ပရီးမီးယားလိဂ် ချန်ပီယံလုပွဲမှာ လစ်ဗာပူးလ်ကို ရပ်တန့်ဖို့ မဖြစ်နိုင်ဘူးလို့ ချဲလ်ဆီး နည်းပြ အန်ဇို မာရက်စကာက ပြောကြားလိုက်ပါတယ်။ လစ်ဗာပူးလ်ဟာ ဒီရာသီ ပရီးမီးယားလိဂ် ဖလားကို ထပ်မံ ဆွတ်ခူးဖို့ ရေပန်းစား နေပြီး အန်ဇို မာရက်စကာ ကလည်း ကြိုးကြာနီတွေကို ရပ်တန့်ဖို့ အရမ်းပဲ ခက်ခဲလိမ့်မယ်လို့ ထင်မြင်ယူဆနေတာ ဖြစ်ပါတယ်။
လစ်ဗာပူးလ်က ဒီရာသီမှာလည်း သူတို့ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်ဖို့ ရည်ရွယ်ထားပြီး ရာသီသစ်ကိုလည်း အကောင်းဆုံး ပုံစံနဲ့ စတင်ထားနိုင်ပါတယ်။ လစ်ဗာပူးလ်ဟာ ဒီရာသီမှာ အမှတ်ပေးပွဲစဉ် ၅ ပွဲ ကစားပြီးချိန်မှာ ၅ ပွဲစလုံး အနိုင်ရထားပြီး အမှတ်ပေး ဇယားထိပ် ကနေ ၅ မှတ် ဖြတ် ဦးဆောင်ထားနိုင်ပါတယ်။
ဒါ့အပြင် လစ်ဗာပူးလ်ဟာ နွေရာသီ အပြောင်းအရွှေ့ဈေးကွက် အတွင်း အသင်းရဲ့ လူစာရင်းကို အားကောင်း တောင့်တင်းစေဖို့ အတွက် ဖလော်ရီယန် ဝစ်ဇ်၊ ဟူဂို အစ်ကီတီကီ၊ အလက်ဇန္တား အိဆက်ခ်တို့ အပါအဝင် ထိပ်တန်း ကစားသမားတွေ အတွက် ပေါင်သန်း ၄၀၀ ကျော် သုံးစွဲကာ ခေါ်ယူထားပါတယ်။ ခြေစွမ်းအရ ဆိုရင်တော့ ဆလော့တ်ရဲ့ လစ်ဗာပူးလ်က ဒီရာသီမှာ မနှစ်ကထက် အနည်းငယ် အားနည်းသွားသလို တချို့နေရာတွေမှာ ကစားသမားသစ်တွေ အသင်းနဲ့ အသားကျဖို့ လိုနေပါသေးတယ်။ လစ်ဗာပူးလ်ရဲ့ ဒီရာသီ ပွဲတချို့ ပြန်ကြည့်မယ် ဆိုရင် ခံစစ်ပိုင်း သိသိသာသာ အားပျော့နေတာ တွေ့ရမှာ ဖြစ်ပြီး အနိုင်ရခဲ့တဲ့ ပွဲအများစု ကလည်း နောက်ကျဂိုးတွေကြောင့် ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း ယူရိုပါကွန့်ဖရင့်လိဂ်နဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား အောင်မြင်မှုတွေ ရရှိထားတဲ့ ချဲလ်ဆီးက ဒီနှစ် ပရီးမီးယားလိဂ်မှာ လစ်ဗာပူးလ်နဲ့ ၇ မှတ် အကွာမှာ ရှိနေပါတယ်။ ချဲလ်ဆီးက ပြီးခဲ့တဲ့ တစ်ပတ်က မန်ချက်စတာယူနိုက်တက်ကို အိုးထရက်ဖို့ဒ်မှာ ရှုံးနိမ့်ခဲ့ပြီးနောက် ဒီရာသီ ပရီးမီးယားလိဂ်မှာ ပထမဦးဆုံး ရှုံးပွဲနဲ့ ရင်ဆိုင်ထားရပါတယ်။

ဒီအချိန်မှာ အန်ဇို မာရက်စ်ကာက လစ်ဗာပူးလ်ရဲ့ ချန်ပီယံ ဖြစ်နိုင်ခြေနဲ့ ပတ်သတ်လို့ အခုလိုပဲ ပွင့်ပွင့်လင်းလင်း ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။ “သူတို့ ဒီပုံစံအတိုင်း ဆက်သွားနေမယ် ဆိုရင် ကျွန်တော်တို့ အတွက်တင် မဟုတ်ဘဲ တခြား ကလပ်တွေ အားလုံး အတွက်ပါ သူတို့ကို လိုက်မီဖို့ ဆိုတာ မဖြစ်နိုင်ဘူးလို့ ကျွန်တော် ထင်ပါတယ်။”
“သူတို့က မနှစ်ကကတည်းက ကောင်းမွန်တဲ့ အလုပ်တွေကို လုပ်နေတာ ဖြစ်ပြီး သူတို့ဝယ်ဖို့ ဆုံးဖြတ်ထားတဲ့ ကစားသမားတွေက ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲတွေမှာ ကလပ်ကို တဆင့် မြှင့်ပေးနိုင်သူတွေ ဖြစ်တယ် ဆိုတာကို ပြသနေပြီး ဒါက တော်တော်လေး ရှင်းလင်းနေပါတယ်။” လို့ မာရက်စ်ကာက ပြောကြားသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆလော့တ်ရဲ့ အသင်းက အားနည်းချက်တွေ ရှိနေတာကြောင့် ခရီးရှည်ကြီး သွားရချိန်မှာ မာရက်စ်ကာ ပြောသလိုမျိုး ဖြစ်နိုင်ပါ့မလား ဆိုတာ ကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
လစ်ဗာပူးလ်နဲ့ ချဲလ်ဆီး တို့ကတော့ လာမယ့် အောက်တိုဘာလ ၄ ရက်နေ့၊ စတန်းဖို့ဒ်ဘရစ်ချ်မှာ ဒီရာသီ အတွက် ပထမဦးဆုံး အကြိမ် အဖြစ် ထိပ်တိုက်တွေ့ဆုံကြမှာ ဖြစ်ပါတယ်။ ဒီမတိုင်ခင်မှာတော့ လစ်ဗာပူးလ်က ခရစ္စတယ်ပဲလေ့စ် (ပရီးမီးယားလိဂ်)၊ ဂါလာတာဆာရေး (ချန်ပီယံလိဂ်) တို့နဲ့ ကစားရဦးမှာပါ။ ချဲလ်ဆီး ကတော့ မနေ့ညက ကစားခဲ့တဲ့ ခရာဘောင်ဖလား ပွဲစဉ်မှာ လင်ကွန်းစီးတီးကို ၁-၂ ရလဒ်နဲ့ အနိုင်ယူခဲ့ပြီး လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် ဘရိုက်တန်၊ ချန်ပီယံလိဂ် ပွဲစဉ် အဖြစ် ဘင်ဖီကာနဲ့ ကစားရဖို့ ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.