ရီးရဲလ်မက်ဒရစ် နောက်ခံလူ ထရန့် အလက်ဇန္တား အာနိုးလ် ကတော့ လစ်ဗာပူးလ်နဲ့ ထိပ်တိုက် ရင်ဆိုင်ရတော့မှာ ဖြစ်ပေမယ့် အသင်းဟောင်း အပေါ်မှာ ထားတဲ့ ခံစားချက်တွေက လုံးဝ ပြောင်းလဲသွားမှာ မဟုတ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ အခုတစ်ပတ် ချန်ပီယံလိဂ် လိဂ်အဆင့် ပွဲစဉ် ၄ မှာ ရီးရဲလ်မက်ဒရစ်နဲ့ ထိပ်တိုက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ဒါကြောင့် ထရန့် အလက်ဇန္တား အာနိုးလ်က လစ်ဗာပူးလ်ကို စွန့်ခွာပြီး နောက်ပိုင်း ပထမဦးဆုံး အကြိမ် အဖြစ် အန်ဖီးလ်ကို ပြန်လာရမှာ ဖြစ်ပြီး နည်းပြ အလွန်ဆို အနေနဲ့ အင်္ဂလန်သားကို ဒီပွဲမှာ ပွဲထွက်စေဖို့ များနေပါတယ်။ ဒီအချိန်မှာ အာနိုးလ်က သူ့ရဲ့ “လစ်ဗာပူးလ် အပေါ် ထားရှိတဲ့ ခံစားချက်တွေ ပြောင်းလဲမှာ မဟုတ်ကြောင်း အခိုင်အမာ ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။
လစ်ဗာပူးလ် အကယ်ဒမီထွက် ကစားသမားဟာ ပြီးခဲ့တဲ့ ဇွန်လက သူ့ရဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ အငြင်းပွားဖွယ်ရာ ပုံစံနဲ့ မာဆေးလ်ဆိုက်ဒ် ကနေ ထွက်ခွာလာခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ရီးရဲလ်မက်ဒရစ်နဲ့ အတူ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲအမှီ ပါဝင်ကစားဖို့ ပေါင် ၈.၄ သန်းနဲ့ ဆန်တီယာဂို ဘာနေဗျူးကို ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။
အာနိုးလ်က လစ်ဗာပူးလ် အတွက် ပြိုင်ပွဲစုံ ၃၅၄ ပွဲ ကစားခဲ့ပြီးတော့ သူ့ရဲ့ ငယ်ဘဝ ကလပ်နဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆု ၂ ကြိမ်၊ ချန်ပီယံလိဂ်၊ ကလပ်ကမ္ဘာ့ဖလား၊ အက်ဖ်အေဖလားနဲ့ ခရာဘောင်ဖလား အပါအဝင် ဆုဖလား အောင်မြင်မှု များစွာ ရရှိခဲ့ပါတယ်။ ဒါပေမယ့် သူဟာ လာလီဂါ ကလပ်ကို ပြောင်းရွှေ့ခဲ့တဲ့ အတွက် အသင်း ပရိသတ်တွေရဲ့ ပြင်းထန်တဲ့ ဝေဖန်ခြင်းကို ခံခဲ့ရပြီး စိတ်ပျက်ခဲ့ရပါတယ်။
အင်္ဂလန် ညာနောက်ခံလူက အင်္ဂါနေ့မှာ အန်ဖီးလ်ကို ချန်ပီယံလိဂ် ပွဲကြီး ပွဲကောင်း အတွက် ပြန်လာချိန်မှာတော့ ရောထွေးနေတဲ့ ခံစားချက်တွေနဲ့ ကြိုဆိုခံရဖို့တော့ ရှိနေပါတယ်။ Amazon Prime နဲ့ အင်တာဗျူးမှာ အာနိုးလ်က “ဘာပဲဖြစ်ဖြစ် ကျွန်တော့်ရဲ့ ခံစားချက်တွေက လစ်ဗာပူးလ် အပေါ် ပြောင်းလဲမှာ မဟုတ်ပါဘူး။ ကျွန်တော့်မှာ တစ်သက်လုံး စွဲမြဲနေမယ့် အမှတ်တရတွေ ရှိပါတယ်။ ဘယ်လိုပုံစံမျိုးနဲ့ ကျွန်တော့်ကို လက်ခံပါစေ။ အဲဒါက မပြောင်းလဲသွားပါဘူး။”

