မန်ချက်စတာယူနိုက်တက် ကတော့ မနေ့ညက ပွဲစဉ်မှာ ပရီးမီးယားလိဂ် ထိပ်သီး ပြိုင်ဘက် ချဲလ်ဆီးကို ခက်ခက်ခဲခဲ ကစားခဲ့ရပေမယ့် ၂-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲမှာ နှစ်ဖက်အသင်း ကစားသမား တစ်ဦးစီ အနီကတ် ပြသခံခဲ့ရပြီးတော့ ယူနိုက်တက်က ပထမပိုင်းမှာ သွင်းယူထားတဲ့ ၂ ဂိုးနဲ့ပဲ အနိုင် ၃ မှတ် အရယူနိုင်ခဲ့တာပါ။
အခုလို အဖိုးတန် နိုင်ပွဲ ရရှိခဲ့တာကြောင့် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်က ပျော်ရွှင်နေပြီး သူ ကိုယ်တိုင်လည်း စံချိန် မှတ်တမ်းသစ်တွေ ရေးထိုးနိုင်ခဲ့လို့ ဂုဏ်ယူနေပါတယ်။ ပွဲချိန် ၁၈ မိနစ်မှာ အဖွင့်ဂိုး သွင်းယူပေးခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်က ယူနိုက်တက် အတွက် ပွဲ ၂၀၀ ပြည့်ခဲ့သလို သွင်းဂိုး ကလည်း ၁၀၀ ပြည့်ခဲ့တာ ဖြစ်ပါတယ်။ ဒုတိယဂိုး ကိုတော့ ကက်စ်မဲရိုးက သွင်းယူပေးခဲ့ပေမယ့် နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရလို့ ယူနိုက်တက်တို့ လက်ကျန် မိနစ်တွေမှာ အနိုင်ရလဒ်ကို အသည်းအသန် ထိန်းခဲ့ရပါတယ်။
ပွဲအပြီးမှာ ဘရူနိုက “ဒီလို မှတ်တမ်း နှစ်ခု စိုက်ထူနိုင်ခဲ့တဲ့ အတွက် ကျွန်တော် အရမ်းပဲ ဂုဏ်ယူမိပါတယ်။ ဒါပေမယ့် ဒါက ကျွန်တော် ရည်မှန်းထားခဲ့တဲ့ အရာတော့ မဟုတ်ပါဘူး။ ကျွန်တော် ရည်မှန်းတာက နောက်လာမယ့် ပွဲစဉ်ကို အနိုင်ကစားဖို့ပါပဲ။ ခင်ဗျား အနေနဲ့ ခြေစွမ်းကောင်းတွေ ပြနိုင်ချင်မှ ပြနိုင်လိမ့်မယ်။ ဒါပေမယ့် နောက်ဆုံးမှာ အရေးအကြီးဆုံးက ရမှတ် ဖြစ်ပါတယ်။ အရင်က ကျွန်တော်တို့ လိုချင်တဲ့ အမှတ်တွေကို မရခဲ့ပါဘူး။”

“ကျွန်တော်တို့ ပွဲအစမှာ စိတ်ဓာတ်ပိုင်းအရ အရမ်းတက်ကြွနေခဲ့တာကြောင့် ချဲလ်ဆီးတို့ အနီကတ် ရသွားတာပါ။ ဘင်ဂျာမင် ဘောလုံးနောက်ကိုု လိုက်တိုင်း ချဲလ်ဆီး ကစားသမားတွေက ဖိအားလိုက်ပေးရမယ်။ ဘရိုင်ယန် (အမ်ဘူမို) က အဲ့ဒီအတိုင်း လုပ်ခဲ့တာပါ။ ကျွန်တော်တို့ ဘက်က အနီကတ်က ဘာမှမပြောင်းလဲသွားစေပါဘူး။ ကွင်းလယ်ကို ပိတ်ဆို့ပြီး သူတို့ကို ဘေးတိုက် တိုက်စစ်ဆင်ခိုင်းပါတယ်။ ပြီးတော့ ကျွန်တော် တို့ရဲ့ နောက်တန်း ကစားသမားတွေက ဂိုးရှေ့မှာ ကာကွယ်ခဲ့တာ အရမ်းပဲကောင်းခဲ့ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
ဒီနိုင်ပွဲ ကတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ယူနိုက်တက် အတွက် ဒုတိယမြောက် နိုင်ပွဲ ဖြစ်ပေမယ့် ရမှတ် ၇ မှတ် စုဆောင်းထားနိုင်တာကြောင့် အဆင့် ၁၀ နေရာကို ရောက်ရှိလာပါတယ်။ ဒါ့အပြင် ချဲလ်ဆီးလို ပြိုင်ဘက်ကို အနိုင်ရလိုက်တာကြောင့်လည်း နည်းပြ ရူဘင် အမော်ရင်နဲ့ အသင်းသားတွေ ဖိအား အနည်းငယ် လျှော့ချနိုင်ခဲ့မှာ သေချာပါတယ်။ ခြေစွမ်းပိုင်းနဲ့ ကစားသမားတွေရဲ့ ဆုံးဖြတ်ချက်အပိုင်း မှာတော့ အားနည်းချက်တွေ ရှိနေဆဲ ဖြစ်ကာ ၁၀ ယောက် ၁၀ ယောက်ချင်း ကစားရချိန်မှာ ဒါက သိသာခဲ့ပါတယ်။
ယူနိုက်တက်ဟာ လာမယ့် အောက်တိုဘာလ နိုင်ငံတကာ ပွဲစဉ်တွေ မတိုင်ခင်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ အဖြစ် ဘရန့်ဖိုဒ် (အဝေးကွင်း)နဲ့ ဆန်းဒါးလန်း (အိမ်ကွင်း) တို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။ ဒီနှစ်သင်း မှာတော့ ဘရန့်ဖို့ဒ်က အနည်းငယ် ခြေစွမ်းကျဆင်းနေလို့ စိတ်ပူစရာ မရှိပေမယ့် ဆန်းဒါးလန်း ကတော့ တန်းတက် အသင်းပေမယ့် ခြေစွာနေတာကြောင့် ယူနိုက်တက်တို့ သတိထားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.