ဘေယန်မြူးနစ် နည်းပြ ဗင်းန်ဆင့် ကွန်ပနီ ကတော့ ပီအက်စ်ဂျီနဲ့ ကစားရမယ့် ချန်ပီယံလိဂ် ပွဲစဉ်ကို ‘ပြီးပြည့်စုံတဲ့ပွဲ’ အဖြစ် ကစားဖို့ အသင်းသားတွေကို တိုက်တွန်းလိုက်ပါတယ်။ ပီအက်စ်ဂျီနဲ့ ဘေယန်မြူးနစ် တို့ဟာ ချန်ပီယံလိဂ် လိဂ်အဆင့် ပွဲစဉ် ၃ ပွဲ ကစားအပြီးမှာ မှတ်တမ်းကောင်းတွေနဲ့ အတူ အဆင့် ၁ နဲ့ ၂ နေရာမှာ အသီးသီး ရပ်တည်လျက် ရှိနေပါတယ်။
ပီအက်စ်ဂျီဟာ Opta စူပါကွန်ပျူတာရဲ့ ခန့်မှန်း တွက်ချက်မှု အရ ချန်ပီယံဆုကို ကာကွယ်ဖို့ အခွင့်အရေး ၁၄ ရာခိုင်နှုန်း ရှိနေပြီး ချန်ပီယံ ဖြစ်နိုင်ချေ ၂၂ ရာခိုင်နှုန်း ရှိနေတဲ့ အာဆင်နယ်ရဲ့ အနောက်မှာ ရပ်တည်နေပါတယ်။ ဘေယန်မြူးနစ် ကတော့ ချန်ပီယံလိဂ် ချန်ပီယံ ဖြစ်နိုင်ချေ ၁၁ ရာခိုင်နှုန်းနဲ့ အဆင့် ၄ နေရာမှာ ရှိနေပါတယ်။ ဒါပေမယ့်လည်း ဗင်းန်ဆင့် ကွန်ပနီရဲ့ အသင်းက ရာသီအစမှာ ပထဆုံး ၁၅ ပွဲ ဆက်တိုက် အနိုင်ရထားပြီး ဒါက ဥရောပရဲ့ ထိပ်တန်းလိဂ် ၅ ခုမှာ အများဆုံးလည်း ဖြစ်ပါတယ်။
ဘေယန်မြူးနစ်ဟာ ပီအက်စ်ဂျီနဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၁၀ ကြိမ်မှာ ၇ ပွဲ ကြိမ် နိုင်ပြီး ၃ ကြိမ် ရှုံးခဲ့ပါတယ်။ ဒီနှစ်သင်းက ချန်ပီယံလိဂ် မှာတော့ ၈ ကြိမ် တွေ့ဆုံထားခဲ့ပြီး ဘေယန်က ၆ ကြိ အထိ အနိုင်ရကာ ၂ ကြိမ်သာ ရှုံးထားပါတယ်။ ဒါ့အပြင် ဘေယန်မြူးနစ်ဟာ ပဲရစ်စိန့်ဂျာမိန်းနဲ့ ချန်ပီယံလိဂ် နောက်ဆုံး တွေ့ဆုံမှု ၃ ကြိမ်စလုံး အနိုင်ရထားပါတယ်။
ကွန်ပနီ ကတော့ ဒီရာသီမှာ ဆက်တိုက် ခြေစွမ်းပြနေတဲ့ သူ့ရဲ့ အသင်း အပေါ် ယုံကြည်မှုရှိနေဆဲ ဖြစ်ပေမယ့် လက်ရှိ အောင်မြင်မှုတွေ အပေါ် မှာတော့ သာယာနေမှာ မဟုတ်ဘူးလို့ အခိုင်အမာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ကွန်ပနီက “ကျွန်တော်တို့ လုပ်နိုင်တယ် ဆိုတာ ယုံကြည်ထားရပါလိမ့်မယ်။ ပြီးရင်တော့ ဒီပွဲက ပြီးပြည့်စုံတဲ့ ပွဲတစ်ပွဲ ဖြစ်ဖို့ လိုအပ်တယ်လို့ ကျွန်တော် ထင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

“ဒါက ဂန္ထဝင်မြောက် အဖြေပဲ။ သူတို့က ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲခဲ့ပြီး ဒီရာသီမှာ ရေပန်းစားတဲ့ အသင်းတွေထဲမှာလည်း ပါဝင်နေပါတယ်။ ဒါပေမယ့် ကျွန်တော် တို့ရဲ့ အခွင့်အရေးတွေ ကိုလည်း ယုံကြည်ထားရပါမယ်။ ဘယ်အသင်း အနိုင်ရရ (အင်္ဂါနေ့မှာ) ထိပ်ဆုံး ၈ သင်းထဲ ဝင်ရောက်နိုင်ဖို့ (ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့) ကြီးမားတဲ့ ခြေလှမ်း တစ်ခု ဖြစ်သွားပါလိမ့်မယ်။” လို့ ကွန်ပနီက ဆက်လက် ပြောကြားခဲ့ပါတယ်။
ပီအက်စ်ဂျီ နည်းပြ လူးဝစ္စ အန်နရီကေး ကတော့ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ အခုပွဲကို ဘယ်လွန်ဒေါဆုရှင် အူစမန်နီ ဒမ်ဘီလီ ပါဝင်နိုင်မယ်လို့ အတည်ပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကလပ် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်မှာ တွေ့ဆုံခဲ့ချိန်တုန်းက ဒမ်ဘီလီဟာ ဘေယန်ကို ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြင်သစ်သားကို တားဆီးဖို့ အာရုံစိုက်လွန်းတာက သူ့အသင်းကို ထိခိုက်စေနိုင်ကြောင်း ကွန်ပနီက ပြောကြားခဲ့ပါတယ်။
“ပီအက်စ်ဂျီမှာ အားလုံးက သတိထားရပါမယ်။ ကစားသမား တစ်ယောက်တည်းကို အာရုံစိုက်ရုံနဲ့ မလုံလောက်ပါဘူး။ တစ်ဦးချင်း ရှုထောင့် တစ်ခုစီတော့ ရှိပေမယ့် ဒီအသင်းကို ဒီလောက် အားကောင်းစေတဲ့ အချက်က ပွဲရဲ့ အဆင့်တိုင်းမှာ အသင်းလိုက် လုပ်ဆောင်နေကြလို့ပါ။ တကယ်တော့ ကျွန်တော် တို့မှာ အလားတူ အခြေအနေတွေ ရှိပါတယ်။ ဒါဟာ လွှမ်းမိုးမှု တစ်ခုတည်း မဟုတ်ဘဲ အသင်းက အခုချိန်ထိ တစ်ဦးနဲ့ တစ်ဦး ချိတ်ဆက်မှုတွေနဲ့လည်း သက်ဆိုင်ပါတယ်။ အခုတော့ ဘာတွေ ဖြစ်လာမလဲ ဆိုတာ စောင့်ကြည့်ရမှာပါ။ လူတွေက အဲဒါကိုပဲ မြင်ချင်ကြတာလေ။” လို့ ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.
					
										
										
										
										
										
										
			
							
							
							
							
									
				

