နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အလွန်ဆိုနဲ့ ပြဿနာ အကြီးအကျယ် တက်ပြီးနောက် ရီးရဲလ်မက်ဒရစ် ကနေ ထွက်ခွာနိုင်ခြေ များလာတဲ့ ဗင်နီးစီးယပ်စ် | လာလီဂါ

ဗင်နီးစီးယပ်စ် ဂျူနီယာ ကတော့ လာလီဂါ ထိပ်သီး ကလပ် ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာပါတယ်။ လက်ရှိ ဘရာဇီးလ်သားရဲ့ ရီးရဲလ်မက်ဒရစ်နဲ့ အဆင်မပြေတဲ့ အခြေအနေတွေကြောင့် သူ့ကို ခေါ်ယူလိုနေတဲ့ အသင်းတွေ အတွက်တော့ သတင်းကောင်းလည်း ဖြစ်လာခဲ့ပါတယ်။ 

အသက် ၂၅ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဗင်နီးစီးယပ်စ်ဟာ နည်းပြ ဇာဘီ အလွန်ဆိုနဲ့ ဆက်ဆံရေး အဆင်မပြေတော့သလို အဲလ်ကလက်ဆီကိုဒါဘီမှာ အလွန်ဆိုက သူ့အပေါ် လေးစားမှု မရှိကြောင်း စွပ်စွဲ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့က ဘာစီလိုနာကို အနိုင်ရခဲ့တဲ့ လာလီဂါ ပွဲစဉ်ရဲ့ ဒုတိယပိုင်း ၈၂ မိနစ်မှာ အလွန်ဆိုက ဗင်နီးစီယပ်စ်ကို လူစားလဲခဲ့ရာ ကနေ အခုလို ပြဿနာတွေ တက်ခဲ့တာပါ။ လူစားလဲခံရချိန်မှာ ဗင်နီးစီးယပ်စ်က မကျေမနပ်နဲ့ ဒေါသပေါက်ကွဲခဲ့ပြီး အလွန်ဆိုရဲ့ ဆုံးဖြတ်ချက် အပေါ် မေးခွန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။ ရုပ်သံ ပြကွက်တွေ မှာတော့ ဗင်နီးစီးယပ်စ်က “ကျွန်တော့်ကို လူစားလဲတာလား။ ကျွန်တော့်ကို လူစားလဲတာလား။” ဆိုပြီးတော့ အလွန်ဆိုကို အော်ဟစ် ပြောဆိုခဲ့တာ မြင်တွေ့ရပါတယ်။ 

အဲဒီနောက် ကွင်းထဲကနေ ထွက်လာချိန်မှာလည်း ဗင်နီးစီးယပ်စ်ဟာ ဒေါသတကြီး ဖြစ်နေခဲ့ပြီး “ငါ့ကိုပဲ လူစားလဲနေတာပဲ။ ဒီအသင်း ကနေ ထွက်တော့မယ်။ ဒီအသင်းက ငါ ထွက်လိုက်တာပဲ ကောင်းမယ်။” လို့ အော်ဟစ်ပြီးတော့ အဝတ်လဲခန်းထဲကို တစ်ခါတည်း ဝင်သွားခဲ့သလို နောက်ပိုင်းမှ အရန်ခုံတန်းဆီ ပြန်လာထိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဗင်နီးစီးယပ်စ်ဟာ လာလီဂါ ကလပ်မှာ တစ်ပတ်ကို ပေါင် ၃၅၀,၀၀၀ အထိ လစာငွေ ရရှိနေသလို သူ့ရဲ့ လက်ရှိ ဈေးကွက် တန်ကြေး ကလည်း ပေါင် သန်း ၁၃၀ ဝန်းကျင် ရှိနေပါတယ်။
နည်းပြ ဇာဘီ အလွန်ဆိုနဲ့ အကြီးအကျယ် သဘောထားကွဲလွဲနေတဲ့ ဗင်နီးစီးယပ်စ်

လက်ရှိ မှာတော့ ဗင်နီးစီးယက်စ်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ထွက်ပေါ်လာတဲ့ သတင်းတွေ အရ ဗင်နီးစီယပ်စ်နဲ့ အလွန်ဆို တို့ရဲ့ ဆက်ဆံရေးက ပြန်လည် ပြင်ဆင်ဖို မလွယ်တော့တာကြောင့် အသင်းနဲ့ လမ်းခွဲဖို့ ရှိနေကြောင်း သိရပါတယ်။ ဗင်နီးစီယပ်စ်ဟာ ရီးရဲလ်မက်ဒရစ် အတွက် ပွဲပေါင်း ၃၁၆ ပွဲ ကစား၊ ၁၁၁ ဂိုး သွင်းယူခဲ့ပြီး အသင်းနဲ့ အတူ ချန်ပီယံလိဂ် ဖလား ၂ ကြိမ် အပါအဝင် ကြီးမားတဲ့ ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပါတယ်။ 

ဗင်နီးစီးယပ်စ်ဟာ လာလီဂါ ကလပ်မှာ တစ်ပတ်ကို ပေါင် ၃၅၀,၀၀၀ အထိ လစာငွေ ရရှိနေသလို သူ့ရဲ့ လက်ရှိ ဈေးကွက် တန်ကြေး ကလည်း ပေါင် သန်း ၁၃၀ ဝန်းကျင် ရှိနေပါတယ်။ ဒါ့အပြင် ရီးရဲလ်မက်ဒရစ်နဲ့ ၂၀၂၇ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့ ဗင်နီရဲ့ စာချုပ်ဖျက်သိမ်းကြေး ကလည်း တော်တော်လေး မြင့်မားနေပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာ ဗင်နီးစီးယပ်စ်နဲ့ အလွန်ဆို တို့ရဲ့ အကွဲအပြဲ ဇာတ်လမ်းကြောင့် ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေက လာမယ့် ဇန်နဝါရီမှာ ဘရာဇီးလ်သားကို ခေါ်ယူဖို့ ကြိုးပမ်းသွားမယ့် အခြေအနေ ဖြစ်လာခဲ့ပါပြီ။

တစ်ဖက်မှာလည်း ဗင်နီးစီးယပ်စ်ကို ငွေပုံပေး ခေါ်ယူချင်နေတဲ့ ဆော်ဒီပရိုလိဂ် ထိပ်သီး ကလပ် များစွာ ရှိနေပြီး ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေ မှာတော့ အဲလ်အာလီ၊ အဲလ်ဟီလယ် တို့လို အသင်းတွေနဲ့ ဆက်တိုက် သတင်းတွေ ထွက်ခဲ့ဖူးလို့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကစားသမားက ဥရောပရဲ့ အမြင့်ဆုံး အဆင့်တွေမှာ အောင်မြင်မှုတွေ ရယူလိုနေဆဲ ဖြစ်တာကြောင့်တော့ ဆော်ဒီပရိုလိဂ်ကို ရွေးချယ်ဖို့ ကတော့ ဖြစ်နိုင်ချေ တော်တော်လေးကို နည်းနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်