ခရစ္စတယ်ပဲလေ့စ် – လစ်ဗာပူးလ်
ပရီးမီးယားလိဂ် ပွဲစဉ် ၆ ရဲ့ နောက်ထပ် ပွဲကောင်းတစ်ပွဲ အဖြစ် ခရစ္စတယ်ပဲလေ့စ်နဲ့ လစ်ဗာပူးလ်တို့ ဆဲလ်ဟတ်စ်ပါ့ခ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ကွန်မြူနတီဒိုင်းမှာ ပူပူနွေးနွေး တွေ့ဆုံထားပြီး ပဲလေ့စ်ကို ရှုံးနိမ့်ထားခဲ့တဲ့ လစ်ဗာပူးလ်တို့ ရှုံးကြွေး ပြန်ဆပ်သွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ခရစ္စတယ်ပဲလေ့စ်က ဒီရာသီ ပရီးမီးယားလိဂ် မှာ ရှုံးပွဲ လုံးဝ မရှိသေးပဲ နိုင်ပွဲ ၂ ပွဲ၊ သရေ ၃ ပွဲနဲ့ ပုံစံကောင်း တစ်ခုကို ထိန်းထားနိုင်ဆဲ ဖြစ်ပါတယ်။ အိုလီဗာ ဂလက်စ်နာ လက်ထက်မှာ လုံးဝ ပြောင်းလဲသွားခဲ့တဲ့ ပဲလေ့စ်က အကောင်းဆုံး ရှေ့ဆက်နေဆဲ ဖြစ်ပြီး အနိုင်မရရင်တောင် မရှုံးအောင် ကစားတတ်နေပါပြီ။ ပဲလေ့စ်က လက်ရှိ ပရီးမီးယားလိဂ် အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး ၅ ပွဲ ကစားထားရာမှာ ရဂိုး ၆ ဂိုး၊ ပေးဂိုး ၂ ဂိုးသာ ရှိထားတာကို ကြည့်ခြင်းအားဖြင့် ခံစစ်၊ တိုက်စစ် မျှတအောင် ကစားထားနိုင်တယ်လို့ ပြောလို့ ရပါတယ်။
အာနေး ဆလော့တ်ရဲ့ လစ်ဗာပူးလ် ကလည်း ဒီရာသီမှာ ခြေစွမ်းပိုင်း အားနည်းချက်တွေ ရှိနေပေမယ့် ရာနှုန်းပြည့် နိုင်ပွဲနဲ့ ရှေ့ဆက်နေဆဲ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ ခရာဘောင်ဖလား ပြိုင်ပွဲ ၃ ခုစလုံးမှာ နိုင်ပွဲတွေ ရထားပါတယ်။ နောက်ပြီး လစ်ဗာပူးလ်က ချန်ပီယံအသင်းတွေရဲ့ ထုံးစံအတိုင်း မသာရင်တောင် အဆုံးသတ်မှာ လိုချင်တဲ့ ရလဒ်ကို အရယူနိုင်စွမ်း ရှိနေပါတယ်။ ဒါကို ပြီးခဲ့တဲ့ ပွဲတွေကို ကြည့်ရင် သိနိုင်ပါတယ်။ ဒီပွဲမှာတော့ လစ်ဗာပူးလ်တို့ ပြီးခဲ့တဲ့ တွေ့ဆုံမှုက အမှားတွေကို သင်ခန်းစာယူပြီး ပဲလေ့စ်ကို ဘယ်လိုအသာရအောင် ကစားမလဲ ဆိုတာ စဉ်းစားထားမယ် ထင်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ
အခုပွဲကိုတော့ ပဲလေ့စ် ဘက်က ပီနို၊ ဘင်နီတက်ဇ်၊ ရိတ်ဒ်၊ ကေပေါ်ဟာ၊ ဒူကိုရေး တို့ လွဲချော်မှာ ဖြစ်ပါတယ်။

လစ်ဗာပူးလ် ဘက်မှာတော့ ဘက်ဂျ်စီတစ်၊ ဂျီယိုဗန်နီ လီယွန်နီ၊ အစ်ကီတီကီ (ပွဲပယ်) တို့ လွဲချော်မှာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
ခရစ္စတယ်ပဲလေ့စ် – ဟန်ဒါဆန်၊ ဂူဟီ၊ ရစ်ချက်ဒ်၊ လာခွာ၊ မူနော့ဇ်၊ ဝှာတန်၊ ဟူ့ဂျ်၊ မစ်ချဲလ်၊ ဆား၊ ပီနို၊ မက်တေးတား
လစ်ဗာပူးလ် – အလီဆွန်၊ ဆိုဘို့ဇ်လိုင်း၊ ကိုနာတေး၊ ဗန်ဒိုက်ခ်၊ ကာကက်ဇ်၊ ဂရာဗန်ဘက်ဂျ်၊ မက် အယ်လစ္စတာ၊ ဆာလာ၊ ဝစ်ဇ်၊ ဂက်ခ်ပို၊ အိဆက်ခ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
နောက်ဆုံး ၂၈ ကြိမ် တွေ့ဆုံရာမှာ ပဲလေ့စ်က ၅ ကြိမ်နိုင်၊ လစ်ဗာပူးလ်က ၁၈ ကြိမ် နိုင်ပြီး ၅ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာ လစ်ဗာပူးလ်က ၂ ကြိမ်နိုင်၊ ၂ ကြိမ် သရေကျပြီး ပဲလေ့စ်က ၁ ကြိမ် နိုင်ခဲ့ပါတယ်။ ဆဲလ်ဟတ်စ်ပါ့ခ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ကြိမ် မှာတော့ ၁ ကြိမ်သာ သရေကျခဲ့ပြီး လစ်ဗာပူးလ်က ၄ ကြိမ် နိုင်ခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ခရစ္စတယ်ပဲလေ့စ် နိုင်ရင် ၃.၅၁ ဆ၊ လစ်ဗာပူးလ် နိုင်ရင်တော့ ၁.၉၂ ဆ၊ သရေ ဆိုရင်တော့ ၃.၃၉ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ လစ်ဗာပူးလ်က သရေ တစ်ဝက်ရှုံး၊ သရေရှုံး၊ တစ်လုံး တစ်ဝက်စားနဲ့ ဂိုးပေါင်း ကတော့ ၃ လုံး ဆိုရင် ဂိုးပေါ်သမားတွေ လှည့်ကြည့်စရာ မလိုတော့ပါဘူး။ လစ်ဗာပူးလ် အတွက် ခက်ခဲတဲ့ ပွဲစဉ် ဖြစ်လာမှာပါ။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ဆလော့တ်ရဲ့ အသင်းကို ယုံကြည်ထားချင်ပါတယ်။ လစ်ဗာပူးလ်တို့ ကပ်နိုင်သွားမယ့် ပွဲပါ။
ခန့်မှန်းရလဒ်
ခရစ္စတယ်ပဲလေ့စ် ၁-၂ လစ်ဗာပူးလ်
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.