နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ ချဲလ်ဆီး နည်းပြ မာရက်စ်ကာ ဘာတွေ ပြောခဲ့သလဲ | ပရီးမီးယားလိဂ်

မနေ့က ကစားသွားတဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီး တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကတော့ အကြိတ်အနယ် ရှိခဲ့ပြီး အိမ်ရှင် ယူနိုက်တက်က ၂-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ပွဲချိန်အစပိုင်းမှာတင် အလှည့်အပြောင်းတွေ ဖြစ်ခဲ့ပြီးနောက် မိုးထဲရေထဲမှာ နှစ်သင်းစလုံး ရုန်းကန်သွားကြရင်း အမော်ရင်ရဲ့ အသင်းက အဖိုးတန် ၃ မှတ် ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပွဲချိန် ၅ မိနစ်မှာတင် ချဲလ်ဆီး ဂိုးသမား ရောဘတ် ဆန်းချက်ဇ် အနေနဲ့ ဧရိယာထိပ်ကို ထွက်ကာရာမှာ ဘရိုင်ယန် အမ်ဘူမိုကို အသားလွတ် ကန်မိခဲ့တဲ့ အတွက် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။ အဲဒီနောက် နည်းပြ အန်ဇို မာရက်စ်ကာက အက်စတီဗာအိုကို ထုတ်ပြီး ဂိုးသမား ဂျော်ဂျင်ဆန်ကို ထည့်ခဲ့သလို တခြားသော တိုက်စစ် ကစားသမား တစ်ဦး ဖြစ်တဲ့ နီတို ကိုလည်း ခံစစ် ကစားသမား တိုဆင်နဲ့ လူစားလဲခဲ့ပါတယ်။ ပွဲချိန် ၁၄ မိနစ် မှာတော့ ယူနိုက်တက်တို့ ဦးဆောင်ဂိုး ရခဲ့ပြီး ဒေါ်ဂူရဲ့ ဖန်တီးပေးမှု ကနေ ဘရူနို ဖာနန်ဒက်စ်က သွင်းယူပေးခဲ့တာပါတယ်။ အဲဒီနောက် မာရက်စ်ကာက ကိုးလ် ပါးလ်မားကို ထပ်မံ လူစားလဲခဲ့ပြီး ကွင်းလယ် ခံစစ်ပိုင်းကို အန်ဒရီ ဆန်းတို့စ်နဲ့ အားဖြည့်ခဲ့ပါတယ်။ ၃၇ မိနစ် မှာတော့ ယူနိုက်တက် ဘက်က ကက်စ်မဲရိုး နှစ်ဝါ တစ်နီနဲ့ ထုတ်ပယ်ခံလိုက်ရချိန်မှာတော့ ပွဲရဲ့ ချိန်ခွင်လျှာက ပြန်ညီသွားခဲ့ပါတယ်။

ဒါပေမယ့်လည်း အန်ဇို မာရက်စ်ကာရဲ့ အလောတကြီး အပြောင်းအလဲ ပြုလုပ်မှုတွေက ချဲလ်ဆီးကို လက်ကျန် မိနစ်တွေမှာ လိုအပ်နေတဲ့ ဂိုးတွေ ပြန်လည် ရယူဖို့ မလုံလောက်စေခဲ့ပါဘူး။ တချို့ကလည်း တိုက်စစ် ကစားသမား အများစုကို လူစားလဲခဲ့တဲ့ မာရက်စ်ကာရဲ့ နည်းစနစ်ပိုင်းကို ဝေဖန်မှုတွေ ရှိနေပါတယ်။ ဒါပေမယ့်လည်း ပွဲအပြီးမှာတော့ အန်ဇို မာရက်စ်ကာက သူ ဘာကြောင့် အခုလို လူစားလဲခဲ့ရသလဲ ဆိုတာကို ရှင်းပြသွားခဲ့ပါတယ်။

ယူနိုက်တက် ကတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဒုတိယမြောက် နိုင်ပွဲနဲ့ အတူ ရမှတ် ၇ မှတ်နဲ့ အဆင့် ၁၀ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၀ နေရာကို တက်လှမ်းလာခဲ့တဲ့ ယူနိုက်တက်

အန်ဇိုက “၃ မိနစ်မှာ ပြခံခဲ့ရတဲ့ အနီကတ်ဟာ ပွဲရဲ့ အနေအထားကို ပြောင်းလဲစေခဲ့ပါတယ်။ သူတို့ဘက်က အနီကတ် ပြန်ပြခံရပြီး ၁၀ ယောက်ချင်း ညီသွားချိန်မှာ ကျွန်တော်တို့ ဘက်က အခွင့်အရေး ပြန်ပြီး ရခဲ့ပါတယ်။ အခုထက်ပိုပြီး ပွဲအစမှာ ကောင်းမွန်ဖို့ လိုအပ်ပါတယ်။ နောက်ပြီး ယာအို ပက်ဒရိုကို ဖျက်ထုတ်မှုဟာ ပင်နယ်တီ ရသင့်ပါတယ်။”

