ဂျူဗင်တပ်စ် ကတော့ မနေ့က ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာ ဟဲလက်စ် ဗီရိုနာနဲ့ တစ်ဂိုးစီ သရေကျခဲ့ပြီး နိုင်ပွဲဆက်နေမှု ရပ်တန့်သွားခဲ့ပါတယ်။ ပွဲအပြီးမှာတော့ နည်းပြ အီဂေါ တူဒေါက သူတို့ အသင်းဟာ အခုပွဲမှာ စွမ်းအင် ပျောက်ဆုံးနေခဲ့ကြောင်း ဝန်ခံသွားခဲ့ပါတယ်။
ဂျူဗင်တပ်စ်ဟာ မနေ့ညက ပွဲမှာ ကွန်ဆီကာအိုရဲ့ ပွဲချိန် ၁၉ မိနစ်မှာ သွင်းယူခဲ့တဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပထမပိုင်း ပြီးခါနီး မှာတော့ ပင်နယ်တီ ကနေ တဆင့် ချေပဂိုး ပြန်လည် ခွင့်ပြုပေးခဲ့ရပါတယ်။ စီးရီးအေ ရှေ့ ၃ ပွဲမှာ ခြေစွမ်းကောင်းတွေ ပြသပြီး နိုင်ပွဲတွေ ဆက်နေခဲ့တဲ့ ဂျူဗင်တပ်စ်က ဗီရိုနာရဲ့ မာမာထန်ထန် တုန့်ပြန်မှုကြောင့် ဒီနေ့ပွဲမှာတော့ ရုန်းကန်ခဲ့ရပြီး နိုင်ပွဲ ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။ ဗီရိုနာဟာ ရှေ့ ၃ ပွဲမှာ လာဇီယို တစ်သင်းတည်းကို ဂိုးပြတ် ရှုံးထားပြီး ကျန်ပွဲတွေမှာ သရေကျထားပြီး ဒီရာသီ အတွက် တတိယမြောက် သရေ တစ်မှတ်ကို ထပ်မံ ရယူသွားခဲ့တာ ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်ဟာ ဒေါ့မန်နဲ့ ချန်ပီယံလိဂ် ပွဲမှာ နောက်ကျဂိုးတွေနဲ့ သရေ တစ်မှတ် ရအောင် ယူခဲ့ရပြီးနောက် ၃ ရက် အကြာမှာ ကစားတဲ့ ဗီရိုနာနဲ့ ပွဲမှာတော့ ကစားသမားတွေက ပင်ပန်းနွမ်းနယ်နေခဲ့တာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်က အင်တာမီလန်နဲ့ ပွဲမှာလည်း နောက်ကနေ လိုက်ကစားကာ နိုင်ပွဲ ရအောင် ယူနိုင်ခဲ့ပေမယ့် ကစားသမားတွေ ကတော့ တော်တော်လေး အားစိုက်ခဲ့ရပါတယ်။ ဒါကြောင့် လက်ရှိမှာ အသင်းရဲ့ အခြေအနေနဲ့ ပတ်သတ်လို့ နည်းပြ တူဒေါက အခုလိုပဲ ပြောကြားခဲ့ပါတယ်။
“အသင်းက ပင်ပန်းနေတာကို ကျွန်တော် သတိထားမိပါတယ်။ သူတို့မှာ ခွန်အားတွေ နည်းပါးနေပြီး အရင်လို လန်းဆန်းမှု မရှိခဲ့ပေမယ့် ပွဲထွက် ကစားသမားတွေနဲ့ လူစားဝင်ရောက်လာတဲ့ ကောင်လေးတွေကို ကျွန်တော် အပြစ်မတင်နိုင်ပါဘူး။” လို့ တူဒေါက ဆိုပါတယ်။
ဆက်လက်ပြီး “ဟဲလက်စ် ဗီရိုနာက ဒီပွဲကို တစ်ပတ်လုံး ကောင်းကောင်း အာရုံစိုက်ခဲ့ပြီး ပွဲတစ်လျှောက်လုံး ကောင်းမွန်စွာ လွှမ်းမိုးထားနိုင်ခဲ့ပါတယ်။ အခု ကျွန်တော်တို့ ဒါတွေကို မေ့ပြီး အတ္တလန္တာနဲ့ ကစားရမယ့် ပွဲအတွက် စဉ်းစားနေပါတယ်။” လို့ တူဒေါက ပြောကြားသွားခဲ့ပါသေးတယ်။
ကွန်ဆီကာအို ကတော့ ဖေဖော်ဝါရီလ နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် စီးရီးအေ မှာ ဂိုးပေါက် ပြန်တွေ့ခဲ့တာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ် အနေနဲ့လည်း ရမှတ် တချို့ ဆုံးရှုံးခဲ့ရပေမယ့် စီးရီးအေ နောက်ဆုံး ၉ ပွဲဆက် ရှုံးပွဲ မရှိမှုကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။ လက်ရှိမှာ ဂျူဗင်တပ်စ်က ရမှတ် ၁၀ မှတ်နဲ့ စီးရီးအေ အမှတ်ပေးဇယားကို ယာယီ ဦးဆောင်ထားနိုင်ပါတယ်။ အကယ်၍ နာပိုလီသာ တန်းတက် ကလပ် ပီဆာကို အနိုင်ရခဲ့မယ် ဆိုရင်တော့ ဂျူဗင်တပ်စ် အနေနဲ့ ၂ မှတ် အကွာနဲ့ အဆင့် ၂ နေရာကို ဆင်းပေးလိုက်ရမှာလည်း ဖြစ်ပါတယ်။
ဂျူဗင်တပ်စ်ဟာ လာမယ့် တစ်ပတ်မှာ စီးရီးအေ ပွဲစဉ် ၅ အဖြစ် အတ္တလန္တာနဲ့ ကစားရမှာ ဖြစ်ပြီး အောက်တိုဘာ ၂ ရက်နေ့မှာ ဗီလာရီးရဲလ်နဲ့ ချန်ပီယံလိဂ် ကစားရမှာ ဖြစ်ပါတယ်။ ဗီရိုနာ ကတော့ ဗုဒ္ဓဟူးနေ့မှာ ဗင်နီဇီယာနဲ့ ကိုပါအီတလီယာနဲ့ ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.