ပရီးမီးယားလိဂ် ချန်ပီယံ လစ်ဗာပူးလ် ကတော့ အသင်းရဲ့ လူငယ်ကစားသမားလေး ရီယို အန်ဂူမိုဟာကို မနေ့ကပဲ ပရော်ဖက်ရှင်နယ် စာချုပ်ချုပ်ဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ကမှ စီနီယာ အသင်းကြီး အတွက် စတင် ပွဲထွက်ခွင့်ရခဲ့တဲ့ အန်ဂူမိုဟာကို လစ်ဗာပူးလ်က ၂၀၂၈ ခုနှစ် အထိ ပရော်ဖက်ရှင်နယ် စာချုပ်ချုပ်ဆိုခဲ့တာလည်း ဖြစ်ပါတယ်။
လစ်ဗာပူးလ်ဟာ အန်ဂူမိုဟာကို ပြီးခဲ့တဲ့ ၂၀၂၄ နွေရာသီမှာ ချဲလ်ဆီး အကယ်ဒမီ ကနေ ခေါ်ယူခဲ့တာ ဖြစ်ပြီး အသက် ၁၇ နှစ် မပြည့်ခင်မှာပဲ မာဆေးလ်ဆိုက်ဒ် ကလပ် အတွက် စတင် ပွဲထွက်ခွင့် ရရှိခဲ့သူပါ။ အန်ဂူမိုဟာ အနေနဲ့ ဇန်နဝါရီလက ကစားခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ ပါဝင်ကစားခဲ့စဉ်က အသက်အရွယ်အားဖြင့် ၁၆ နှစ်နဲ့ ၁၃၅ ရက်သာ ရှိနေသေးတာကြောင့် လစ်ဗာပူးလ်ရဲ့ သမိုင်းမှာ အသက်အငယ်ဆုံး ပွဲထွက် ကစားခွင့်ရသူ အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရပါတယ်။
အန်ဂူမိုဟာ အနေနဲ့ ဒီရာသီ နယူးကာဆယ်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ နောက်ကျ အနိုင်ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် လူသိများလာခဲ့သူ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ရဲ့ အသက်အငယ်ဆုံး ဂိုးသွင်းသူ အန်ဂူမိုဟာက ပရော်ဖက်ရှင်နယ် စာချုပ် မချုပ်ဆိုခင်က တစ်နှစ် လုပ်ခ ပေါင် ၁၄၄၀၀ သာ ရရှိခဲ့ပေမယ့် လက်ရှိမှာတော့ တစ်နှစ် လုပ်ခ ပေါင် ၅၂၀၀၀ အထိ တိုးမြှင့် ရရှိသွားတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အန်ဂူမိုဟာ အနေနဲ့ ပရီးမီးယားလိဂ် ကလပ်မှာ အပိုဆုကြေးများစွာလည်း ခံစားခွင့်ရရှိမှာ ဖြစ်ကြောင်း ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။

ဒီလိုမျိုး ပရော်ဖက်ရှင် စာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့ ကစားသမားလေး အပေါ် စီနီယာကြီး ဖြစ်တဲ့ မိုဟာမက် ဆာလာ ကတော့ အခုလိုပဲ အကြုံပေး စကားတွေ ပြောကြားခဲ့ပါတယ်။ ဆာလာက “သူက အရမ်းငယ်တုန်းပဲ။ ပွဲအပြီးမှာ သူ့ကို ဆိုရှယ်မီဒီယာကို ဒီအတိုင်း ထားခဲ့လိုက်ပါ။ အိုခေ၊ မင်းရဲ့ မိသားစု၊ မင်းရဲ့ သူငယ်ချင်းတွေနဲ့ ပန်းတိုင် အတွက် မင်းပျော်နိုင်တယ်။ ဘောလုံးမှာ မင်းရဲ့ ပထမဦးဆုံး အခိုက်အတန့်တွေကို ပျော်ရွှင်စွာ ဖြတ်သန်းလိုက်ပါ။ ဒါပေမယ့် ပြင်ပ ကမ္ဘာရဲ့ အတုအယောင်တွေ ကိုတော့ သတိထားပါ။ မင်း အနေနဲ့ ပြင်ပက လေးမြတ်မှု ကိုသာ ရရင် အဲဒီခံစားချက်တွေ ကိုပဲ အမြဲတမ်း ရှာဖွေဖို့ ကြိုးစားမိနေလိမ့်မယ်။”
“သူ့ရဲ့ အတွက် အနာဂတ်က ဘာကိုစောင့်နေသလဲ။ အခြေအနေတွေကို သူဘယ်လို ကိုင်တွယ်မလဲ ဆိုတဲ့ အပေါ် မူတည်တယ်။ ဘယ်လိုအလုပ်လုပ်မလဲပေါ့။ သူက အရမ်းငယ်သေးတဲ့ အတွက် နှိမ့်ချပြီး ကြိုးစားဖို့ လိုတယ်။ တချို့ ကစားသမားတွေက စောစောစီးစီး အောင်မြင်ပြီး အဲဒီနောက်ပိုင်း ရုန်းကန်ရကြောင်း သူ့ကို ပြောပြခဲ့ပါတယ်။”
“ကျွန်တော်က သူ့ကို အကောင်းဆုံး ဖြစ်စေချင်တယ်။ သူ့မှာ ကောင်းမွန်တဲ့ အစုအဖွဲ့ တစ်ခု ရှိပြီး ကျွန်တော် တို့က သူနဲ့ စကားပြောဖို့ အမြဲတမ်း ကြိုးစားတယ်၊ မန်နေဂျာ ကလည်း သူ့ကို စကားပြောတယ်။ ဒါကြောင့် သူ့အနေနဲ့ နှိမ့်ချပြီး အလုပ်လုပ်ဖို့ပဲ လိုပါတယ်။” လို့ ဆာလာက ပြောကြားခဲ့ပါတယ်။
အန်ဂူမိုဟာ ဟာ နယူးကာဆယ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ စတင် ပွဲထွက်ခွင့်ရခဲ့ပြီး တစ်မိနစ်သာ ပါဝင်ကစားခဲ့ရပေမယ့် လစ်ဗာပူးလ် အတွက် အရေးပါတဲ့ အနိုင်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ အဲဒီနောက် ဘန်လေနဲ့ ပွဲမှာတော့ ၃ မိနစ်၊ အက်တလက်တီကိုမက်ဒရစ်နဲ့ ပွဲမှာတော့ ၁၆ မိနစ်နဲ့ ဆောက်သမ်တန်နဲ့ ပွဲမှာတော့ ပွဲချိန် ၇၅ မိနစ် အထိ ပါဝင် ကစားခွင့် ရရှိထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.