နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဂျော်ရွှာ ကင်းက ‘ထိပ်တန်း အရည်အသွေး’ ရှိသူ ဖြစ်ကြောင်း ကာကွယ် ပြောဆိုပေးခဲ့တဲ့ မာကို ဆေးလ်ဗား | ပရီးမီးယားလိဂ်

ဒီကနေ့ မနက်အစောပိုင်းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ ရဲ့ နောက်ကျပွဲစဉ် မှာတော့ ဖူလ်ဟမ်က ဘရန့်ဖို့ဒ်ကို ခရေဗင်ကော့တေ့ဂျ်မှာ ၃-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဖူလ်ဟမ်က အစောပိုင်းမှာ ပြိုင်ဘက်ရဲ့ ဦးဆောင်ခြင်းကို ခံခဲ့ရပေမယ့် ချေပဂိုးနဲ့ အနိုင်ဂိုးတွေ လိုက်သွင်းနိုင်ခဲ့ပြီး ထိုက်တန်တဲ့ နိုင်ပွဲ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ မာကို ဆေးလ်ဗားရဲ့ အသင်းက မူနစ်ဇ်၊ ကင်းန်၊ အီဝိုဘီ၊ လူကစ်၊ အန်ဒါဆန်၊ ဘက်ဆေး တို့နဲ့ လူစုံခဲ့ပြီး ဘရန့်ဖို့ဒ် ကလည်း အတောင့်တင်းဆုံး လူစာရင်းနဲ့ ပြန်လည် ရင်ဆိုင်သွားခဲ့ပါတယ်။ ဖူလ်ဟမ်က ပွဲစကတည်းက ပြိုင်ဘက်ကို လွှမ်းမိုး ကစားနိုင်ခဲ့ပေမယ့် ဦးဆောင်ဂိုး ရရှိခဲ့တာ ကတော့ ဘရန့်ဖို့ဒ် ဖြစ်ပါတယ်။ ဒမ်းစ်ဂတ်ရဲ့ ဦးဆောင်ဂိုးကို ခွင့်ပြုပေးလိုက်ရချိန်မှာတော့ ဖူလ်ဟမ်က တောက်လျောက် တိုက်စစ်မြှင့်ခဲ့ပြီး ၃၈ မိနစ်မှာ အီဝိုဘီက ချေပဂိုး၊ မိနစ် ၄၀ မှာ ဝီလ်ဆင်က ဦးဆောင်ဂိုးတွေ ရယူပေးနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ဖူလ်ဟမ်က အနိုင်ရလဒ်ကို ထိန်းကစားဖို့ ကြိုးစားခဲ့တာကြောင့် ပွဲက စိတ်ဝင်စားစရာ မကောင်းတော့ပဲ အိမ်ရှင်တို့ ဂိုး ၁ ဂိုး ထပ်ရခဲ့ပြီး ၃-၁ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။ ပွဲအပြီးမှာတော့ နည်းပြ မာကို ဆေးလ်ဗားက ဘရန့်ဖို့ဒ်ရဲ့ ဦးဆောင်ဂိုး အတွက် အဓိက အမှားလုပ်မိခဲ့တဲ့ အသက် ၁၈ နှစ် အရွယ် ကွင်းလယ် တိုက်စစ် ကစားသမားလေးကို ကာကွယ် ပြောဆိုသွားခဲ့ပြီး ‘ထိပ်တန်း အရည်အသွေး’ ရှိသူလို့လည်း ချီးကျူးသွားခဲ့ပါတယ်။

ဘရန့်ဖို့ဒ်က ပရီးမီးယားလိဂ် ပွဲစဉ် ၅ အပြီးမှာ နိုင်ပွဲ ၁ ပွဲသာ ရထားပြီး သရေ ၁ ပွဲ၊ ရှုံးပွဲ ၃ ပွဲအထိ ရှိထားခဲ့ပါပြီ။
နည်းပြသစ် လက်ထက်မှာ ရလဒ်တွေ ဆိုးရွားနေတဲ့ ဘရန့်ဖို့ဒ်

မာကို ဆေးလ်ဗားက “ကစားသမားတွေက ဂျော့ရှ်ကို ချက်ချင်း ထောက်ခံခဲ့တဲ့ ပုံစံကို ကျွန်တော် သဘောကျပါတယ်။ ဒါက သူ့အတွက် ခက်ခဲတဲ့ အခိုက်အတန့်ပါပဲ။ သူ့ဆီက တုံ့ပြန်မှုက ထိပ်တန်းပါပဲ။ သူဟာ သူ့အပေါ် ကျွန်တော်တို့ ယုံကြည်မှု ရှိတယ် ဆိုတာကို သိတယ်။ သူက အရမ်း ကြိုးစားတယ်။ သူက ထိပ်တန်း ပါရမီရှင် တစ်ယောက်ပါ။ သူ့ရဲ့ ရင့်ကျက်မှု ကိုလည်း သဘောကျတယ်။ သူက အရမ်းနှိမ့်ချပြီး မှန်ကန်တဲ့ စိတ်ထား ရှိသူ ဖြစ်ပါတယ်။ အမှား အပေါ် တုံ့ပြန်မှုက အရမ်းပဲ ကောင်းပါတယ်။ ကျွန်တော် တို့က သူတို့ အတွက် ပြဿနာတွေ အများကြီး ဖန်တီးပေးမိခဲ့တယ်။” လို့ ဆိုပါတယ်။

ဆက်လက်ပြီး “နှစ်ပွဲ ဆက်တိုက် အနိုင်ရတာက ကျွန်တော်တို့ အတွက် အရမ်းပဲ ကောင်းပါတယ်၊ နိုင်ပွဲ ရဖို့ အရမ်း ခက်ခဲပါတယ်။ ခံစားချက်‌ ကတော့ ထိပ်တန်းပါပဲ။ ထိုက်တန်ပါတယ်။ အဲဒါက အဓိကပါပဲ။ ကျွန်တော်တို့ဟာ ပထမ မိနစ် ကနေ နောက်ဆုံး မိနစ် အထိ အကောင်းဆုံး အသင်း ဖြစ်ခဲ့ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က လိဒ်စ်ကို အနိုင်ရထားတဲ့ ဖူလ်ဟမ်က နှစ်ပွဲဆက် အနိုင်ရရှိခဲ့ခြင်းနဲ့ အတူ ရမှတ် ၇ မှတ်နဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၇ နေရာကို ရောက်ရှိလာခဲ့ပါတယ်။ ရှုံးနိမ့်ခဲ့တဲ့ ဘရန့်ဖို့ဒ် ကတော့ ရမှတ် ၄ မှတ်နဲ့ အတူ တန်းဆင်းဇုန်ရဲ့ အထက်နားကို ရောက်ရှိသွားခဲ့ပါတယ်။ ဘရန့်ဖို့ဒ်က ပရီးမီးယားလိဂ် ပွဲစဉ် ၅ အပြီးမှာ နိုင်ပွဲ ၁ ပွဲသာ ရထားပြီး သရေ ၁ ပွဲ၊ ရှုံးပွဲ ၃ ပွဲအထိ ရှိထားခဲ့ပါပြီ။ နောက်ဆုံး ၄ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေတာကြောင့် နည်းပြ ဖြစ်သူ ကိတ်သ် အန်ဒရူးစ် အနေနဲ့လည်း ထိုင်ခုံလှုပ်လာခဲ့ပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်