ပရီးမီးယားလိဂ် ကလပ် ဝက်စ်ဟမ်း ကတော့ ဒီရာသီမှာ ရလဒ်တွေ တောက်လျောက် ဆိုးရွားနေပြီးတော့ နည်းပြ ဖြစ်သူ ဂရေဟမ် ပေါ်တာကို ရာထူး ကနေ ထုတ်ပယ်ဖွယ် ရှိနေပြီလည်း ဖြစ်ပါတယ်။ ဒီအချိန်မှာ ဝက်စ်ဟမ်း နည်းပြဟောင်း တစ်ဦး ဖြစ်တဲ့ ဆလေဗန် ဘီလစ် ကတော့ ဂရေဟမ် ပေါ်တာရဲ့ နေရာမှာ အစားထိုး ခန့်အပ်ခံရဖို့ ရေပန်းအစားဆုံး ဖြစ်လာခဲ့ပါတယ်။
ဝက်စ်ဟမ်းဟာ အင်္ဂလန် လူမျိုး နည်းပြ ဂရေဟမ် ပေါ်တာကို ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကမှ ၂ နှစ်ခွဲ စာချုပ်နဲ့ ခန့်အပ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ စွမ်းဆောင်ရည်က အသင်းကို တိုးတက်လာစေခြင်း မရှိတာကြောင့် အသင်း တာဝန်ရှိသူတွေက သဘောမကျ ဖြစ်နေပြီး ရာထူး ကနေ ထုတ်ပယ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ဂရေဟမ် ပေါ်တာရဲ့ ဝက်စ်ဟမ်းဟာ ပရီးမီးယားလိဂ် ရာသီအစ ၄ ပွဲမှာ ၃ ပွဲ ရှုံးနိမ့်ခဲ့ပြီး တန်းဆင်းဇုန်ထဲ ရောက်ရှိနေပါတယ်။
ဒါ့အပြင် ဟမ်းမားတွေ အနေနဲ့ ရာသီအစ ပြိုင်ပွဲစုံ ၅ ပွဲမှာ ချဲလ်ဆီးနဲ့ စပါးကို ရှုံးနိမ့်ခဲ့တာက လက်ခံလို့ရပေမယ့် တန်းတက် ဆန်းဒါးလန်း၊ ဝုဗ် (ခရာဘောင်ဖလား) တို့ကို ရှုံးခဲ့တာကြောင့် အသင်း တာဝန်ရှိသူတွေက တော်တော်လေး စိတ်ပျက်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဝက်စ်ဟမ်းက ဂရေဟမ် ပေါ်တာ လက်ထက် ၂၄ ပွဲ အထိ ကစားပြီးချိန်မှာ ၆ ပွဲနိုင်၊ ၅ ပွဲသရေ၊ ၁၄ ပွဲ ရှုံးရလဒ်ကို ပိုင်ဆိုင်ထားကာ တော်တော်လေး အခြေအနေ ဆိုးရွားနေတာ ဖြစ်ပါတယ်။ ဂရေဟမ် ပေါ်တာက ဘရိုက်တန်မှာ သူ့ရဲ့ နည်းပြ ဘဝ အတောက်ပဆုံး အချိန်တွေကို ပိုင်ဆိုင်ခဲ့ရပေမယ့် လန်ဒန် ကလပ်တွေနဲ့ ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်း မှာတော့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။

ဗြိတိန်မီဒီယာ တချို့ ကတော့ ဂရေဟမ် ပေါ်တာ အနေနဲ့ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်းမှာ အနိုင် မရရင် ရာထူးက ထုတ်ပယ်ခံရတော့မယ်လို့ ထင်ကြေး ပေးနေကြပါတယ်။ တစ်ဖက်မှာလည်း ဝက်စ်ဟမ်းက ပေါ်တာ နေရာမှာ အစားထိုးဖို့ နည်းပြသစ် ရှာဖွေနေရာပြီး ကစားသမားဟောင်းလည်း ဖြစ်သလို နည်းပြဟောင်းလည်း ဖြစ်ခဲ့တဲ့ ခရိုအေးရှား နည်းပြဟောင်း ဘီလစ်က ရေပန်းအစားဆုံး ဖြစ်နေကြောင်း သိရပါတယ်။
အသက် ၅၇ နှစ် အရွယ် ခရိုအေးရှား လူမျိုး နည်းပြက လိုကိုမိုးတစ်ဗ်၊ ဘက်ဆစ်တပ်စ်၊ ဝက်စ်ဟမ်း၊ အဲလ်အစ်တီဟတ်၊ ဝက်စ်ဘရွန်း၊ ဘေဂျင်း ဂိုအန်၊ ဝက်ဖို့ဒ်နဲ့ အဲလ် ဖေတာ့ရ် တို့ကို ကိုင်တွယ်ခဲ့ဖူးသူ ဖြစ်ပါတယ်။ သူဟာ ခရိုးအေးရှား လက်ရွေးစင် အသင်းမှာ စတင် နာမည်ကြီးခဲ့ပြီးတော့ လိဂ်ပေါင်းစုံ ကလပ်ပေါင်းစုံမှာ အတွေ့အကြုံများစွာ ရခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နည်းပြ ဘဝမှာ အောင်မြင်မှု မရရှိဖူးပဲ အသင်းငယ်၊ အသင်းလတ်တွေကို အဓိက ကိုင်တွယ်ခဲ့တဲ့ နည်းပြလို့လည်း ပြောလို့ ရပါတယ်။
ဘီလစ်ဟာ ဝက်စ်ဟမ်း ကတော့ ၂၀၁၅ ကနေ ၂၀၁၇ ခုနှစ် အထိ နှစ်ရာသီကြာ ကိုင်တွယ်ခဲ့ပေမယ့် နိုင်ပွဲ ရာခိုင်နှုန်း ကတော့ ၃၉ ရာခိုင်နှုန်းသာ ရရှိခဲ့ပါတယ်။ ဒါကြောင့် လန်ဒန် ကလပ် အနေနဲ့ သူတို့ရဲ့ နည်းပြဟောင်းကို ပြန်လည် ခန့်အပ်ဖို့ စဉ်းစားနေတာက မှန်ကန်နိုင်ပါ့မလား ဆိုတာ စဉ်းစားစရာပဲ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.