နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘေယန်မြူးနစ် အတွက် ပွဲ ၁၀၀ ကျော် ကစားပြီးချိန်မှာ ဟက်ထရစ် ၁၀ ကြိမ် ရခဲ့တဲ့ ဟယ်ရီကိန်း | ဘွန်ဒက်စ်လီဂါ

ဘေယန်မြူးနစ် ကတော့ မနေ့ညက ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ်မှာ ဟယ်ရီကိန်းရဲ့ ဟက်ထရစ် အပါအဝင် ၁-၄ ရလဒ်နဲ့ ဟော့ဖန်ဟိမ်းကို အနိုင်ရသွားခဲ့ပါတယ်။ ဘေယန်မြူးနစ်ဟာ ပထမပိုင်းကို ကိန်းရဲ့ သွင်းဂိုး တစ်ဂိုးထဲနဲ့သာ ဦးဆောင်ထားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်း မှာတော့ စွမ်းဆောင်ရည်ကောင်းတွေနဲ့ အတူ ၃ ဂိုး ထပ်သွင်းပြီး ၁-၄ ရလဒ်နဲ့ အဝေးကွင်း နိုင်ပွဲ ရရှိခဲ့တာ ဖြစ်ပါတယ်။

ဟယ်ရီကိန်း ကတော့ ဒီနှစ် ဘွန်ဒက်စ်လီဂါမှာ ပွဲစဉ် ၄ အပြီး ဟက်ထရစ် ၂ ကြိမ် ရရှိခဲ့ပြီလည်း ဖြစ်ပါတယ်။ ကိန်း အနေနဲ့ ဒီရာသီ အတွက် ပထမဦးဆုံး ဟက်ထရစ် ကို လိုက်ပ်ဇစ်နဲ့ ပွဲမှာ ရရှိခဲ့တာ ဖြစ်ပြီးတော့ ပြိုင်ပွဲစုံ ၁၂ ပွဲ ကစားပြီးချိန်မှာ သွင်းဂိုး ၁၄ ဂိုး၊ ဖန်တီးမှု ၄ ကြိမ်နဲ့ အသက်အရွယ်နဲ့ မလိုက်အောင် ခြေစွမ်းကောင်းတွေ ပြသနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကိန်းဟာ ဘေယန်မြူးနစ် အတွက် ပွဲပေါင်း ၁၀၃ ပွဲ ကစားပြီးချိန်မှာ ဟက်ထရစ် ၁၀ ကြိမ် အထိ ရရှိထားကာ သွင်းဂိုး အနေနဲ့ ကတော့ စုစုပေါင်း ၉၆ ဂိုး အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ ကိန်းက ဒီနေ့ပွဲမှာ သူတို့ အသင်းက ပထမပိုင်းမှာ နှေးကွေးခဲ့ပေမယ့် ပွဲအပြီးမှာ ဘေယန်မြူးနစ်ရဲ့ တိုးတက်မှု အတွက် ကျေနပ်မိကြောင်း အခုလိုပဲ ပြောကြားခဲ့ပါတယ်။ ကိန်းက “ဒါဟာ ကျွန်တော်တို့ အတွက် ကောင်းမွန်တဲ့ ပွဲတစ်ပွဲပါ။ ပထမပိုင်းက ခက်ခဲတယ်၊ နည်းနည်းတော့ ပင်ပန်းနေပုံ ရတယ်။ ဒါပေမယ့် ပထမပိုင်း မပြီးခင်မှာပဲ ကျွန်တော်တို့ ဦးဆောင်ဂိုး ရခဲ့ပါတယ်။ ဒါက အရေးကြီးတဲ့ ဂိုးပါ။”

ဟယ်ရီကိန်း ကတော့ ဒီနှစ် ဘွန်ဒက်စ်လီဂါမှာ ပွဲစဉ် ၄ အပြီး ဟက်ထရစ် ၂ ကြိမ် ရရှိခဲ့ပြီလည်း ဖြစ်ပါတယ်။
ဒီရာသီမှာ ၄ ပွဲ ကစားပြီး ဟက်ထရစ် ၂ ကြိမ် ရထားတဲ့ ဟယ်ရီကိန်း

