နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရီးရဲလ်မက်ဒရစ်က ရပ်တန့်လို့ မရသေးဘူး ဆိုတဲ့ ဇာဘီ အလွန်ဆို | လာလီဂါ

ရီးရဲလ်မက်ဒရစ် ကတော့ ဒီရာသီမှာ ရာနှုန်းပြည့် နိုင်ပွဲ ရရှိထားပြီး နည်းပြ ဖြစ်သူ ဇာဘီ အလွန်ဆို ကတော့ “သူတို့ အနေနဲ့ ရပ်တန့်လို့ မရသေးဘူး” လို့ ကြုံးဝါး ပြောဆိုလာခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဒီရာသီ လာလီဂါ ပွဲစဉ် ၆ ပွဲစလုံး အနိုင်ရထားသလို ချန်ပီယံလိဂ် မှာလည်း မာဆေးလ်ကို အဖွင့်ပွဲမှာ အနိုင်ရထားပါတယ်။ 

ရီးရဲလ်မက်ဒရစ်ဟာ ဒီကနေ့ မနက် အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ် ၆ မှာ လီဗန်တေးကို အဝေးကွင်းမှာ ၁-၄ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး အကောင်းဆုံး ပုံစံ တစ်ခုနဲ့ ရှေ့ဆက်နေတာ ဖြစ်ပါတယ်။ ဒီပွဲမှာ ဗင်နီးစီးယပ်စ်၊ မက်စတန်တူအိုနို၊ အမ်ဘာပေး (၂ ဂိုး) တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ တစ်ပွဲလုံး လီဗန်တေးကို ဖိအားပေး တိုက်စစ်ဆင်ခဲ့ပြီး ဂိုးပေါက် ကန်ချက် ၂၄ ကြိမ်မှာ ဂိုးပေါက် တည့်မှု ကလည်း ၁၀ ကြိမ် အထိ ရှိခဲ့တာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် အနေနဲ့ လာလီဂါ ပြိုင်ပွဲ သမိုင်းတစ်လျှောက် ၆ ကြိမ်မြောက် အဖြစ် အဖွင့် ၆ ပွဲမှာ ၆ ပွဲ စလုံး အနိုင်ရရှိတဲ့ စံချိန်ကို ရရှိထားခဲ့ပါတယ်။ လော့စ်ဘလန်ကို တို့ဟာ လာမယ့် စနေနေ့မှာတော့ မြို့ခံပြိုင်ဘက် အက်တလက်တီကိုမက်ဒရစ်နဲ့ မက်ဒရစ် ဒါဘီ ကစားရမှာ ဖြစ်ပြီး နည်းပြ အလွန်ဆိုက သူ့ရဲ့ ကစားသမားတွေကို လက်ရှိ ပုံစံကောင်း တစ်ခုကို ဆက်ထိန်းထားဖို့ တိုက်တွန်းခဲ့ပါတယ်။

အလွန်ဆိုက “ကျွန်တော် တို့က အရမ်းတိုးတက်နေတဲ့ အဆင့်မှာပဲ ရှိနေသေးပြီး တည်ဆောက်နေဆဲပါ။ သွားရမယ့် ခရီးလမ်းက အရှည်ကြီး ရှိနေပါသေးတယ်။ လာလီဂါ၊ ချန်ပီယံလိဂ်နဲ့ ကိုပါဒယ်လ်ရေး တို့မှာ ယှဉ်ပြိုင်နိုင်ဖို့ ခိုင်မာတဲ့ အခြေခံ တစ်ခုကို တည်ဆောက်နေပါတယ်။ သူတို့ အားလုံးဟာ တစ်ဦးနဲ့ တစ်ဦး အချိတ်အဆက်မိနေပြီး အသင်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်နေတယ်လို့ ခံစားရပါတယ်။”

လာလီဂါ၊ ချန်ပီယံလိဂ်နဲ့ ကိုပါဒယ်လ်ရေး တို့မှာ ယှဉ်ပြိုင်နိုင်ဖို့ ခိုင်မာတဲ့ အခြေခံ တစ်ခုကို တည်ဆောက်နေပါတယ်။
လာမယ့် ပွဲစဉ်မှာ အက်တလက်တီကိုမက်ဒရစ်နဲ့ တွေ့ဆုံရမယ့် ရီးရဲလ်မက်ဒရစ်

“တချို့နေရာတွေမှာ တိုးတက်ဖို့ လိုနေသေးပေမယ့် ရလဒ်တွေတင် မကဘဲ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလို့ ပြောလို့ ရပါတယ်။ ကျွန်တော်တို့ ရပ်တန့်လို့ မရသေးပါဘူး။ ဒါကအစပဲ ဖြစ်ပြီး ကောင်းကောင်း ဆက်လက် ယှဉ်ပြိုင်ချင်ပါတယ်။ အရည်အသွေး ရှိတဲ့ ကစားသမားတွေ ပိုင်ဆိုင်ထားခြင်းက အရာအားလုံးကို လွယ်ကူစေပါတယ်။ ပြီးတော့ ကျွန်တော် တို့ရဲ့ စိတ်ကူးတွေကို နားလည်ဖို့နဲ့ ကျွန်တော်တို့ ရှာဖွေနေတဲ့ အရာတွေကို နားလည်ဖို့ သူတို့ အတွက် လေ့ကျင့်မှု များစွာ မလိုအပ်ပါဘူး။ သူတို့က လိုက်လျောညီထွေ ရှိပါတယ်။ ပုံစံ တစ်မျိုးတည်းနဲ့ ကစားဖို့ ထိန်းချုပ်ထားခြင်း မရှိပါဘူး။ ပုံစံမျိုးစုံကို လုပ်နိုင်ပြီး မတူညီတဲ့ နေရာတွေ အတွက်တောင် ကစားနိုင်ပါတယ်။” လို့ အလွန်ဆိုက ပြောပါတယ်။

ညက ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ လူငယ် ကြယ်ပွင့်လေး မက်စတန်တူအိုနို ကလည်း အခုလိုပဲ ပြောကြားခဲ့ပါသေးတယ်။ “ကျွန်တော်လည်း အမှားတွေ အများကြီးလုပ်ခဲ့တယ်။ ဒါပေမယ့် ကံကောင်းစွာနဲ့ ကျွန်တော် ရုန်းထွက်နိုင်ခဲ့ပါတယ်။ ရိုးရိုးသားသား ပြောရရင်တော့ ကျွန်တော် အဲဒါကို မျှော်လင့်ထားပြီးသားပါ။ အဲဒါက ကျွန်တော့်ရဲ့ စိတ်ထဲ မှာတော့ အဓိက မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော် ယုံကြည်မှုတွေ တိုးလာဖို့၊ ဒီအသင်းမှာ ကိုယ့်ကိုယ်ကို အားကောင်းအောင် လုပ်ဖို့ လိုအပ်နေတဲ့ ခြေလှမ်း တစ်လှမ်းပါပဲ။ ဒီဂိုးကြောင့် ဝမ်းသာမိပါတယ်။” လို့ မက်စတန်တူအိုနိုက ဆိုပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်