အခုတစ်ခါမှာတော့ နိုဝင်ဘာ ၃ ရက်နေ့ အတွက် ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ပဲရစ်စိန့်ဂျာမိန်း ကွင်းလယ်လူ ဗစ်တင်ညာ ကတော့ လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်ရဲ့ အပြောင်းအရွှေ့ ပစ်မှတ် စာရင်းမှာ ထိပ်ဆုံးက ရပ်တည်နေပါတယ်။ ဒါပေမယ့်လည်း လီဂူးဝမ်း ကလပ် အတွက် သူ့ရဲ့ အရေးပါမှု အပေါ် ပျော်ရွှင်နေတယ်လို့ သိရပါတယ်။
ဒါကြောင့် လက်ရှိမှာ ရီးရဲလ်မက်ဒရစ်က လစ်ဗာပူးလ် ကွင်းလယ်လူ အလက်ဆစ် မက် အယ်လစ္စတာကို ကမ်းလှမ်းဖို့ အဆင်သင့် ဖြစ်နေတယ်လို့ သိရပါတယ်။ လာလီဂါ ကလပ်ဟာ ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက် ဖွင့်လှစ်တာနဲ့ ကွင်းလယ် ဖန်တီးရှင် အသစ် တစ်ဦးကို မဖြစ်မနေ ခေါ်ယူ အားဖြည့်ဖို့ ရှိနေပါတယ်။
ကတ်တာလန် ကလပ် ဘာစီလိုနာဟာ အာဆင်နယ် အသင်းခေါင်းဆောင် မာတင် အိုဒီဂတ်ကို ပစ်မှတ် စာရင်းမှာ ထည့်သွင်းထားပါတယ်။ လာလီဂါ ကလပ်ဟာ နော်ဝေ ကွင်းလယ် ကစားသမားကို နောက်နှစ် နွေရာသီမှာ ခေါ်ယူဖို့ စီစဉ်ထားပါတယ်။
အက်တလက်တီကိုမက်ဒရစ် ကတော့ အသက် ၂၁ နှစ်အရွယ် ရေးဗားပလိတ် ခံစစ်မှူး လော်တာရို ရီဗီရိုကို ခေါ်ယူဖို့ စပါးနဲ့ ယှဉ်ပြိုင်နေရပါတယ်။ ဒီကစားသမား ကတော့ စာချုပ် ဖျက်သိမ်းကြေး ယူရို ၁၀၀ သန်း (ပေါင် ၈၇.၉ သန်း၊ ဒေါ်လာ ၁၁၅.၅ သန်း) ရှိနေပါတယ်။
အက်စတွန်ဗီလာနဲ့ တော့တင်ဟမဟော့စပါး နှစ်သင်းစလုံးရဲ့ စိတ်ဝင်စားမှုကို ရင်ဆိုင်နေရချိန်မှာ ဘရန့်ဖို့ဒ် ကတော့ တိုက်စစ်မှူး ကယ်ဗင် ရှိတ် အတွက် ကမ်းလှမ်းမှုတွေကို နားထောင်မှာ မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီး ကတော့ အသက် ၂၀ အရွယ် ဘိုကာဂျူနီယာ ကွင်းလယ်လူ မီလ်တန် ဒယ်လ်ဂါဒိုကို ခေါ်ယူဖို့ အင်တာ မိုင်ယာမီ၊ ဆီဗီလာ တို့နဲ့ ယှဉ်ပြိုင်နေရပါတယ်။
ဥရောပရဲ့ ထိပ်တန်းအသင်းတွေရဲ့ စိတ်ဝင်စားမှုကို တိုးမြှင့်လာတာနဲ့အမျှ လိုင်လီ အသင်း အနေနဲ့ ဆယ်ကျော်သက် ကွင်းလယ် ကစားသမား အိုင်ယွတ် ဘူအာဒီကို လာမယ့်နှစ်မှာ ဆုံးရှုံးရဖို့ ရှိနေပါတယ်။ ဒီကစားသမားလေး ကိုတော့ အာဆင်နယ်၊ လစ်ဗာပူးလ်၊ ချဲလ်ဆီး၊ မန်ချက်စတာစီးတီး၊ မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့စပါး တို့က စိတ်ဝင်စားနေကြကြောင်း TBR Football က ဖော်ပြပါတယ်။
ဘာစီလိုနာက လီဗန်တေး တိုက်စစ်မှူး ကားလ် အတ်တာ အီယောင်ကို ကြိုးပမ်းနေချိန်မှာ လီဂူးဝမ်း ဂိုးသွင်းသူ ဇယားမှာ ဦးဆောင်နေတဲ့ စထရာဘိုးက ယိုအာကွင်း ပန်နီချယ်လီ ကိုလည်း ပစ်မှတ် တစ်ခု အဖြစ် သတ်မှတ်ထားကြောင်း Mundo Deportivo က ဖော်ပြပါတယ်။
ရီးရဲလ်မက်ဒရစ် ကတော့ လာမယ့် နွေရာသီမှာ ကိုမိုနဲ့ စတုဂတ် တို့ရဲ့ ကွင်းလယ် ကစားသမားတွေ ဖြစ်တဲ့ နီကို ပက်ဇ်နဲ့ ချီမာ အန်ဒရီယာ့စ် တို့ကို ပြန်လည် ဝယ်ယူခွင့် စာချုပ်ချုပ်နဲ့ ခေါ်ယူဖို့ ဆုံးဖြတ်ပြီး ဖြစ်ကြောင်း AS က ဖော်ပြပါတယ်။
ဘာစီလိုနာ ကွင်းလယ် ကစားသမား မာ့ခ် ကာဆာဒို ကိုတော့ ပရီးမီးယားလိဂ် ကလပ်တွေက ခေါ်ယူလိုနေပါတယ်။ စပိန် ကြယ်ပွင့်လေးကို ချဲလ်ဆီးက ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းနေပေမယ့် အာဆင်နယ် ကလည်း စိတ်ဝင်စားနေပါတယ်။
ဘာစီလိုနာနဲ့ ဒိုင်နမိုဇာဂရက်တို့ အကြား အသက် ၁၇ နှစ် အရွယ် တောင်ပံ ကစားသမားလေး ကာဒိုဆို ဗာရယ်လာ အတွက် သဘောတူညီချက် ရရှိထားပြီး ဖြစ်ပါတယ်။ ကာဒိုဆို ဗာရယ်လာဟာ နောက်နှစ်မှာ အသက် ၁၈ နှစ် ပြည့်မှာ ဖြစ်ပြီး ကမ့်ပ်နူးကို ပြောင်းရွှေ့မှာ ဖြစ်ကြောင်း Mundo Deportivo က ဖော်ပြပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.
					
										
										
										
										
										
										
			
							
							
							
							
									
				

