နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

စပယ်လက်တီကို ရေတိုစာချုပ်ချုပ်ဆိုကာ ခန့်အပ်ခဲ့တဲ့ ဂျူဗင်တပ်စ် | စီးရီးအေ

ဂျူဗင်တပ်စ် ကတော့ စီးရီးအေ ဝါရင့် နည်းပြဟောင်း တစ်ဦး ဖြစ်တဲ့ လူစီယာနို စပယ်လက်တီကို နည်းပြသစ် အဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းu ခရိုအေးရှား လူမျိုး နည်းပြ အီဂေါ တူဒေါကို ရာထူး ကနေ ထုတ်ပယ်ခဲ့ပြီးနောက် အီတလီ လူမျိုး နည်းပြ စပယ်လက်တီကို ပြန်လည် အစားထိုး ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်ဟာ နည်းပြဟောင်း တူဒေါ လက်ထက်မှာ စီးရီးအေ အဖွင့် ပွဲစဉ် ၃ ပွဲဆက် အနိုင်ရရှိခဲ့ပြီးနောက်မှာ ဆက်တိုက်ကို နိုင်ပွဲ ပျောက်နေခဲ့တာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်ဟာ ဒေါ့မန်၊ ဗီရိုနာ၊ အတ္တလန္တာ၊ ဗီလာရီးရဲလ်၊ အေစီမီလန် တို့နဲ့ သရေကျခဲ့ပြီး ကိုမို၊ ရီးရဲလ်မက်ဒရစ်နဲ့ လာဇီယို တို့ကိုတော့ ရှုံးနိမ့်ခဲ့ကာ တူဒေါကို ထုတ်ပယ်ပြီးမှသာ နိုင်ပွဲ ပြန်ရခဲ့တာ ဖြစ်ပါတယ်။ 

ဂျူဗီဟာ တူဒေါ လက်ထက်မှာ ၂၄ ပွဲ ကစားပြီး ၁၀ ပွဲ နိုင်ခဲ့ပေမယ့် ၈ ပွဲ သရေ၊ ၆ ပွဲအထိ ရှုံးနိမ့်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်ဟာ ချန်ပီယံလိဂ် မှာလည်း လိဂ် အဆင့် ပွဲစဉ် ၃ ပွဲ ကစားပြီးချိန်အထိ နိုင်ပွဲ လုံးဝ မရသေးပဲ ၂ ပွဲသရေ၊ ၁ ပွဲ ရှုံးထားပြီး အဆင့် ၂၅ နေရာမှာ ရပ်တည်နေပါတယ်။ တူရင် ကလပ်က အသင်းကို ယာယီ ကိုင်တွယ်ပေးခဲ့တဲ့ လူငယ်အသင်း နည်းပြ ဘရမ်ဘီလာနဲ့ အတူ အူးဒီးနီးစ်ကို အနိုင်ရခဲ့တာ ဖြစ်ပြီး ခရီမိုနိစ်နဲ့ ပွဲစဉ်က စပြီးတော့ စပယ်လက်တီက လက်လွှဲ တာဝန်ယူသွားတော့မှာ ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်ဟာ နည်းပြဟောင်း တူဒေါ လက်ထက်မှာ စီးရီးအေ အဖွင့် ပွဲစဉ် ၃ ပွဲဆက် အနိုင်ရရှိခဲ့ပြီးနောက်မှာ ဆက်တိုက်ကို နိုင်ပွဲ ပျောက်နေခဲ့တာ ဖြစ်ပါတယ်။
ဒီရာသီ စီးရီးအေမှာ နိုင်ပွဲ ၄ ပွဲသာ ရရှိထားတဲ့ ဂျူဗင်တပ်စ်

လက်ရှိ မှာတော့ ဂျူဗင်တပ်စ်က စီးရီးအေ ပွဲစဉ် ၉ ပွဲ ကစားပြီးချိန် အထိ နိုင်ပွဲ ၄ ပွဲ၊ သရေ ၃ ပွဲ၊ ရှုံးပွဲ ၂ ပွဲ ရှိထားပြီး အမှတ်ပေးဇယား အဆင့် ၇ နေရာကို ရောက်ရှိနေပါတယ်။ ဂျူဗီက ဇယားထိပ်က နာပိုလီနဲ့ ၆ မှတ် ကွာဟနေခဲ့ပြီး နည်းပြသစ်နဲ့ အတူ ရလဒ်ကောင်းတွေ ရှာဖွေသွားနိုင်မလား ဆိုတာ အသင်း ပရိသတ်တွေ ကတော့ ရင်ခုန်နေကြပါတယ်။ 

အသက် ၆၆ နှစ် ရှိပြီ ဖြစ်တဲ့ စပယ်လက်တီဟာ အီတလီ လက်ရွေးစင် အသင်း အပါအဝင် အီတလီ ကလပ်တွေ ဖြစ်တဲ့ အမ်ပိုလီ၊ ဆမ်ဒိုးရီးယား၊ အူးဒီးနီးစ်၊ ဗင်နီဇီယာ၊ ရိုးမား (၂ ကြိမ်)၊ အင်တာမီလန်၊ နာပိုလီ တို့ကို ကိုင်တွယ်ခဲ့ဖူးပါတယ်။ ရုရှား ကလပ် ဇင်းနစ် ကို ကိုင်တွယ်ခဲ့ဖူးတဲ့ စပယ်လက်တီရဲ့ နောက်ဆုံး ကိုင်တွယ်ခဲ့တဲ့ ကလပ် ကတော့ နာပိုလီ ဖြစ်ပြီး စီးရီးအေ ချန်ပီယံဆုလည်း ရယူပေးနိုင်ခဲ့ပါတယ်။ နာပိုလီဟာ စပယ်လက်တီ လက်ထက်မှာ နိုင်ပွဲ ရာခိုင်နှုန်း ၆၅ ရာခိုင်နှုန်း ရှိခဲ့ပြီး ရိုးမား ကိုတော့ ၆၇ ရာခိုင်နှုန်းအထိ ရရှိအောင် စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။

စပယ်လက်တီရဲ့ တခြားသော အောင်မြင်မှုတွေ အနေနဲ့ ကတော့ ဇင်းနစ်နဲ့ အတူ အမှတ်ပေး ချန်ပီယံ ၂ ကြိမ်နဲ့ ရုရှားဖလား ၁ ကြိမ်၊ ရိုးမားနဲ့ စူပါဖလား ၁ ကြိမ်၊ ကိုပါ အီတလီယာ ဖလား တစ်ကြိမ် ရယူခဲ့ဖူးပါတယ်။

စပယ်လက်တီက နာပိုလီဟာ သူ့ရဲ့ နောက်ဆုံး ကလပ် အသင်း ဖြစ်ကြောင်းနဲ့ အီတလီမှာ တခြားသော ကလပ်တွေကို ထပ်မံ ကိုင်တွယ်ဖွယ် မရှိတော့ကြောင်း ပြောကြားခဲ့ဖူးပေမယ့် အခုတော့ ဂျူဗင်တပ်စ်နဲ့ စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်ဟာ စပယ်လက်တီကို ရာသီကုန် အထိသာ စာချုပ်ချုပ်ဆိုခဲ့ပေမယ့် ချန်ပီယံလိဂ် ဝင်ခွင့် ရယူနိုင်ခဲ့ရင်တော့ ဆက်လက် စာချုပ်ချုပ်ဆိုမယ့် သဘောတူညီချက်လည်း ပါဝင်ကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်