နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အိုလံပီယာကော့စ်ကို အိမ်ကွင်းမှာ ဂိုးပြတ် အနိုင်ယူဖို့ မခက်ခဲနိုင်တဲ့ အာဆင်နယ် | ချန်ပီယံလိဂ် (ပွဲကြိုသုံးသပ်ချက်)

အာဆင်နယ် – အိုလံပီယာကော့စ်

ချန်ပီယံလိဂ် လိဂ်အဆင့်ရဲ့ ပွဲစဉ် ၂ အဖြစ် အာဆင်နယ်က အိုလံပီယာကော့စ်ကို အိမ်ကွင်း အမ်းမရိတ်စ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေ အတွင်း မကြာခဏ တွေ့ဆုံခဲ့ဖူးတဲ့ အသင်း နှစ်သင်းရဲ့ အားပြိုင်မှုကို မြင်တွေ့ရမှာ ဖြစ်ပြီး ထိပ်တိုက်တွေ့ဆုံမှု ကလည်း မျှတနေလို့ စိတ်ဝင်စားစရာ ပွဲကောင်း တစ်ပွဲ ဖြစ်လာဦးမှာ သေချာပါတယ်။

အာဆင်နယ်က ဒီနှစ် ချန်ပီယံလိဂ် အဖွင့်ပွဲ အဖြစ် ဘီလ်ဘာအိုကို အဝေးကွင်းမှာ သွားရောက် ကစားထားပြီး ၀-၂ ရလဒ်နဲ့ အနိုင်ရထားပါတယ်။ ဒါပေမယ့်လည်း မီခဲလ် အာတေးတားရဲ့ အသင်းက အလွယ်တကူ အနိုင်ရခဲ့တာ မဟုတ်ပဲ ပွဲချိန် မိနစ် ၇၀ ကျော်မှ လူစားဝင် ကစားသမားတွေရဲ့ သွင်းဂိုးနဲ့ ဖန်တီးမှုတွေကြောင့် ၃ မှတ် ရခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ ဒီရာသီ ခြေစွမ်းကို ကြည့်မယ် ဆိုရင်တော့ လစ်ဗာပူးလ်နဲ့ တစ်ပွဲတည်းသာ ရှုံးနိမ့်ထားပြီး ကျန်ပွဲ အားလုံးနီးပါး ရလဒ်ကောင်းကာ တည်ငြိမ်နေတာ တွေ့ရပါတယ်။ မန်စီးတီး၊ နယူးကာဆယ်နဲ့ ပွဲတွေမှာ ဆိုရင် အာဆင်နယ်က အမိုက်စား Comeback တွေနဲ့ ပြန်လာနိုင်ခဲ့ပြီး သူတို့ဟာ ပွဲမပြီးသေးသ၍ Never Give Up ဆိုတဲ့ စိတ်ဓာတ်နဲ့ ကစားပြနေတာ ဖြစ်ပါတယ်။ 

အိုလံပီယာကော့စ် ကလည်း ဒီရာသီမှာ ရှုံးပွဲ လုံးဝ မရှိသေးတဲ့ အသင်း ဖြစ်ပါတယ်။ ဂရိ ပြည်တွင်းလိဂ်မှာ အမှတ်ပေးဇယားကို ဦးဆောင်ထားတဲ့ အိုလံပီယာကော့စ်က ချန်ပီယံလိဂ် အဖွင့်ပွဲမှာတော့ ဆိုက်ပရက်စ် ကလပ် ပါဖို့စ်ကို သရေသာ ကစားထားနိုင်ပါတယ်။ ဒါတောင် အိုလံပီယာကော့စ်ဟာ အိမ်ကွင်းကြီးမှာ ပွဲချိန် ၂၆ မိနစ်လောက် ကတည်းက ပြိုင်ဘက်ကို တစ်ယောက် အသာနဲ့ ကစားပြီး ဂိုးမသွင်းနိုင်ခဲ့လို့ ၀-၀ ရလဒ် ထွက်ပေါ်ခဲ့တာပါ။ လက်ရှိမှာ အိုလံပီယာကော့စ်က ရှုံးပွဲ လုံးဝ မရှိပေမယ့် အာဆင်နယ်လို အဘက်ဘက်မှာ တောင့်တင်းလွန်းနေတဲ့ အသင်းနဲ့ အဝေးကွင်းမှာ သွားရောက် တွေ့ဆုံချိန်မှာ မျှော်လင့်နိုင်စရာ ဘာမှမရှိပါဘူး။

