နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အာဆင်နယ်က တိုးတက်လာပေမယ့် ပရီးမီးယားလိဂ် ချန်ပီယံ မဖြစ်နိုင်သေးဘူးလို့ ယုံကြည်နေတဲ့ ဒေးဗစ် ဂျိမ်းစ်

လစ်ဗာပူးလ်နဲ့ မန်ချက်စတာစီးတီး ဂိုးသမားဟောင်း ဒေးဗစ် ဂျိမ်းစ် ကတော့ အာဆင်နယ် အနေနဲ့ ဒီရာသီမှာ ဆိုးရွားတဲ့ ရာသီ ဖြစ်မယ်လို့ ဟောကိန်းထုတ်လာခဲ့ပါတယ်။ ဂျိမ်းစ်က သူ့အနေနဲ့ အာဆင်နယ်တို့ လက်ရှိမှာ ပြသနေတဲ့ စွမ်းဆောင်ရည်ကို အမှန်တကယ် အထင်ကြီးပေမယ့် ပရီးမီးယားလိဂ် ဖလားတော့ မရနိုင်သေးဘူးလို ထင်မြင်နေခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ခရစ္စတယ်ပဲလေ့စ်ကို ၁-၀ နဲ့ အနိုင်ရခဲ့ပြီးနောက် ၁၀ ပွဲဆက် ရှုံးပွဲ မရှိစံချိန်နဲ့ အတူ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံး ကနေ ၄ မှတ်ဖြတ် ဦးဆောင်လိုက်တာလည်း ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဆုဖလား အတွက် အဓိက ပြိုင်ဘက် မန်ချက်စတာစီးတီးကို ၆ မှတ် ဖြတ်လိုက်ပြီး လစ်ဗာပူးလ် ကိုလည်း ၇ မှတ် အထိ ဖြတ်နိုင်ခဲ့တာပါ။ လက်ရှိ ချန်ပီယံ အာနေး ဆလော့တ်ရဲ့ လစ်ဗာပူးလ် ကတော့ ၄ ပွဲဆက် ရှုံးပွဲနဲ့ အတူ ထိပ်ဆုံး ၄ နေရာ အပြင်ကို ရောက်သွားခဲ့ပြီး မန်စီးတီး ကလည်း အက်စတွန်ဗီလာကို ရှုံးနိမ်ခဲ့ပြီးနောက် အဆင့် ၅ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ လက်ရှိမှာ အာဆင်နယ်ကို အနီးကပ် ဖိအားပေးနေတာက ဘုန်းမောက်၊ စပါးနဲ့ တန်းတက် အသင်း ဆန်းဒါးလန်း တို့ပဲ ရှိနေပါတယ်။

ဒါပေမယ့်လည်း အင်္ဂလန် ဂိုးသမားဟောင်း ဒေးဗစ် ဂျိမ်းစ်က လက်ရှိမှာ တည်ငြိမ်တဲ့ ခြေစွမ်းရှိနေတဲ့ အာဆင်နယ်ကို အထင်ကြီးနေပေမယ့် ၂၀၀၄ ခုနှစ် နောက်ပိုင််း ပထမဆုံးအကြိမ် အမှတ်ပေးဖလားကို ရယူနိုင်မယ်လို့တော့ ယုံကြည်ခြင်း မရှိနေတာ ဖြစ်ပါတယ်။ ဒီအပေါ် ဂျိမ်းစ်က “အာဆင်နယ်က အဆင့် ၄ နေရာနဲ့ ပြီးဆုံးမယ်လို ပြောဖို့က ကျွန်တော် ရူးမိုက်ရာကျပါမယ်။ မပြောပါဘူး။ ကျွန်တော် အမှတ်ပေးဇယား ထိပ်ဆုံး နေရာနဲ့ ပတ်သက်တဲ့ ကျွန်တော့်စိတ် ကိုတော့ မပြောင်းလဲသေးပါဘူး။ အာဆင်နယ်နဲ့ ပတ်သက်ပြီး ကျွန်တော် တကယ် သဘောကျတဲ့အရာ ရှိပါတယ်။ ကိန်းဂဏန်းတွေကို သဘောကျတယ်။ သူတို့တွေက မတူညီတဲ့ နေရာတွေမှာ အများကြီး တိုးတက်လာခဲ့တယ်။ အရင်တုန်းက သူတို့တွေ ဂိုးပေးခဲ့ရရင် ဒုတိယပိုင်းကျရင် ဂိုးမသွင်းနိုင်ပါဘူး။ အဲဒါက ရာသီအချိန် အများစုမှာ ရူးကြောင်ကြောင်နိုင်တဲ့ ကိန်းဂဏန်း ဖြစ်ခဲ့ပါတယ်။”

အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ တည်ငြိမ်တဲ့ ရလဒ်တွေ ပိုင်ဆိုင်ထားသလို ချန်ပီယံလိဂ် မှာလည်း ၃ ပွဲ ကစားပြီးချိန်မှာ ၃ ပွဲစလုံး အနိုင်ရထားပြီး ပေးဂိုး လုံးဝ မရှိသေးတဲ့ အသင်း အဖြစ် ရပ်တည်နေပါတယ်။
ချန်ပီယံလိဂ် မှာလည်း ၃ ပွဲ ကစားပြီးချိန်မှာ ၃ ပွဲစလုံး အနိုင်ရထားတဲ့ အာဆင်နယ်

“အဲဒါက တကယ်ကို ရူးကြောင်ကြောင်နိုင်ခဲ့ပါတယ်။ အဝတ်လဲခန်းထဲမှာ ဘာတွေ ဖြစ်နေကြတာလဲလို့ ကျွန်တော် မေးခွန်းထုတ်ခဲ့ဖူးတယ်။ အခုတော့ အဲဒါက ပြောင်းလဲသွားခဲ့ပါပြီ။ သူတို့တွေက ပထမပိုင်း အပြီးမှာ ရှုံးနေရင်တောင် နိုင်ပွဲ ပြန်ယူနိုင်တဲ့ အနေအထား ဖြစ်လာပြီ။ သူတို့တွေ အစောပိုင်း ဂိုးပေးခဲ့ရပြီး သရေကျခဲ့တဲ့ မန်စီးတီးပွဲကို ပြန်ကြည့်ရင် သူတို့တွေက ရယ်စရာကောင်းတဲ့ ခံစစ်ကစားပုံကြောင့်သာ မဟုတ်ခဲ့ရင် အမ်းမရိတ်စ်မှာ အဲဒီပွဲကို အနိုင်ရခဲ့မှာပါ။ အဲဒီတော့ အဲဒီနေရာမှာ တိုးတက်မှုတွေ ရှိလာတယ်လို့ ပြောလို့ ရပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဆက်လက်ပြီး ဂျိမ်းစ်က “သူတိုအတွက် စာမေးပွဲက အခု သူတို့တွေ ဇယားထိပ်ဆုံးမှာ ရှိနေပြီး အဲဒါကို ဘယ်လိုမျိုး ဆက်လက် ကိုင်တွယ်နိုင်မလဲ ဆိုတာ ဖြစ်ပါတယ်။ ဒီလို ပြောရတဲ့ နောက်ထပ် သတိပြုစရာ အခြေအနေ တစ်ခု ရှိနေသေးတယ်။ ဘာလို့လဲ ဆိုတော့ ပြီးခဲ့တဲ့ ရာသီမှာ သူတို့ ချန်ပီယံလိဂ် ၁၄ ပွဲ ကစားခဲ့ရပါတယ်။ အဲဒါက သူတို့တွေ အဲဒီပွဲတွေ မတိုင်ခင် လိဂ်ပွဲ ၁၄ ပွဲ ကစားခဲ့ရတယ်လို့ ဆိုလိုတာ ဖြစ်ပြီး အဲဒီပွဲတွေထဲက ၄ ပွဲပဲ အနိုင်ရခဲ့တယ်။ အဲဒါက သူတို့တွေ ချန်ပီယံလိဂ် အပေါ် မှာပဲ ကျိန်းသေပေါက် အာရုံစိုက်ခဲ့တယ် ဆိုတာ ပေါ်လွင်ပါတယ်။ ဒီတော့ နည်းပြ မီခဲလ် အာတေးတား အနေနဲ့ သူ့အသင်းကို ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်မှာ ဘယ်လိုမျိုး ဟန်ချက်ညီအောင် ကိုင်တွယ်မလဲ ဆိုတာ စောင့်ကြည့်ရပါမယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ တည်ငြိမ်တဲ့ ရလဒ်တွေ ပိုင်ဆိုင်ထားသလို ချန်ပီယံလိဂ် မှာလည်း ၃ ပွဲ ကစားပြီးချိန်မှာ ၃ ပွဲစလုံး အနိုင်ရထားပြီး ပေးဂိုး လုံးဝ မရှိသေးတဲ့ အသင်း အဖြစ် ရပ်တည်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်