“ကျွန်တော့်ကို ဘယ်လိုပဲ လက်ခံပါစေ။ ပရိသတ်တွေရဲ့ ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်တယ်လို့ ထင်ပါတယ်။ အသင်းကို ကျွန်တော် အမြဲတမ်း ချစ်သွားမှာပါ။ အသင်းရဲ့ ပရိသတ် တစ်ယောက် အနေနဲ့ ကျွန်တော် အမြဲတမ်း ရှိနေမှာပါ။ (လစ်ဗာပူးလ်က ကျွန်တော့်ကို ပေးခဲ့တဲ့) အခွင့်အရေးတွေ အတွက် ကျွန်တော် အမြဲတမ်း ကျေးဇူးတင်နေမှာ ဖြစ်ပြီး ကျွန်တော်တို့ အတူတူ ရရှိခဲ့တဲ့ အရာ အားလုံးက ကျွန်တော်နဲ့ အတူ ထာဝရ တည်တံ့နေမှာပါ။”
အလက်ဇန္ဒား-အာနိုးလ်ဟာ ဒဏ်ရာတွေနဲ့ မတည်မငြိမ် စွမ်းဆောင်ရည်တွေကြောင့် မက်ဒရစ် ကစားသမား ဘဝ ကိုတော့ ခက်ခဲစွာ စတင်နေရပါတယ်။ အာနိုးလ်က အစောပိုင်းမှာ ရီးရဲလ်မက်ဒရစ် အတွက် အရှိန်အဟုန် ကောင်းကောင်းနဲ့ စတင်နိုင်ခဲ့ပေမယ့် ဒဏ်ရာရရှိသွားပြီးနောက် ပုံစံကောင်းတွေ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာနိုးလ်က အင်္ဂလန် အသင်းဖော် ဂျူ့ဒ် ဘယ်လင်ဟမ်ရဲ့ အကူအညီနဲ့ စပိန်မြို့တော်မှာ ဘဝကို အခြေတကျ ဖြစ်အောင် နေထိုင်နေကြောင်း ဖွင့်ဟလာခဲ့ပါတယ်။
“သူက ကောင်းမွန်တဲ့ လူငယ်လေး တစ်ယောက် ဖြစ်ပြီး သူငယ်ချင်းကောင်း တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီမှာ အင်္ဂလိပ် လူမျိုး တစ်ယောက် ရှိနေတာက ကောင်းပါတယ်။ ကျွန်တော်တို့ နှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက် ကောင်းကောင်း နားလည်ကြပြီး တစ်ယောက်ကို တစ်ယောက်လည်း ကောင်းကောင်း သိကြပါတယ်။ သူက ကျွန်တော့် အတွက် အခြေကျဖို့ အများကြီး ပိုလွယ်ကူစေခဲ့ပါတယ်။” လို့ အာနိုးလ်က ပြောကြားသွားခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ် ကတော့ ဒီရာသီ ချန်ပီယံလိဂ် မှာ ရာနှုန်းပြည့် နိုင်ပွဲ ရရှိထားပြီးတော့ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။ ၂ ပွဲနိုင်၊ ၁ ပွဲ ရှုံးထားတဲ့ လစ်ဗာပူးလ် ကတော့ အဆင့် ၁၀ နေရာမှာ ရပ်တည်နေပြီး ဒီတစ်ပတ် မှာတော့ ရလဒ်ကောင်း ပြန်လည် ရှာတွေ့ဖို့ လိုအပ်နေပါတယ်။ ဒါပေမယ့်လည်း လစ်ဗာပူးလ်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ထိပ်တိုက် တွေ့ဆုံမှု ၉ ကြိမ်မှာ ၁ ကြိမ်သာ အနိုင်ရထားပြီး ၇ ကြိမ် အထိ ရှုံးထားပါတယ်။ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ် တွေ့ဆုံမှုမှာတော့ လစ်ဗာပူးလ်က ရီးရဲလ်မက်ဒရစ်ကို မက် အယ်လစ္စတာ၊ ကိုဒီ ဂက်ခ်ပို တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.
					
										
										
										
										
										
										
			
							
							
							
							
									
				

