အက်စတွန်ဗီလာ – ဘိုလော့ဂ်နာ
ယူရိုပါလိဂ် ပွဲစဉ် ၁ ရဲ့ နောက်ထပ် ပွဲကောင်း တစ်ပွဲ အဖြစ် အက်စတွန်ဗီလာနဲ့ ဘိုလော့ဂ်နာတို့ ဗီလာပါ့ခ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ အက်စတွန်ဗီလာဟာ ဒီနှစ် ယူရိုပါလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်ပြီး ဘိုလော့ဂ်နာ ကလည်း ဖြတ်မြင်း အသင်း အဖြစ် သတ်မှတ်ခံထားတာကြောင့် ဒီနှစ်သင်းရဲ့ စောစောစီးစီး တွေ့ဆုံမှုက စိတ်ဝင်စားစရာတော့ ကောင်းနေပါတယ်။
ဒီရာသီမှာ လူတွေ သိပ်သတိမထားမိပဲ ခိုးမှောက်နေတဲ့ အသင်း တစ်သင်း ရှိပါတယ်။ ဟုတ်ပါတယ်။ အူနိုင်း အမ်မရီရဲ့ အက်တွန်ဗီလာပါပဲ။ ဗီလာက ဒီရာသီ ပြိုင်ပွဲစုံ ၆ ပွဲ ကစားပြီးချိန်မှာ သရေ ၃ ပွဲ၊ ရှုံးပွဲ ၃ ပွဲနဲ့ နိုင်ပွဲ မရသေးပါဘူး။ မနှစ်က ချန်ပီယံလိဂ် ကစားပြီး ဒီနှစ် ယူရိုပါလိဂ် ဆင်းကစားခဲ့ရတဲ့ ဗီလာက ဒီရာသီမှာ ပုံမှန် စွမ်းဆောင်ရည်အောက် ရောက်ရှိနေလို့ အခုပွဲက ဗီလာ အတွက် အိမ်ကွင်း ပွဲစဉ် ဖြစ်ပေမယ့် ဘိုလော့ဂ်နာလို အသင်းမျိုးကို ခက်ခက်ခဲခဲ ကစားရဦးမှာပါ။

ဗင်ဆန်ဇို အီတလီယာနိုရဲ့ ဘိုလော့ဂ်နာ ကလည်း ဒီနှစ်မှာ သိပ်တော့ အခြေအနေကောင်းနေတာ မဟုတ်ပါဘူး။ ရာသီအဖွင့် ၄ ပွဲ ကစားပြီးချိန်မှာ ၂ ပွဲနိုင်၊ ၂ ပွဲ ရှုံးထားတဲ့ ဘိုလော့ဂ်နာက အသင်းကြီးတွေနဲ့ တွေ့ရင် ရုန်းကန်နေရပါတယ်။ သူတို့လည်း အက်စတွန်ဗီလာ လိုပဲ မနှစ်က ချန်ပီယံလိဂ် ကစားပြီး ဒီနှစ်တော့ ယူရိုပါလိဂ်ကို ဆင်းကစားနေရတာ ဖြစ်ပါတယ်။ အက်စတွန်ဗီလာရဲ့ ရာသီသစ်မှာ သွေးမပူသေးတဲ့ အခြေအနေကို ဘိုလော့ဂ်နာတို့ အခွင့်ကောင်းယူနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ အဖွင့်ပွဲ ဖြစ်တာနဲ့ အညီ နှစ်သင်းစလုံး ရလဒ်ကောင်း တစ်ခု အတွက် အားထည့်လာမှာ ဖြစ်လို့ အကြိတ်အနယ်တော့ ရှိပါလိမ့်မယ်။
နှစ်ဖက်အသင်း သတင်းများ
အခုပွဲကိုတော့ ဗီလာ ဘက်က ဂါစီယာ၊ အိုနာနာ၊ ဘာကလေ၊ တေးလီမန့်စ် တို့ လွဲချော်ဖို့ ရှိနေပါတယ်။
ဘိုလော့ဂ်နာဘက် မှာတော့ ကာဆေးလ်၊ ပိုဘီဂါ၊ အင်မိုဘီလီ တို့ လွဲချော်ကြမှာပါ။
ဖြစ်နိုင်ဖွယ် လူစာရင်း
အက်စတွန်ဗီလာ – မာတီနက်ဇ်၊ ကတ်ရှ်၊ ကွန်ဆာ၊ ပါအူ၊ မတ်ဆန်၊ ဘိုဂါဒီ၊ မက်ဂင်းန်၊ အဲလီယော့တ်၊ ရော်ဂျာစ်၊ ဆန်ချို၊ ဝက်ကင်န်
ဘိုလော့ဂ်နာ – ဆကိုရက်ဗ်စကီး၊ ဇော်တီး၊ ဗီတစ်ခ်၊ လူကူမီ၊ မီရန်ဒါ၊ ဖရီအူလာ၊ ဖာဂူဆန်၊ အော်ဆိုလီနီ၊ အော့ဒ်ဂတ်၊ ရိုဝီ၊ ကတ်စထရို
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ အက်စတွန်ဗီလာ နိုင်ရင် ၁.၈၂ ဆ ရမှာ ဖြစ်ပြီး ဘိုလော့ဂ်နာ နိုင်ရင်တော့ ၄.၀၀ ဆ နဲ့ သရေ ဆိုရင်တာ့ ၃.၃၂ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာလည်း အက်စတွန်ဗီလာက သရေ အရှုံးနဲ့ တစ်လုံး တစ်ဝက်စားကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကတော့ ၂.၂၅၊ ၂.၅၀ ပေးထားပါတယ်။ ရုန်းကန်နေရတဲ့ အက်စတွန်ဗီလာ အတွက် နောက်ထပ် ခက်ခဲတဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်ပါတယ်။ သေချာတာ ကတော့ ဗီလာတို့ ရာသီသစ် အတွက် ပထမဦးဆုံး နိုင်ပွဲကို ဥရောပြိုင်ပွဲ ကနေ စတင် ရှာဖွေချင်နေပါလိမ့်မယ်။ ဒီပွဲမှာတော့ ဗီလာ ကိုပဲ အရဲစွန့် ယုံကြည်ထားသင့်တယ် ထင်ပါတယ်။
ခန့်မှန်းရလဒ်
အက်စတွန်ဗီလာ ၂-၁ ဘိုလော့ဂ်နာ
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.