နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ယူနိုက်တက်ကို အိမ်ကွင်းမှာ ဒုက္ခပေးဦးမယ့် ဘရန့်ဖို့ဒ် | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

ဘရန့်ဖိုဒ် – မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက် ကတော့ အခုတစ်ပတ် ပရီးမီးယားလိဂ်မှာ ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဘရန့်ဖို့ဒ် အိမ်ကွင်းမှာ နောက်ဆုံး ၃ ကြိမ်ဆက် ရလဒ်မကောင်းထားတဲ့ ယူနိုက်တက်တို့ ဘယ်လိုရလဒ်မျိုး ရရှိအောင် စွမ်းဆောင်နိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဘရန့်ဖို့ဒ် ကတော့ နည်းပြ သောမက်စ် ဖရန့်ခ် စွန့်ခွာသွားပြီးနောက် နည်းပြသစ် ကိတ်သ် အန်ဒရူး လက်အောက်မှာ ရုန်းကန်နေရပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်မှာ နိုင်ပွဲ ၁ ပွဲသာ ရထားပြီး ၃ ပွဲ ရှုံး၊ ၁ ပွဲ သရေကျထားပါတယ်။ ရမှတ် ၄ မှတ်သာ ရရှိထားပြီး တန်းဆင်းဇုန်အထက်ကို ရောက်ရှိနေတဲ့ ဘရန့်ဖို့ဒ်က ပြီးခဲ့တဲ့ တစ်ပတ် ကလည်း ဖူလ်ဟမ်ကို ၃-၁ နဲ့ ရှုံးထားပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲ ပျောက်နေတဲ့ ဘရန့်ဖို့ဒ်က ရလဒ်ဆိုးတွေ အောက်က ရုန်းထွက်ချင်နေပြီး ဒီပွဲမှာ အမှတ်ရရင် ရသလောက် ယူဖို့ အားထည့်လာပါလိမ့်မယ်။

ယူနိုက်တက် ကတော့ ပြီးခဲ့တဲ့ တစ်ပတ်က ချဲလ်ဆီးကို အနိုင်ရလိုက်တာကြောင့် ကျိန်းသေပေါက် စိတ်ဓာတ်ပိုင်း ဆိုင်ရာ မြင့်မားနေပါလိမ့်မယ်။ ခြေစွမ်းအရတော့ အမော်ရင်ရဲ့ အသင်းက အားနည်းချက်တွေ များစွာ ရှိနေဆဲပါ။ အဓိက ကတော့ သူတို့ နွေရာသီမှာ အဓိက အားဖြည့်ထားတဲ့ တိုက်စစ်ပိုင်းက မျှော်လင့်ထားသလို အလုပ်မလုပ်သေးတာ ဖြစ်ပါတယ်။ အမ်ဘူမို၊ ကူညာတို့ အကျိုးပြုနေပေမယ့် ဆက်စ်ကို ကတော့ ဘုတ်ထိုင်းကြီး ဖြစ်နေဆဲပါ။ ယူနိုက်တက်က ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာ ရှိနေပြီး ဇယားထိပ်ပိုင်းကို တက်လှမ်းနိုင်ဖို့ အခုပွဲမှာ အမှတ်ရှာဖွေနိုင်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့်လည်း ဘရန့်ဖို့ဒ်က သူတို့ အတွက် နောက်ပိုင်း နှစ်တွေမှာ ခက်ခဲတဲ့ ပြိုင်ဘက် ဖြစ်နေတာကြောင့် လွယ်ကူမှာတော့ မဟုတ်ပါဘူး။

 

နှစ်ဖက်အသင်း သတင်းများ

ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာတော့ ယူနိုက်တက်က ၃ ကြိမ်နိုင်၊ ဘရန့်ဖို့ဒ်က ၁ ကြိမ်နိုင်ကာ၊ ၁ ကြိမ် သရေကျခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာ ရပ်တည်နေတဲ့ မန်ချက်စတာယူနိုက်တက်

အခုပွဲကိုတော့ ဘရန့်ဖို့ဒ် ဘက်က ဂိုးမက်စ် တစ်ဦးတည်း လွဲချော်မှာ ဖြစ်ပေမယ့် မန်ချက်စတာယူနိုက်တက် ဘက်မှာတော့ မလာစီယာ၊ ဒါးလော့တ်၊ မာတီနက်ဇ်၊ ကက်စ်မဲရိုး (ပွဲပယ်) တို့ ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

ဘရန့်ဖိုဒ် – ခယ်လာဟာ၊ ဗန်ဒန်ဘက်ဂျ်၊ ကောလင်းန်၊ ပင်နော့ခ်၊ ကာယိုဒီ၊ ဟန်ဒါဆန်၊ ယာမိုလက်ခ်၊ လီဝစ်-ပေါ်တာ၊ ဒမ်းစ်ဂတ်၊ ချာဒီ၊ သီယာဂို

မန်ချက်စတာယူနိုက်တက် – ဘာယင်ဒါ၊ ယိုရို၊ ဒီလစ်ဂျ်၊ ရှော၊ မက်ဇရာရီ၊ အူဂါတေး၊ ဖာနန်ဒက်စ်၊ ဒေါ်ဂူ၊ အမ်ဘူမို၊ ကူညာ၊ ဆက်စ်ကို

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၉ ကြိမ် တွေ့ဆုံခဲ့ရာမှာ ဘရန့်ဖို့ဒ်က ၂ ကြိမ်နိုင်၊ ယူနိုက်တက်က ၅ ကြိမ် နိုင်ပြီး ၂ ကြိမ် သရေကျခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာတော့ ယူနိုက်တက်က ၃ ကြိမ်နိုင်၊ ဘရန့်ဖို့ဒ်က ၁ ကြိမ်နိုင်ကာ၊ ၁ ကြိမ် သရေကျခဲ့ပါတယ်။ ဘရန့်ဖို့ဒ် အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ကြိမ် မှာတော့ ဘရန့်ဖို့ဒ်က ၂ ကြိမ် နိုင်ပြီး ၁ ကြိမ် သရေကျကာ ယူနိုက်တက်က ၁ ကြိမ် နိုင်ခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ဘရန့်ဖိုဒ် နိုင်ရင် ၃.၁၁ ဆ၊ မန်ချက်စတာယူနိုက်တက် နိုင်ရင်တော့ ၂.၀၇ ဆ၊ သရေ ဆိုရင်တော့ ၃.၃၆ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ယူနိုက်တက်က သရေ တစ်ဝက်ရှုံး၊ သရေ ရှုံး၊ ၁ လုံး တစ်ဝက်စားကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကတော့ ၂.၅၀၊ ၂.၇၅၊ ၃.၀၀ ကြေးတွေ ပေးထားပါတယ်။ ဘရန့်ဖို့ဒ်က သူတို့ အိမ်ကွင်းမှာ ယူနိုက်တက်ကို နောက်ဆုံး ၃ ကြိမ်ဆက် အသာရထားပေမယ့် သောမက်စ် ဖရန့်ခ် လက်ထက်မှာ မဟုတ်တော့ပါဘူး။ ဘရန့်ဖို့ဒ်က လက်ရှိမှာ ရုန်းကန်နေရပါတယ်။ အပြန်အလှန် သွင်းဂိုးတွေ ရှိနေလာနိုင်ပြီး ဂိုးပေါ်ပဲ အကြိုက်တွေ့မိပါတယ်။

ခန့်မှန်းရလဒ်

ဘရန့်ဖိုဒ် ၂-၂ မန်ချက်စတာယူနိုက်တက်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်