မိုနာကို – မန်ချက်စတာစီးတီး
ချန်ပီယံလိဂ် လိဂ်အဆင့် ပွဲစဉ် ၂ မှာတာ့ မန်ချက်စတာစီးတီး လီဂူးဝမ်း ထိပ်သီး မိုနာကို ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ လက်ရှိ ခြေစွမ်းနဲ့ စုဖွဲ့မှုအရ မိုနာကိုဟာ မန်စီးတီး အတွက် ပြိုင်ဘက်ကောင်း ဖြစ်နိုင်ပါ့မလား ဆိုတာ စောင့်ကြည်ရမှာ ဖြစ်ပါတယ်။
မိုနာကိုဟာ ချန်ပီယံလိဂ် အဖွင့်ပွဲမှာ ကလပ် ဘရုဂေးကို ၄-၁ ရလဒ်နဲ့ ရှုံးနိမ့်ထားပြီး လိဂ် Phase ရဲ့ အဆင့် ၃၄ နေရာမှာ ရှိနေတဲ့ အသင်း ဖြစ်ပါတယ်။ တကယ်တော့ မိုနာကိုမှာ ကစားသမားကောင်းတွေ ရှိပါတယ်။ ဒါပေမယ့်လည်း လက်တလောမှာ ဒဏ်ရာရ ကစားသမားတွေ များပြားနေပြီး ဒီအခြေအနေက ရလဒ်ပိုင်းကိုလည်း ထိခိုက်နေစေပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ပွဲမှာ ဆိုရင် မိုနာကိုက လိုရီးယန့်တ် ကိုတောင် ဂိုးပြတ် ရှုံးနိမ့်ထားပါတယ်။
ပပ် ဂွါဒီယိုလာရဲ့ မန်ချက်စတာစီးတီး ကတော့ အရင်လို ပုံစံကောင်းတွေ ပြန်ရနေပြီး ခြေစွမ်းလည်း ပြန်လည် တည်ငြိမ်လာတာ တွေ့ရပါတယ်။ ချန်ပီယံလိဂ် အဖွင့်ပွဲမှာ ဆိုရင် မန်စီးတီးက နာပိုလီလို တောင့်တင်းတဲ့ အသင်းကို အိမ်ကွင်းမှာ ၂-၀ ရလဒ်နဲ့ အနိုင်ယူပြထားခဲ့ပါတယ်။ နောက်ဆုံး ပွဲမှာ ဆိုရင် မန်စီးတီးက ဘန်လေကို ၅-၁ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး တိုက်စစ်မှူး ဟာလန်း တစ်ယောက်လည်း တော်တော်လေး ဂိုးမြူးနေပါတယ်။ ဟာလန်းက ဒီရာသီမှာ စုစုပေါင်း ၁၁ ပွဲ ကစားပြီး ၁၂ ဂိုး သွင်းယူကာ ၂ ဂိုး ဖန်တီးထားပါတယ်။ လက်ရှိ မိုနာကိုရဲ့ ပေးဂိုး များနေတဲ့ နောက်တန်းကြောင့် မန်စီးတီး တိုက်စစ်က ဂိုးပြတ်သွင်းဖို့ မခက်တဲ့ အခြေအနေ ဖြစ်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ
မန်ချက်စတာစီးတီး ဘက်မှာတော့ ရိုဒရီ၊ ကူဆာနော့ဗ်၊ အစ် နျူရီ၊ မာမွတ်ရှ်၊ ရေယန် ချာကီတို့ လွဲချော်မှာပါ။
ဖြစ်နိုင်ဖွယ် လူစာရင်း

မိုနာကို – ခွန်း၊ တီဇီ၊ ခါရာ၊ မာဝစ်ဆာ၊ ဟင်းနရစ်ခ်၊ မီနာမီနို၊ ဒိုင်ယာ၊ ကူလီဘလီ၊ ဗန်ဒါဆန်၊ ဘိုင်ရက်သ်၊ အီလီနစ်ခ်ဟီနာ
မန်ချက်စတာစီးတီး – ဒွန်နာရမ်းမား၊ နူနက်စ်၊ ဒီးရာ့စ်၊ ဂဗာဒီယိုလ်၊ အိုရွိုင်လီ၊ ဂွန်ဇာလက်ဇ်၊ ဆာဗင်ညို၊ ရိုင်ဒါ၊ ဖိုဒန်၊ ဒိုကု၊ ဟာလန်း
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက ချန်ပီယံလိဂ်မှာ ၂ ကြိမ် တွေ့ဆုံထားခဲ့ပြီး တစ်ကြိမ်စီ အနိုင်ရထားကြပါတယ်။ ၂၀၁၇ ခုနှစ် ချန်ပီယံလိဂ် ၁၆ သင်း အဆင့်မှာ တွေ့ဆုံထားခဲ့တာ ဖြစ်ပြီး မိုနာကိုက မန်စီးတီး ကွင်းမှာ ၅-၃ နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် သူတို့ရဲ့ အိမ်ကွင်း မှာတော့ ၃-၁ ရလဒ်နဲ့ ပြန်လည် အနိုင်ရခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ မိုနာကို နိုင်ရင် ၅.၄၀ ဆ ရမှာ ဖြစ်ပြီး မိုနာကို နိုင်ရင်တော့ ၁.၄၅ ဆ နဲ့ သရေ ဆိုရင်တာ့ ၄.၃၂ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ မန်စီးတီး ဘက်က ကြေးနည်းနည်းပြင်းပြီး ဂိုးပေါင်း ကလည်း ၃ ဂိုးကနေ စဖွင့်ပါတယ်။ မန်စီးတီးရဲ့ လက်ရှိ ခြေစွမ်းအရ မိုနာကို ကို ပြင်သစ်မြေမှာ အလွယ်တကူ အနိုင်ယူဖို့ မခက်ပါဘူး။ မန်စီးတီးနဲ့ ဂိုးပေါ်ကိုပဲ ရွေးချယ်ထားရပါမယ်။
ခန့်မှန်းရလဒ်
မိုနာကို ၁-၃ မန်ချက်စတာစီးတီး
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.