“ပွဲတိုင်းကို ပြီးပြည့်စုံအောင် မကစားနိုင်ပါဘူး၊ တချို့အချိန်တွေမှာ လစ်ဟာမှုတွေ ရှိတတ်ပြီး ပြိုင်ဘက် ကလည်း အခွင့်အရေး ရသွားတတ်ပါတယ်။ ဒါကို ကျွန်တော်တို့ ကောင်းကောင်း ကာကွယ်နိုင်ရပါမယ်။ ဒုတိယပိုင်း မှာတော့ ကျွန်တော် တို့ရဲ့ ပုံစံကို ပြန်ရခဲ့တယ်။ ကျွန်တော် တို့ရဲ့ ဘောလုံးနဲ့ အတူ ရွေ့လျားပုံ၊ ဘောလုံးမပါပဲ ဘယ်လို ဖိအားပေးရမလဲ။ ပြီးတော့ ကျွန်တော်တို့ တိုက်စစ်မြှင့်ခဲ့ချိန်က သူတို့ အတွက် ခက်ခဲစေခဲ့ပါတယ်။” လို့ ကိန်းက ပြောကြားသွားခဲ့ပါတယ်။

အဲဒီနောက် လိဂ် ၄ ပွဲ ကစားပြီးချိန်မှာ ဟက်ထရစ် နှစ်ကြိမ် ရရှိထားခဲ့တဲ့ အပေါ် မှာလည်း ကိန်းက “သွင်းဂိုးတွေက နောက်ထပ် တစ်ကြိမ် အချိန်ကိုက် ရရှိခဲ့ပါတယ်။ နောက်ဆုံးမှာ ကျွန်တော်တို့ အနိုင်ရခဲ့တယ်။ အသင်း အတွက် ဂိုးတွေ သွင်းပြီး ကူညီပေးရတာ ဝမ်းသာပါတယ်။ ‘ဟက်ထရစ် ဟယ်ရီ’ ဆိုတာ ကျောင်းတုန်းက သူတို့ ခေါ်တဲ့ နာမည်ပါ။ ငယ်ငယ်တုန်း ကတည်း စွဲမြဲနေတဲ့ ပုံစံမျိုးပါပဲ။ ပင်နယ်တီပဲ ဖြစ်ဖြစ် ဧရိယာထဲမှာပဲ ဖြစ်ဖြစ် ဂိုးပေါက်ဆီ ကန်သွင်းလိုက်တာပါပဲ။” လို့ ပြောပါတယ်။

ဟယ်ရီကိန်းဟာ ဒီပွဲမှာ ပင်နယ်တီ ကနေ သွင်းဂိုး ၂ ဂိုး ရခဲ့တာ ဖြစ်ပြီး ဘွန်ဒက်စ်လီဂါ သမိုင်းမှာ ရရှိတဲ့ ပင်နယ်တီ ၁၇ ကြိမ်ကို သွင်းဂိုး အဖြစ် ပြောင်းလဲနိုင်ခဲ့တဲ့ ပထမဦးဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။ လက်ရှိမှာ ဘေယန်မြူးနစ်က သူတို့ရဲ့ အဖွင့် ၄ ပွဲမှာ သွင်းဂိုး ၁၈ ဂိုး ရရှိထားပြီး ပေးဂိုး ကတော့ ၃ ဂိုးသာ ရှိထားပါတယ်။ ဒါကြောင့် ဘေယန်က ဘွန်ဒက်စ်လီဂါ ရာသီအစ ၄ ပွဲမှာ ဂိုးအများဆုံး သွင်းနိုင်တဲ့ အသင်း အဖြစ် စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။ဘေယန်မြူးနစ် နည်းပြ ဗင်းန်ဆင့် ကွန်ပနီ ကလည်း ပွဲအပြီးမှာ “ဟော့ဖန်ဟိမ်းက ပထမပိုင်းမှာ ပိုကောင်းခဲ့ပါတယ်။ သူတို့ ဖြတ်ထုတ်မှုတွေ ကောင်းခဲ့ပြီး မှန်ကန်တဲ့ အရာအားလုံးနီးပါး လုပ်ခဲ့ပါတယ်။ ပထမပိုင်းမှာ မပြည့်စုံတဲ့အခါ၊ တုံ့ပြန်နိုင်ဖို့ အရေးကြီးပါတယ်။ ဒီနေ့ ကျွန်တော်တို့ အဲဒါကို လုပ်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း မှာတော့ ကျွန်တော်တို့ ချက်ချင်း ပိုကောင်းလာပြီး ပထမပိုင်း မှာတော့ အဆင်မပြေဘူး ဆိုတာ လက်ခံရပါမယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်