လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် ကတော့ ကမ္ဘာ့အဆင့်မှီ ကစားသမားတွေကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူတတ်တဲ့ အသင်း ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းလောက်မှာ ကီလီယန် အမ်ဘာပေး၊ ဒေးဗစ် အလာဘာ၊ အန်တိုနီယို ရူဒီဂါနဲ့ ထရန့် အလက်ဇန္တား အာနိုးလ် တို့ကို အလွတ်ကြေးနဲ့ ဆက်တိုက် ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ မှာလည်း ရီးရဲလ်မက်ဒရစ်က ဘေယန်မြူးနစ် နောက်ခံလူ ဒါယော့တ် အူပါမီကာနိုကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စီစဉ်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ MARCA ရဲ့ ဖော်ပြချက်အရ အူပါမီကာနိုက ဘေယန်မြူးနစ်နဲ့ စာချုပ်သက်တမ်း နောက်ဆုံး နှစ်ထဲကို ရောက်ရှိနေပြီး လာမယ့် ၂၀၂၆ ခုနှစ်မှာ အလွတ် ပြောင်းရွှေ့နဲ့ ထွက်ခွာခွင့်ရရှိမှာလည်း ဖြစ်ပါတယ်။ သတင်းတွေအရ ဆိုရင်တော့ အူပါမီကာနိုက လာလီဂါ ကလပ်နဲ့ ဆက်သွယ်ထားပြီး ဖြစ်ကြောင်း သိရပါတယ်။
နည်းပြ ဇာဘီ အလွန်ဆို ကလည်း လာမယ့် ရာသီမှာ လူစာရင်းကို အင်အား ဖြည့်တင်းဖို့ အသင်းထံ တောင်းဆိုထားပြီး တခြားသော ဦးစားပေး ပစ်မှတ်တွေ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ လက်ရှိ ခံစစ်ပိုင်းမှာ ဒေးဗစ် အလာဘာ၊ အန်တိုနီယို ရူဒီဂါနဲ့ အီဒါ မီလီတာအို တို့က ဆက်တိုက် ဒဏ်ရာ ရရှိနေတာကြောင့် ရီးရဲလ်မက်ဒရစ်က လာမယ့် နွေရာသီ မှာတော့ ဗဟိုခံစစ် ကစားသမား ရှာဖွေဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။ လက်တလော မှာတော့ လာလီဂါ ကလပ်က ဗဟိုခံစစ်မှာ ဒင်းန် ဟောက်ဆန်၊ မီလီတာအိုနဲ့ အဆန်စီယို တို့ကို အလှည့်ကျ ပုံစံနဲ့ အသုံးပြုနေပါတယ်။

တစ်ဖက် မှာလည်း လော့စ်ဘလန်ကို တို့ဟာ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီမှာ အလွတ် အေးဂျင့် ဖြစ်လာမယ့် လစ်ဗာပူးလ်ရဲ့ ပြင်သစ် လက်ရွေးစင် ဗဟိုခံစစ် ကစားသမား အီဘရာဟီမာ ကိုနာတေးကို ခေါ်ယူဖို့ ဆုံးဖြတ်ထားဆဲ ဖြစ်ပါတယ်။ ဖြစ်နိုင်ချေ ရှိတာ ကတော့ ရီးရဲလ်မက်ဒရစ်ဟာ ကိုနာတေးကို သူ့ရဲ့ ပြင်သစ် လက်ရွေးစင် အသင်းဖော် အူပါမီကာနိုနဲ့ ခံစစ်မှာ တွဲဖက် ကစားစေချင်နေတဲ့ သဘော ရှိပါတယ်။
အူပါမီကာနို ကတော့ လွန်ခဲ့တဲ့ ၄ နှစ်က ဆန်တီယာဂို ဘာနေဗျူးကို ရောက်ရှိဖွယ် ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့သေးပေမယ့် ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်က ခေါ်ယူသွားခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ်သားက အစောပိုင်းမှာ ဂျာမန် ထိပ်သီး ကလပ်မှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပေမယ့် နောက်ပိုင်း မှာတော့ ဗင်းန်ဆင့် ကွန်ပနီ လက်အောက်မှာ ပုံမှန် ခြေစွမ်းရရှိခဲ့ပါတယ်။ အသက် ၂၆ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အူပါမီကာနိုက ဘေယန်မြူးနစ် အတွက် ပွဲပေါင်း ၁၅၀ ကျော် ကစားပေးထားပြီး လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဗဟိုခံစစ် ကစားသမားတွေထဲက တစ်ဦး အဖြစ် သတ်မှတ်ခံထားရပါတယ်။
အူပါမီကာနိုဟာ ဩစတြီးယား ကလပ် လီဖာရင်းမှာ ကစားသမား ဘဝ စတင်ခဲ့ပြီးတော့ ၂၀၁၅ ကနေ ၂၀၁၇ အထိ ဆဲလ်ဘာ့ဂ်မှာ ကစားခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၇ ကနေ ၂၀၂၁ ခုနှစ် အထိ လိုက်ပ်ဇစ်မှာ ပွဲပေါင်း ၁၅၄ ပွဲ အထိ ကစားခဲ့ပါတယ်။ ပြင်သစ်သားက ဘေယန်မြူးနစ် မှာတော့ ပြီးခဲ့တဲ့ ၄ ရာသီ အတွင်း တစ်ရာသီကို အနည်းဆုံး ပွဲ ၃၀ ကစားထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.