မန်ချက်စတာယူနိုက်တက် ဂန္တဝင် ကစားသမား ဂယ်ရီ နဗီးလ် ကတော့ အာဆင်နယ် အနေနဲ့ ပရီးမီးယားလိဂ်မှာ နောက်ထပ် တစ်ကြိမ် ဒုတိယ အဖြစ်နဲ့ပဲ အဆုံးသတ်နိုင်ခြေ ရှိကြောင်း သုံးသပ်လာခဲ့ပြန်ပါတယ်။ နဗီးလ်က မန်စီးတီး ကိုလည်း ဆုဖလား ပြိုင်ပွဲထဲ ကနေ ထုတ်ပယ်ခဲ့ပြီးတော့ လစ်ဗာပူးလ် အနေနဲ့ အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ အိမ်မက်ကို ဒုက္ခပေးနိုင်တဲ့ တစ်သင်းတည်းသော အသင်း အဖြစ်လည်း သတ်မှတ်ခဲ့ပါတယ်။
အာဆင်နယ် ကတော့ စနေနေ့ညက ဘန်လေကို ၂ ဂိုး ပြတ်နဲ့ အနိုင်ရခဲ့ပြီးနောက် ပရီးမီးယားလိဂ် ဇယားထိပ်ဆုံး ကနေ ၆ မှတ်ဖြတ် ဆက်လက် ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ အာဆင်နယ်ဟာ ဒီရာသီမှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြသထားပြီးတော့ လက်တလောမှာ ပြိုင်ပွဲစုံ နောက်ဆုံး ၉ ပွဲဆက် နိုင်ထားသလို ၇ ပွဲ ဆက်တိုက်လည်း ပေးဂိုး မရှိ နိုင်ပွဲ ရထားပါတယ်။
ဒါကြောင့် အာဆင်နယ်က ၂၀၀၄ ခုနှစ် နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် ပရီးမီးယားလိဂ် ဖလားကို ကိုင်မြှောက်နိုင်နိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေတာပါ။ ဒါ့အပြင် ဂယ်ရီ နဗီးလ် ကိုယ်တိုင် ကလည်း အစောပိုင်းမှာ အာဆင်နယ် အနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်မယ်လို့ ခန့်မှန်းထားပေမယ့် ဂန်းနားတွေ အတွက် အကြီးမားဆုံး စိန်ခေါ်မှုက ဘာလဲဆိုတာ သုံးသပ်ပြခဲ့တာ ဖြစ်ပါတယ်။
နဗီးလ်က “အာဆင်နယ် အနေနဲ့ အခုအချိန်မှာ ဆုဖလား ဆုံးရှုံးရခြေ ရှိနေပါသေးတယ်။ အာတေးတားနဲ့ ကစားသမားတွေ အပြင် ပရိသတ်တွေက အဲဒါကို လက်မခံနိုင်ပဲ သူတို့တွေ ဒီရာသီမှာ ဖလား ရမယ်လို ထင်နေကြပါတယ်။ ကျွန်တော် အခု ပြောတဲ့ အခြေအနေကို ငြင်းဆန်ကြမယ် ဆိုရင်လည်း နားလည်နိုင်ပါတယ်။ ဒါပေမယ့် သူတို့က ခြေစွမ်းပိုင်း အတည်ငြိမ်ဆုံး အသင်း ဖြစ်နေပြီး သူတို့က အခုလို ဖြစ်လာအောင် ပြီးခဲ့တဲ့ ၃ ရာသီ၊ ၄ ရာသီလောက် အချိန်ပေး တည်ဆောက်ခဲ့ရတာပါ။”

“ကျွန်တော့် အနေနဲ့ ပြီးခဲ့တဲ့ ၃ ရာသီ စလုံး သူတို့ ဖလားရမယ်လို့ ဟောကိန်းထုတ်ခဲ့ပေမယ့် နောက်ဆုံးမှာ သူတို့တွေ ဖလား လက်လွှတ်ခဲ့ရပါတယ်။ သူတိုတွေ ပြီးခဲ့တဲ့ရာသီမှာ ဆုဖလား ရခဲ့သင့်တယ်လို ထင်ပြီး ဘာလိုလဲဆိုတော့ မန်စီးတီး ခြေကျနေခဲ့ပြီး ဖလား ရနိုင်တာ သူတို့ အသင်း ဖြစ်နေခဲ့လို့ပါ။ ဒီရာသီမှာ အာဆင်နယ် ဖလားမရဘူး ဆိုရင် ဆင်ခြေပေးမယ့်သူက သိပ်မရှိလောက်ဘူးလို့ ထင်တယ်။ ဒါက ကျွန်တော် သူတို့ကို ဖိအားပေးနေတာ မဟုတ်ပါဘူး။ သူတို့က လိဂ်မှာ အကောင်းဆုံး အသင်းလို ထင်ပြီး သူတို့မှာ လူစာရင်း ကောင်းကောင်း ရှိနေပါတယ်။” လို့ ဆိုပါတယ်။
ဆက်လက်ပြီး နဗီးလ်က “အခုမှ နိုဝင်ဘာပဲ ရှိသေးပေမယ့်လည်း အခုအချိန်ကတည်းက သူတို့ ဖလားရနိုင်တယ်လို့ ပြောရင် ရူးရာကျပါလိမ့်မယ်။ ဒါပေမယ့် သူတို ဖလားရသင့်ပါတယ်။ ခင်ဗျားက ဂွါဒီယိုလာ ဒါမှမဟုတ် အာဆင်နယ် ကစားသမား မဟုတ်ဘူးဆိုရင် ဒီစကားကို ယုံကြည်မှုရှိရှိ ပြောနိုင်မှာပါ။ ကျွန်တော် အာဆင်နယ် ဖလားရမယ်လို ယုံကြည်မှုရှိရှိ ပြောနိုင်တဲ့ အကြောင်းအရင်းက သူတို့ကို တားဆီးနိုင်တဲ့ အသင်းနဲ့ ဆိုင်တယ်။ လစ်ဗာပူးလ်သာ ဗန်ဒိုက်ခ် ဒါမှမဟုတ် ဆာလာကို ပြီးခဲ့တဲ့ရာသီမှာ ဆုံးရှုံးခဲ့ရင် ပြဿနာ အကြီးကြီးတက်မှာပါ။”
“ဒီတော့ အာဆင်နယ်ကို ဘယ်သူက ကျော်ဖြတ်နိုင်မှာလဲ။ အာဆင်နယ်က သူတို့ကိုယ် သူတို့ ဆုဖလား မရမယ့် အဖြစ် ကနေ အလဲထိုးရပါလိမ့်မယ်။ ဂွါဒီယိုလာက ဉာဏ်ကြီးရှင် ဆိုပေမယ့် လိုအပ်တဲ့ အဆင့်အတန်းမှာ ကစားနိုင်တဲ့ ကစားသမားတွေ ရှိမနေပါဘူး။ လစ်ဗာပူးလ်က အာဆင်နယ်ရဲ့ ဆုဖလားကို ငြင်းပယ်နိုင်တဲ့ တသင်းတည်းသော အသင်းပါ။ ဒါပေမယ့် သူတို့ လမ်းကြောင်းမှန်ပေါ် အမြန် ပြန်တက်နိုင်မှ ရပါလိမ့်မယ်။” လို့ ပြောကြားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.
					
										
										
										
										
										
										
			
							
							
							
							
									
				

