နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အဓိက ပြိုင်ဘက်တွေရဲ့ ခြေချော်မှုကို အခွင့်ကောင်းယူနိုင်ခဲ့ပြန်တဲ့ အာဆင်နယ် | ပရီးမီးယားလိဂ်

အခုတစ်ပတ် ပရီးမီးယားလိဂ်မှာ လစ်ဗာပူးလ်၊ မန်စီးတီး တို့လို အဓိက ပြိုင်ဘက်တွေ ရှုံးပွဲ ကိုယ်စီ တွေ့ခဲ့ချိန်မှာ အာဆင်နယ် ကတော့ အခွင့်ကောင်းယူနိုင်ခဲ့ပြန်ပါတယ်။ အာဆင်နယ်ဟာ မနေ့ညက ပွဲမှာ ကစားရခက်တဲ့ အိုလီဗာ ဂလက်စ်နာရဲ့ ခရစ္စတယ်ပဲလေ့စ်ကို သူတို့ရဲ့ ကစားသမားဟောင်း အက်ဇေးရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ပဲ အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲဟာ အာဆင်နယ် အတွက် ခက်ခဲတဲ့ ပရီးမီးယားလိဂ် ပွဲ ဖြစ်ခဲ့ပြီး အဖိုးတန် နိုင်ပွဲ အဖြစ် တော်တော်လေး ခက်ခက်ခဲခဲ ရယူခဲ့ရတာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ထုံးစံ အတိုင်း သူတို့ရဲ့ အတောင့်တင်းဆုံး လူစာရင်းနဲ့ ပဲလေ့စ်ကို ရင်ဆိုင်သွားခဲ့သလို ပဲလေ့စ် ကလည်း ပုံစံကောင်းရနေတဲ့ အစုအဖွဲ့နဲ့ပဲ ပြိုင်ဘက်ကို အဝေးကွင်းမှာ လာရောက် ဒုက္ခပေးဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ် အတွက် တစ်လုံးတည်းသော ဂိုး ကိုတော့ ခရစ္စတယ်ပဲလေ့စ် ကစားသမားဟောင်း အီဘာရီချီ အက်ဇေးက ပွဲချိန် ၃၉ မိနစ်မှာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာလည်း အာဆင်နယ်က သူတို့ အားသန်တဲ့ Set Piece ကနေပဲ ဂိုးရခဲ့တာ ဖြစ်ပါတယ်။ ဒီကလန် ရိုက်စ်ရဲ့ အလွတ်တည်ကန်ဘော ကနေ ပြန်ကျလာတာကို အက်ဇေးက ကွန်ဖူးကစ်နဲ့ ပိတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၁၆ ဂိုး သွင်းယူထားပြီး ၁၁ ဂိုးက (ပင်နယ်တီ အပါအဝင်) Set Piece ကနေ ဂိုးသွင်းယူထားတာ ဖြစ်ပါတယ်။ Set piece ဂိုး အများစုဟာ အထပ်ထပ် ပိတ်ဆိုထားတဲ့ အသင်းတွေကို သွင်းယူထားတာ ဖြစ်ပြီး အာဆင်နယ် အတွက်တော့ မနှစ်က ခံစစ်ပိတ် ကစားတဲ့ အသင်းတွေနဲ့ ရင်ဆိုင်ရချိန်မှာ ခက်ခဲခဲ့သမျှ ဒီရာသီ မှာတော့ Set Piece တွေနဲ့ အနိုင်ယူကာ ရမှတ်တွေ စုဆောင်းထားနိုင်တာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၁၆ ဂိုး သွင်းယူထားပြီး ၁၁ ဂိုးက (ပင်နယ်တီ အပါအဝင်) Set Piece ကနေ ဂိုးသွင်းယူထားတာ ဖြစ်ပါတယ်။
နောက်ထပ် ပေးဂိုး မရှိ နိုင်ပွဲ ရရှိခဲ့ပြန်တဲ့ အာဆင်နယ်

ပဲလေ့စ် ကတော့ ထိပ်သီး ကလပ်တွေ သူတို့နဲ့ ဘာကြောင့် မရင်ဆိုင်ချင်သလဲ ဆိုတာ ထပ်ပြီး သက်သေပြနိုင်ခဲ့ပါတယ်။ ပဲလေ့စ်ဟာ ခံစစ်ပိုင်း ကျစ်လစ်လွန်းသလို၊ ကြံ့ခိုင်မှုပိုင်းမှာလည်း အထူးကောင်းမွန်ပါတယ်။ နောက်ထပ် အားသာချက် တစ်ခုက တိုက်ရိုက် ပေးပို့မှု တစ်ကြိမ်တည်းနဲ့ ဂိုးဧရိယာထဲကို ရောက်အောင်သွားနိုင်တဲ့ အရည်အသွေးမျိုးလည်း ရှိပါတယ်။ ဒါတွေ ကိုတော့ မက်တေးတား၊ ဆားနဲ့ ဝှာတန် တို့က လုပ်ဆောင်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း တဖက်မှာ ဒီလို တိုက်စစ် ထိရောက်စွာ ကစားနိုင်တဲ့ အသင်းမျိုးကို ဂိုးပေါက်တည့် ကန်ချက် ၁ ကြိမ်သာ ခွင့်ပြုပေးခဲ့ရတဲ့ အာဆင်နယ်ရဲ့ ခံစစ်က ပိုပြီး ချီးကျူးချင်စရာကောင်းခဲ့ပါတယ်။

အာဆင်နယ်ရဲ့ ဒီရာသီ ခံစစ်ပိုင်း ကျစ်လျစ်မှုကြီးက ပြိုင်ဘက်တွေ အတွက် အိမ်မက်ဆိုး ဖြစ်နေရပြီး နောက်ထပ် Clean Sheet နိုင်ပွဲ တစ်ပွဲကို ဖော်ဆောင်နိုင်ခဲ့တာပါ။ ပရီးမီးယားလိဂ် ၉ ပွဲ ကစားပြီးချိန်မှာ Clean Sheet ၆ ပွဲ၊ ရဂိုး ၁၆ ဂိုး ပေးဂိုး ၃ ဂိုး ဆိုတဲ့ အာဆင်နယ်ရဲ့ စွမ်းဆောင်ရည်က ဝေးကွာနေတဲ့ ဆုဖလား အတွက် အဆင်သင့် ဖြစ်နေပြီလားလို့ မေးစရာ ရှိလာပါပြီ။ လက်တလော မှာတော့ အာဆင်နယ်က အမှတ်ပေးဇယား အဆင့် ၂ နေရာက ဘုန်းမောက်ကို ၄ မှတ် ဖြတ်လိုက်ပြီးတော့ အဓိက ပြိုင်ဘက် မန်စီးတီးကို ၆ မှတ်၊ လစ်ဗာပူးလ်ကို ၇ မှတ် အထိ ဖြတ်ထားနိုင်ပြီ ဖြစ်ပါတယ်။ လက်ရှိ ခြေစွမ်းအရ ဆိုရင် အာဆင်နယ် အတွက် လာမယ့် ပွဲစဉ်တွေက မခက်ခဲနိုင်တာကြောင့် အဓိက ပြိုင်ဘက်တွေ ပွဲကြပ်နေချိန် ရမှတ်တွေ ဆက်လက် ဖြတ်တောက်သွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်