ညက ယှဉ်ပြိုင်ကစားသွားတဲ့ လာလီဂါ အဲကလက်စီကို ဒါဘီ မှာတော့ ရီးရဲလ်မက်ဒရစ်က အဓိက ပြိုင်ဘက် ဘာစီလိုနာကို ၂-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒါကြောင့် ဇာဘီ အလွန်ဆိုရဲ့ အသင်းက ဘာစီလိုနာကို လာလီဂါ အမှတ်ပေးဇယားမှာ ၅ မှတ် အထိ ဖြတ်တောက်လိုက်နိုင်ပြီလည်း ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ် အနေနဲ့ ဒီပွဲ မတိုင်ခင် ဘာစီလိုနာနဲ့ နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ်စလုံး ရှုံးနိမ့်ထားခဲ့တာပါ။ ဒါကို နည်းပြ ဇာဘီ အလွန်ဆို အနေနဲ့ သူ့ရဲ့ နည်းပြဘဝ ပထမဦးဆုံး အဲလ်ကလက်ဆီကို ဒါဘီမှာ ဘာစီလိုနာနဲ့ ရင်ဆိုင်ချိန်တိုင်း ဒူးထောက်နေရမှုကို ရပ်တန့်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဒီပွဲမှာ အမှန်တကယ်လည်း ဘာစီလိုနာထက် ခြေစွမ်း ပိုကောင်းခဲ့ပြီး အဓိက ကြယ်ပွင့် ကစားသမားလေး လာမင်း ယာမယ်ကို အကောင်းဆုံး ထိန်းချုပ်ပြသွားခဲ့တာ ချီးကျူးစရာ ဖြစ်ပါတယ်။
အစောပိုင်းမှာ VAR ကြောင့် ဦးဆောင်ခွင့်နဲ့ အကြိမ်ကြိမ် လွဲချော်နေခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ဟာ ပွဲချိန် ၂၂ မိနစ် မှာတော့ ကီလီယန် အမ်ဘာပေးကြောင့် ဦးဆောင်ဂိုး စတင်ရရှိခဲ့ပါတယ်။ အဲဒီနောက် ၃၈ မိနစ်မှာ ဖာမင်း လိုပက်ဇ်က ဘာစီလိုနာ အတွက် ချေပဂိုး ပြန်လည် ရယူပေးခဲ့ပေမယ့် ပထမပိုင်း ပြီးခါနီးမှာ ဂျူ့ဒ် ဘယ်လင်ဟမ်က အိမ်ရှင်တို့ အတွက် နောက်ထပ် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ပွဲက ပိုမြိုင်လာခဲ့ပေမယ့် နှစ်သင်းစလုံး လိုအပ်နေတဲ့ ဂိုးတွေ သွင်းယူနိုင်ခဲ့ခြင်း မရှိတာကြောင့် ၂-၁ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

ပွဲပြီးခါနီးမှာ ဘာစီလိုနာ ဘက်က ပက်ဒရီ နှစ်ဝါ တစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရသလို ပွဲသိမ်းခရာမှုတ်ပြီးချိန်မှာလည်း နှစ်ဖက် အသင်းသားတွေ အချင်းများခဲ့ကြပါတယ်။ လာမင်း ယာမယ် တစ်ယောက် ဒီပွဲမှာ ကော့တွာစ်၊ ဒန်နီ ကာဗာဟယ် တို့နဲ့ ခြေစွမ်းချင်း မယှဉ်နိုင်ခဲ့တဲ့နောက် လက်ရည်ချင်း ယှဉ်ရအောင် ဆိုပြီး နောက်က လိုက်ခဲ့ဖို့ စိန်ခေါ်ခဲ့တာကြောင့်လည်း အဲလ်ကလက်ဆီကိုဒါဘီရဲ့ ထုံးစံအတိုင်း ပွဲပြီးတဲ့ အချိန်ထိ ရင်ခုန်စရာကောင်းခဲ့ပါတယ်။ တကယ်တော့ ယာမယ်ဟာ ဒီပွဲ မစခင်မှာ ရီးရဲလ်မက်ဒရစ်ကို လေတိုက်ထားခဲ့တာလည်း ဖြစ်ပါတယ်။
ဒီပွဲမှာ အမ်ဘာပေးက ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပေမယ့် တကယ်တမ်း ပိုကောင်းခဲ့တာက ဘယ်လင်ဟမ် ဖြစ်ပါတယ်။ သူ့ရဲ့ ဘာစီလိုနာ ခံစစ်ကြောင်းကို ထိုးဖောက် ပေးပိုမှုတွေက တော်တော်လေး ထိရောက် ကောင်းမွန်ခဲ့တာပါ။ ပထမဦးဆောင်ဂိုး အတွက် ပံ့ပိုးမှု၊ အနိုင်ဂိုး ဖြစ်လာစေမယ့် ဒုတိယ သွင်းဂိုး အပြင်၊ ဆက်ဇီနီ ကာကွယ်သွားတဲ့ ပယ်နယ်တီ ကလည်း သူ့ရဲ့ ထိုးဖောက်မှုကြောင့်ပဲ ရခဲ့တာ ဖြစ်ပါတယ်။ ဒီစွမ်းဆောင်မှုတွေနဲ့ အတူပဲ ဘယ်လင်ဟမ်က အဲလ်ကလက်ဆီကို ဒါဘီမှာ ရီးရဲလ် အတွက် သွင်းဂိုးရော၊ ဖန်တီးမှုပါ ပြုလုပ်နိုင်ခဲ့တဲ့ အသက်အငယ်ဆုံး ကစားသမားလည်း ဖြစ်ခဲ့ပါသေးတယ်။ ဒီနိုင်ပွဲကြောင့် ရီးရဲလ်မက်ဒရစ်ဟာ ရမှတ် ၂၇ မှတ်နဲ့ လာလီဂါ အမှတ်ပေးဇယားကို ဦးဆောင်လိုက်ပြီး ဘာစီလိုနာကို ၅ မှတ် ဖြတ်နိုင်ခဲ့ပါတယ်။ ဘာစီလိုနာ ကတော့ ဒီရာသီ လာလီဂါမှာ ဒုတိယမြောက် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ကို အမှီလိုက်နိုင်ဖို့ ကြိုးစားရတော့မှာ ဖြစ်ပါတယ်။ ဘာစီလိုနာဟာ ပြီးခဲ့တဲ့ ရာသီက ဟန်ဆီ ဖလစ်ခ် လက်အောက်မှာ အကောင်းဆုံး ခြေစွမ်းတွေကို ပြသပြီး ဆုဖလားတွေ ရယူနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ခြေစွမ်းပိုင်း မတည်ငြိမ်မှုနဲ့ အတူ ပြည်တွင်းရော၊ ဥရောပမှာပါ ရုန်းကန်နေရတာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