“သူတို့ အသင်းဟာ တိုက်စစ်မှာ ၅ ယောက်နဲ့ ထိုးဖောက်နေတာဖြစ်တာကြောင့် ၅ ယောက်နဲ့ ခံစစ် တည်ဆောက်ဖို့ တောင်ပံ ကစားသမား နှစ်ယောက်စလုံးကို လူစားလဲခဲ့တာ ဖြစ်ပါတယ်။ တကယ်လို့ ၁၁ ယောက်ချင်း ဆိုရင် ၄ ယောက်တန်း ခံစစ်နဲ့ တုန့်ပြန်လည်း ရပါတယ်။ ကက်စ်မဲရိုး ကတော့ အနီကတ်‌ ပြခံရပြီး နောက်ပိုင်း ကျွန်တော် တို့ရဲ့ ကစားပုံ ပိုပြီး ကောင်းမွန်လာခဲ့ပါတယ်။” လို့ ဆိုပါတယ်။

အဲဒီနောက် မာရက်စ်ကာက စောစောစီးစီး အနီကတ် ပြသခံခဲ့ရတဲ့ အခြေအနေ အပေါ် ကိုလည်း အခုလို ပြောကြားခဲ့ပါတယ်။ “တကယ်ဆိုရင် ဒီလိုစောစောစီးစီး ပွဲချိန် ၄ မိနစ်မှာပဲ အမ်ဘူမိုကို ပြစ်ဒဏ်လုပ်ပြီး တားဆီးမယ့် အစား ဂိုးပေးလိုက်တာက ပိုတောင် ကောင်းပါလိမ့်မယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ၁၁ – ၁၁ နဲ့ နောက်ထပ် ကစားဖို့ အချိန်တွေ အများကြီး ကျန်နေပါသေးတယ်။ ဒီအချက်ကို ရောဘတ်လည်း သိမှာပါ။ ဒါပေမယ့် သိပ်ကို မြန်ဆန်လွန်းတဲ့ စက္ကန့်ပိုင်း အတွင်း သူ့အနေနဲ့ တစ်ခုခု ဆုံးဖြတ်ရဖို့ ဖြစ်သွားခဲ့ပြီး ဒီနည်းလမ်းကို သူရွေးချယ်သွားခဲ့ပါတယ်။

ကိုးလ် ပါးမားရဲ့ အခြေအနေနဲ့ ပတ်သတ်ပြီးတော့လည်း မာရက်စ်ကာက “ကိုးလ် ပါးမားက ဒီနေ့ပွဲ ကစားနိုင်ဖို့ မနက်ပိုင်းမှာ စစ်ဆေးမှု တစ်ကြိမ် ပြုလုပ်ခဲ့သေးတယ်။ သူက ရာခိုင်နှုန်းပြည့် ကြံ့ခိုင်မှု မရှိပေမယ့် အသင်း အတွက် ပါ၀င်နိုင်အောင် အစွမ်းကုန် ကြိုးစားခဲ့တာပါ။ ဒါပေမယ့် သူရဲ့ ကြံ့ခိုင်မှုဟာ မလုံလောက်ခဲ့ပါဘူး။ ဂါနာချိုကို ထည့်သွင်းဖို့ စဥ်းစားပေမယ့် ဝက်စလေက မောပန်းတာကြောင့် လူစားလဲဖို့ တောင်းဆိုခဲ့ချိန်မှာ လူစားလဲ ဗျူဟာတွေပါ ပြောင်းလိုက်ရတာပါ။” ရှင်းပြသွားခဲ့ပါတယ်။ ချဲလ်ဆီး ကတော့ မန်ချက်စတာယူနိုက်တက်နဲ့ အတွေ့မှာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ပထမဦးဆုံး ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပြီး အဆင့် ၆ နေရာကို ရောက်ရှိသွားပါတယ်။ ပြိုင်ပွဲစုံမှာတော့ ၂ ပွဲဆက် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက် ကတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဒုတိယမြောက် နိုင်ပွဲနဲ့ အတူ ရမှတ် ၇ မှတ်နဲ့ အဆင့် ၁၀ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ ချဲလ်ဆီးကို အိုးထရက်ဖို့ဒ်မှာ နောက်ဆုံး ၁၂ ပွဲဆက် မရှုံးခဲ့တဲ့ စံချိန်ကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်