 

နှစ်ဖက်အသင်း သတင်းများ

အခု ပွဲကိုတော့ အာဆင်နယ် ဘက်က ဟင်ကပ်ပီ၊ ဂျေဇုစ်၊ ဟာဗက်ဇ်၊ မာဒူခေး တို့ လွဲချော်ဖို့ ရှိပြီး အိုလံပီယာကော့စ် ဘက်မှာတော့ ယာရမ်ချက်ခ် တစ်ယောက်ပဲ ကြွက်သား ဒဏ်ရာကြောင့် လွဲချော်မှာ ဖြစ်ပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

ဂရိ ပြည်တွင်းလိဂ်မှာ အမှတ်ပေးဇယားကို ဦးဆောင်ထားတဲ့ အိုလံပီယာကော့စ်က ချန်ပီယံလိဂ် အဖွင့်ပွဲမှာတော့ ဆိုက်ပရက်စ် ကလပ် ပါဖို့စ်ကို သရေသာ ကစားထားနိုင်ပါတယ်။
ဒီရာသီမှာ ရှုံးပွဲ လုံးဝ မရှိသေးတဲ့ အိုလံပီယာကော့စ်

အာဆင်နယ် – ရာယာ၊ ဝှိုက်၊ ဆလီဘာ၊ ဂါဘရီရယ်၊ ကာလာဖီအိုရီ၊ အိုဒီဂတ်၊ ဇူဘီမန်ဒီ၊ မာရင်နို၊ ဆာကာ၊ ယိုကီးရက်စ်၊ မာတင်နယ်လီ

အိုလံပီယာကော့စ် – ပက်စ်ချာလာကစ်၊ ရိုဒင်နီ၊ ရတ်ဆော့စ်၊ ပီရိုလာ၊ အော်တီဂါ၊ ဂါစီယာ၊ စထရက်ဖက်ဇာ၊ ချီကွင်ဟို၊ ပိုဒန့်စ်၊ အဲလ်ခါဘီ

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ဥရောပအဆင့်မှာ ၁၀ ကြိမ် တွေ့ဆုံခဲ့ဖူးပြီး အာဆင်နယ်က ၅ ကြိမ်နိုင်၊ အိုလံပီယာကော့စ်က ၅ ကြိမ်နိုင်ထားပါတယ်။ ချန်ပီယံလိဂ်မှာ ၆ ကြိမ် တွေ့ဆုံခဲ့ဖူးပြီး ၃ ကြိမ်စီ အနိုင်ရထားပါတယ်။ အာဆင်နယ် အိမ်ကွင်းမှာ ကစားခဲ့တဲ့ ၅ ပွဲမှာတော့ အိုလံပီယာကော့စ်က ၃ ကြိမ်နိုင်ပြီး အာဆင်နယ်က ၂ ကြိမ် အနိုင်ရထားပါတယ်။ 

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ အာဆင်နယ် နိုင်ရင် ၁.၁၇ ဆ ရမှာ ဖြစ်ပြီး အာဆင်နယ် နိုင်ရင်တော့ ၁၁ ဆ နဲ့ သရေ ဆိုရင်တာ့ ၆.၂၀ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာလည်း အာဆင်နယ်က နှစ်လုံးသွင်းရင်တောင် တစ်ဝက်ရှုံးဦးမယ့် ကြေးလောက်ပေါက်နေပြီး ဂိုးပေါင်းကြေး ကလည်း အနည်းငယ် ပြင်းထန်နေပါလိမ့်မယ်။ လက်ရှိမှာ အကောင်းဆုံး ပုံစံရနေတဲ့ အာဆင်နယ် အတွက် အိုလံပီယာကော့စ်က ပြိုင်ဘက် မဟုတ်နေပါဘူး။ အာဆင်နယ်တို့ အရန်လူစာရင်းနဲ့ ပွဲထွက်လာနိုင်ပေမယ့် အိမ်ကွင်းမှာ ဂိုးပြတ် အနိုင်ယူသွားပါလိမ့်မယ်။ အာဆင်နယ်နဲ့ ဂိုးပေါ် တွဲဆော်လိုက်ပါ။

ခန့်မှန်းရလဒ်

အာဆင်နယ် ၃-၀ အိုလံပီယာကော့စ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်