၂၀၂၅ ခုနှစ် အတွက် ဘယ်လွန်ဒေါဆုရှင် အူစမန်နီ ဒမ်ဘီလီ ကတော့ ဘာစီလိုနာ လူငယ် ကြယ်ပွင့်လေး လာမင်း ယာမယ်ကို ချီးကျူးပြောဆိုလိုက်ပါတယ်။ ဒမ်ဘီလီက လာမင်း ယာမယ်ကို ကျော်ဖြတ်ပြီး ၂ဝ၂၅ ခုနှစ် ဘယ်လွန်ဒေါဆု ဆုရရှိခဲ့ပြီးနောက် စပိန် ကြယ်ပွင့်လေးက အနာဂတ်မှာ ဒီဆုကို အကြိမ်ပေါင်း များစွာ ရယူနိုင်လိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်တာလည်း ဖြစ်ပါတယ်။
အသက် ၂၈ နှစ် အရွယ် ပြင်သစ် တိုက်စစ် ကစားသမား ဒမ်ဘီလီက မကြာခင်မှာ လူငယ် ကစားသမားလေး ယာမယ်ရဲ့ အချိန် ရောက်ရှိလာမှာ ဖြစ်ကြောင်း အခုလိုပဲ ပြောကြားခဲ့ပါတယ်။ “လာမင်း ယာမယ်က ထူးခြားတဲ့ ချွင်းချက်မရှိ လူငယ် ကစားသမားလေး တစ်ယောက်ပါ။ အရမ်းပဲ ရင့်ကျက်ပြီး အံ့ဩစရာကောင်းတဲ့ ကစားသမား တစ်ယောက်လည်း ဖြစ်ပါတယ်။ အခြေအနေ အားလုံးသာ သူ့ဘက်မှာ ရှိနေမယ် ဆိုရင် သူက ဘယ်လွန်ဒေါဆုကို အကြိမ်ပေါင်း များစွာ ရယူနိုင်မယ့်သူ ဆိုတာ ကျွန်တော် ယုံကြည်တယ်။” လို့ ဒမ်ဘီလီက ပြောကြားခဲ့ပါတယ်။
French Football မဂ္ဂဇင်း အယ်ဒီတာချုပ်ရဲ့ အဆိုအရ ဒမ်ဘီလီဟာ ယာမယ်ကို မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း ယာမယ်ရဲ့ ဖခင် ဖြစ်သူ ကတော့ ကျေနပ်ခြင်း မရှိပဲ သူ့သားကို ဆုမပေးခဲ့ခြင်းဟာ ခိုးယူမှု တစ်ခု ဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ တကယ်တမ်း အချက်အလက်တွေအရ ကြည့်မယ် ဆိုရင်လည်း အူစမန်နီ ဒမ်ဘီလီဟာ ဒီနှစ် ဘယ်လွန်ဒေါဆုကို ရရှိဖို့ အထိုက်တန်ဆုံးလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။

ဒမ်ဘီလီဟာ လီယွန်နယ် မက်ဆီ ပြီးနောက် ဘယ်လွန်ဒေါဆု ရရှိခဲ့တဲ့ ဒုတိယမြောက် ပီအက်စ်ဂျီ ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။ ပြင်သစ်သားဟာ ပြီးခဲ့တဲ့ ၂ဝ၂၄-၂၀၂၅ ဘောလုံးရာသီက ပီအက်စ်ဂျီနဲ့ အတူ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသပြီး အသင်းရဲ့ သမိုင်းတလျှောက် ပထမဦးဆုံး ချန်ပီယံလိဂ် ဖလား အပါအဝင် အဓိက ဆုဖလားကြီး ၄ လုံး အထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဖီဖာ ကလပ် ကမ္ဘာ့ဖလားမှာလည်း သူ့ရဲ့ အသင်း ပီအက်စ်ဂျီက ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပါသေးတယ်။ ဒမ်ဘီလီက ပြီးခဲ့တဲ့ရာသီ အစကတည်းက ပြိုင်ပွဲစုံမှာ ဂိုးပါဝင် ပတ်သက်မှု ၅၃ ကြိမ် (၃၇ ဂိုးသွင်း၊ ၁၆ ဂိုး ဖန်တီး) အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ် မှာလည်း ဒမ်ဘီလီက ၈ ဂိုး သွင်း၊ ၆ ဂိုး ဖန်တီးပေးခဲ့ပါတယ်။
ဒမ်ဘီလီကို ရှုံးနိမ့်ခဲ့တဲ့ ယာမယ်ဟာ ပြီးခဲ့တဲ့ ရာသီအစကတည်းက ဂိုးပါဝင် ပတ်သက်မှု ၂၆ ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ တခြားသော စွမ်းဆောင်ရည် အချက်အလက်တွေအရ ဆိုရင်တော့ ယာမယ်က ဥရောပ ထိပ်တန်းလိဂ် ၅ ခုမှာ ဘောလုံးဆွဲပြေးမှု အကြိမ် အများဆုံး (၄၉၄ ကြိမ်) နဲ့ အအောင်မြင်ဆုံး (၂၆၂ ကြိမ်) ကစားသမား အဖြစ် ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ သူဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ အသက်အငယ်ဆုံး ကစားသမား အဖြစ်လည်း အမ်ဘာပေးရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ယာမယ်က ဘယ်လွန်ဒေါဆု မရခဲ့ပေမယ့် ၂၀၂၅ ခုနှစ် အတွက် အကောင်းဆုံး လူငယ်ကစားသမားဆု ဖြစ်တဲ့ Kopa Trophy Award ကိုတော့ နှစ်နှစ်ဆက်တိုက် ရရှိခဲ့ပါတယ်။ ယာမယ်က ဘယ်လွန်ဒေါ အဆင့် ရပ်တည်မှုမှာတော့ အဆင့် ၂ နေရာမှာ ရပ်တည်ခဲ့ပေမယ့် တကယ်ဆိုရင် သူ့ထက် စွမ်းဆောင်ရည် ပိုကောင်းခဲ့တဲ့ ဘာစီလိုနာ အသင်းဖော် ရာဖင်ညာက အဆင့် ၂ နေရာနဲ့ ပိုမို ထိုက်တန်ကြောင်း ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.