အာဆင်နယ် ကတော့ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ပွဲစဉ် ၁၀ မှာ ဘန်လေကို တက်ဖ်မောမှာ ၀-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲမှာလည်း အာဆင်နယ်က ပြိုင်ဘက်ကို အဘက်ဘက်က အသာစီးနဲ့ ကစားခဲ့ပြီးတော့ ဘန်လေတို့ ဂိုးပေါက်တည့်မှု တစ်ကြိမ်မှ မရှိတဲ့ အထိ စွမ်းဆောင်သွားနိုင်ခဲ့ပါတယ်။
အခုပွဲကို ဘန်လေ ဘက်က ရောဘတ်၊ ဘီယာ၊ အမ်ဒွန်နီ တို့က လွဲလို့ အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပြီးတော့ အာဆင်နယ် ဘက်မှာလည်း အိုဒီဂတ်၊ မာတင်နယ်လီ၊ ဟာဗက်ဇ်၊ မာဒူခေး တို့က လွဲလို့ လူစုံခဲ့ပါတယ်။ မီခဲလ် အာတေးတား အနေနဲ့ ပြီးခဲ့တဲ့ ပွဲတွေက ပွဲထွက်လူစာရင်းကိုပဲ အသုံးပြုလာခဲ့တာ ဖြစ်ပြီးတော့ ပွဲချိန် နှောင်းပိုင်းမှပဲ လူစားလဲလှယ် ကစားသွားခဲ့တာ ဖြစ်ပါတယ်။
ထုံးစံအတိုင်း အာဆင်နယ်တို့ ထောင့်ကန်ဘော ကနေပဲ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီးတော့ ဒီကလန် ရိုက်စ်ရဲ့ အရည်အသွေးမြင့် ထောင့်ကန်ဘော ကနေ ဂါဘရီရယ် ဧရိယာထဲ ပြေးဝင်ပြီး ခေါင်းတိုက် ပြန်ချပေးတာကို အသင့်စောင့်နေတဲ့ ယိုကီးရက်စ်က ခေါင်းတိုက်ပြီးပဲ အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။ ဗဟိုခံစစ်မှူးစစ်စစ် ဂါဘရီရယ်က ဒီရာသီမှာ ၂ ဂိုးသွင်း ၃ ဂိုး ဖန်တီးပေးထားပြီးပါပြီ။ ယိုကီးရက်စ် ကလည်း အာဆင်နယ်မှာ သွင်း ဂိုး ၆ ဂိုး အထိ ရရှိထားပြီး ဒီနေ့ပွဲမှာတော့ ရှယ်ခြေစွမ်းကို ပြသနိုင်ခဲ့တာ တွေ့ရပါတယ်။ ဒုတိယဂိုး ကလည်း ယိုကီးရက်စ်ရဲ့ အကွက်မြင် တိကျတဲ့ Passing ကနေ ထရော့ဆက်ဒ် ပြန်တင်ပေးတာကို ဒီကလန် ရိုက်စ်က ခေါင်းတိုက်က သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ထရော့ဆက်ဒ် ကတော့ အာဆင်နယ် ကစားသမားဘဝ ပွဲ ၁၀၀ မြောက်မှာ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။

ရိုက်စ် ကတော့ တစ်ပွဲလုံး နေရာလပ်မကျန်အောင် ကစားပြနိုင်ခဲ့ပြီး ဂိုးလည်းသွင်းနိုင်ခဲ့ပါတယ်။ ရိုက်စ်ရဲ့ ဒီပွဲ စွမ်းဆောင်ရည်တွေကို ကြည့်မယ် ဆိုရင် ဘောလုံးထိချက် အများဆုံး (၉၄ ကြိမ်)၊ duels won အများဆုံး (၉ ကြိမ်)၊ ဘောလုံး ပိုင်ဆိုင်မှု အများဆုံး (၉ ကြိမ်)၊ Final third ထဲကို ဝင်ရောက်မှု အများဆုံး ၉ ကြိမ်၊ ဖျက်ထုတ်မှု အများဆုံး (၅ ကြိမ်)၊ ကြားဖြတ်လုယူမှု အများဆုံး (၅ ကြိမ်)၊ Joint- aerial duels အသာရမှု အများဆုံး (၃ ကြိမ်) ဆိုပြီး ခပ်ကြမ်းကြမ်း စွမ်းဆောင်ရည်ကို ပြသသွားခဲ့တာ ဖြစ်ပါတယ်။ ရိုက်စ် အနေနဲ့ သူ့ အတွက် ပေးချေခဲ့ရတဲ့ မြင့်မားတဲ့ တန်ကြေးနဲ့ ထိုက်တန်ကြောင်း ထပ်မံ ပြသသွားခဲ့တဲ့ ပွဲလို့ပဲ ဆိုရမှာပါ။
ဒီတော့ အာဆင်နယ်တို့ Clean Sheet နဲ့ ထပ်မံ အနိုင်ရခဲ့ပြီး ၇ ပွဲဆက် ပေးဂိုး မရှိနိုင်ခဲ့သလို ပြိုင်ပွဲစုံ မှာတော့ ၉ ပွဲဆက် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ နောက်ထပ် တစ်ကြိမ် ပြိုင်ဘက်ကို ငြိမ့်ညောင်းစွာနဲ့ လိုသလို ထိန်းချုပ်ကစားသွားခဲ့တာပါ။ ခံစစ် ကလည်း လေမတိုးခဲ့တဲ့ အထိ ပြိုင်ဘက်ကို ဂိုးပေါက်တည့် ကန်ချက် ၁ ကြိမ်တောင် ခွင့်မပြုပေးခဲ့ရပြန်ပါဘူး။ ပြိုင်ဘက်တွေ အနေနဲ့ အာဆင်နယ်ကို ဂိုးပေါက်တည့်အောင်တောင် မကန်နိုင်ကြတာ ကြာပါပြီ။
ဒီတော့ စနေ့ည ပွဲစဉ်တွေ အပြီး မှာတော့ တစ်ပွဲပို ကစားထားတဲ့ အာဆင်နယ်က ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂ က ဘုန်းမောက်ကို ၇ မှတ် ဖြတ်ထားနိုင်ပြီ ဖြစ်ပါတယ်။ ပိုပြီး ကျေနပ်စရာကောင်းခဲ့တာက တနင်္ဂနွေနေ့ညမှာ မန်စီးတီးက ဘုန်းမောက်နဲ့ တွေ့ဆုံနေမှုကို အခွင့်ကောင်း ယူနိုင်ခဲ့တာ ဖြစ်ပါလိမ့်မယ်။ အာဆင်နယ်ဟာ အကောင်းဆုံး ခြေစွမ်းတွေနဲ့ ခပ်မှန်မှန် ချီတက်နေပြီး ဒီနိုင်ပွဲဟာ ဂန်းနားတွေ အတွက် ပြိုင်ပွဲစုံ နောက်ဆုံး ၉ ပွဲဆက် အနိုင် ဖြစ်သလို ပေးဂိုး ကလည်း တစ်ဂိုးသာ ရှိခဲ့ပါတယ်။
အာဆင်နယ်က လာမယ့် ပွဲစဉ် အဖြစ် ဆလားဗီးယား ပရက်ဂ်နဲ့ ချန်ပီယံလိဂ် ကစားရဖို့ ရှိပြီး တနင်္ဂနွေနေ့ မှာတော့ ခြေစွာနေတဲ့ ပရီးမီးယားလိဂ် တန်းတက် ကလပ် ဆန်းဒါးလန်းကို အလင်းရောင် ကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.
					
										
										
										
										
										
										
			
							
							
							
							
									
				

