ်လွန်ဒေါဆု ဆုပေးပွဲနဲ့ ပတ်သက်ပြီး CBS Sports က အမ်ဘာပေးကို မေးမြန်းခဲ့ရာ မှာတော့ “အဲဒီဆုကို ရဖို့က အောင်ပွဲတွေ ရရှိထားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ ကလပ် ဆုဖလားတွေ ရရှိအောင် ကျွန်တော် ကူညီရမှာပါ။ အဲဒီလို ရရှိခဲ့ရင်တော့ ကျွန်တော်တို့ မြင်တွေ့ရမှာပါ။ ဒီနှစ် ဒမ်ဘီလီ ရရှိခဲ့ရင်တော့ ကျွန်တော် ပျော်ရွှင်ရပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ သူက ကျွန်တော့် သူငယ်ချင်း ဖြစ်သလို သူ့ကို အစကတည်းက အားပေးလာတာကြောင့်ပါ။ ကျွန်တော် အဲဒီ ဆုပေးပွဲကို ရုပ်သံ ကနေပဲ ကြည့်ရှုသွားမှာ ဖြစ်ပြီး သူ ရရှိဖို့ မျှော်လင့်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ဒါကြောင့် လာလီဂါ ထိပ်သီး တို့က ဆုပေးပွဲကို တက်ရောက်ခြင်း မပြုဖို ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
ဘယ်လွန်ဒေါဆုပေးပွဲကို သပိတ်မှောက်ထားတဲ့ ရီးရဲလ်မက်ဒရစ်

ပြီးခဲ့တဲ့နှစ် ဘယ်လွန်ဒေါ ဆုပေးပွဲ မကျင်းပခင် မှာတော့ ရီးရဲလ်မက်ဒရစ် တောင်ပံ ကစားသမား ဗင်နီးစီးယပ်စ် ဂျူနီယာက ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု သေချာပေါက် ရရှိလိမ့်မယ့်လို သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပွဲကျင်းပချိန်မှာတော့ အားလုံး မမျှော်လင့်ထားတဲ့  အခြေအနေ တစ်ခု ဖြစ်ပေါ်ခဲ့ပြီး မန်စီးတီးရဲ့ စပိန် ကွင်းလယ်လူ ရိုဒရီဟာ ဘယ်လွန်ဒေါဆုကို ရရှိသွားခဲ့ပါတယ်။ ပွဲမစတင်ခင် နာရီပိုင်း အလို ကတည်းက ရိုဒရီ ဆုရမယ်လို့ သတင်းတွေ ထွက်ခဲ့တာ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်က လေယာဉ်ခရီးစဉ်ကို ချက်ချင်း ဖျက်သိမ်းကာဆုပေးပွဲကို မတက်ရောက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ 

သတင်း တချို့ မှာတော့ ပြင်သစ် ဘောလုံးအဖွဲ့ချုပ်ဟာ ရီးရဲလ်မက်ဒရစ် ဆက်ဆံရေး ပြန်လည် တည်ဆောက်ဖို့ ကြိုးပမ်းတဲ့ အနေနဲ့ မက်ဒရစ်မြို့ဆီ ကိုယ်စားလှယ် တစ်ဦး စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။ FFF ဟာ ဘယ်လွန်ဒေါဆုပေးပွဲ မကျင်းပမီ လာလီဂါ ထိပ်သီး တို့နဲ့ “နားလည်မှု” ရှိလာစေဖို့ ကြိုးစားခဲ့တာ ဖြစ်ပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။

၂၀၂၅ ခုနှစ် ဘယ်လွန်ဒေါဆု အတွက် ဆန်ခါတင် ကစားသမား စာရင်းမှာ အမ်ဘာပေးနဲ့ အတူ ဗင်နီးစီးယပ်စ် ဂျူနီယာနဲ့ ဂျူ့ဒ် ဘယ်လင်ဂမ်တို ပါဝင်နေခဲ့ပေမယ့် ဆုရရှိဖို့တော့ အလားအလာ မရှိပါဘူး။ ဒါ့အပြင် ရီးရဲလ်က ပြီးခဲ့တဲ့ ရာသီက ဖလား လက်မဲ့ ဖြစ်ခဲ့တာကြောင့် ဘယ်လွန်ဒေါ ဆုပေးပွဲမှာ ဘယ်ဆုမှ မရရှိနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါကြောင့် လာလီဂါ ထိပ်သီး တို့က ဆုပေးပွဲကို တက်ရောက်ခြင်း မပြုဖို ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်