အာဆင်နယ် နည်းပြ မီခဲလ် အာတေးတာ ကတော့ ဒီနေ့ည ဘရိုက်တန်နဲ့ ယှဉ်ပြိုင်ကစားမယ့် ခရာဘောင်ဖလား စတုတ္ထအဆင့် ပွဲစဉ်မှာ အဓိက ကစားသမား နှစ်ဦး လွဲချော်မယ်လို့ အတည်ပြုထားပါတယ်။ အာတေးတားရဲ့ ပြောကြားချက်အရ ဒီပွဲကို ပြင်သစ် နောက်ခံလူ ဝီလီယမ် ဆလီဘာနဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမား ဂါဘရီရယ် မာတင်နယ်လီတို လွဲချော်မှာ ဖြစ်ကြောင်း သိရပါတယ်။
ဒီကစားသမား နှစ်ဦးဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဒဏ်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ဒီပွဲကို လွဲချော်တာ ဖြစ်ပါတယ်။ သတင်းတွေအရ ဆိုရင် သူတို့ နှစ်ဦးစလုံးက လာမယ့် ဝက်စ်ဟမ်းနဲ့ ပွဲစဉ်မှ ပြန်လည် ကစားပေးနိုင်ဖွယ် ရှိနေကြောင်း သိရပါတယ်။ အဲဒီနောက် အာတေးတားက ဒီကလန် ရိုက်စ်၊ ဘူကာယို ဆာကာနဲ့ ကာလာဖီအိုရီ တို့ကတော့ ဘရိုက်တန်နဲ့ ပွဲမှာ ပါဝင်ကစားဖို့ အသင့်ဖြစ်နေကြောင်း ပြောကြားခဲ့ပေမယ့် ပွဲထွက် လူစာရင်းကို အပြောင်းအလဲ များစွာ ပြုလုပ်ဖွယ် ရှိနေကြောင်း ထင်ကြေးပေးမှုတွေ ရှိနေပါတယ်။

ဂန်းနားတွေဟာ ဒီရာသီ ပြိုင်ပွဲမျိုးစုံမှာ ဆက်တိုက် ယှဉ်ပြိုင် ကစားနေရတာ ဖြစ်ပါတယ်။ ဒါကြောင့် နည်းပြ မီခဲလ် အာတေးတားက ခရာဘောင်ဖလားလို သိပ်ပြီး အရေးမကြီးတဲ့ ပြိုင်ပွဲမှာ အဓိက ကစားသမားတွေကို အနားပေးပြီး အရန် ကစားသမားတွေ ကိုပဲ အသုံးပြုဖွယ် ရှိနေကြောင်း ထင်ကြေးပေးမှုတွေ ရှိနေကြတာပါ။ ဒီပွဲမှာတော့ ဂိုးသမား ကီပါနဲ့ အတူ ခံစစ်မှာ ဘန် ဝှိုက်၊ ခရစ္စသီယန် မော့စ်ကွီယာ၊ လီဝစ် စကယ်လီ၊ ဟင်ကပ်ပီတို့ ပွဲထွက် ကစားခွင့်ရနိုင်ဖွယ် ရှိနေသလို တိုက်စစ် မှာတော့ ဗစ်တာ ယိုကီးရက်စ် အစား မာရင်နိုကို ပွဲထုတ်လာဖွယ် ရှိနေပါတယ်။ ဒါ့အပြင် ဆယ်ကျော်သက် ကြယ်ပွင့် ကစားသမားလေး မက်စ် ဒေါင်းမန်းလည်း အရန်စာရင်းမှာ ပါဝင်လာနိုင်ကြောင်း လန်ဒန် အခြေစိုက် မီဒီယာတွေက သုံးသပ် ဖော်ပြနေကြပါတယ်။
ခရာဘောင်ဖလား ပွဲစဉ် မတိုင်ခင် သတင်းစာ ရှင်းလင်းပွဲမှာ အခု အာတေးတားက “ဆာလီဘာဟာ ဘရိုက်တန်နဲ့ ပွဲကို လွဲချော်မှာပါ။ သူ့ဒဏ်ရာကို ကျွန်တော်တို စစ်ဆေးမှုတွေ ပြုလုပ်နေပြီး လာမယ့်ပွဲ မှာတော့ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ မာတင်နယ်လီ ကလည်း လာမယ့် ပွဲမှာ ပါဝင်နိုင်ဖို မရှိပါဘူး။ သူ့ဒဏ်ရာ အခြေအနေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ နောက်ထပ် စမ်းသပ် စစ်ဆေးမှုတွေ ပြုလုပ်သွားမှာပါ။ ဒါပေမယ့် ဘရိုက်တန်နဲ့ ပွဲမှာ ပါဝင်နိုင်ဖို့ ကတော့ သူ့အတွက် စောလွန်းပါသေးတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
အာဆင်နယ် ကတော့ ဘရိုက်တန်နဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၁၉ ကြိမ်မှာ ၈ ကြိမ်နိုင်၊ ၆ ကြိမ် ရှုံးပြီး ၅ ကြိမ် သရေကျခဲ့ပါတယ်။ ခရာဘောင်ဖလား မှာတော့ ၁ ကြိမ်သာ တွေ့ဆုံထားပြီး ဘရိုက်တန်က အမ်းမရိတ်စ်မှာ ၁-၃ နဲ့ အနိုင်ရထားပါတယ်။ အမ်းမရိတ်စ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ကြိမ် မှာလည်း ဘရိုက်တန်က ၃ ကြိမ် အထိ အနိုင်ရပြီး အာဆင်နယ်က ၁ ကြိမ်နိုင်၊ ၁ ကြိမ် သရေသာ ကစားနိုင်ခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


