အချက်အလက်တွေ အပေါ် အခြေခံ တွက်ချက်ပြီး ထုတ်ပြန်လေ့ ရှိတဲ့ Opta ကတော့ အင်္ဂလန် ပရီးမီးယားလိဂ်က ကမ္ဘာ့ဘောလုံးလောကမှာ အင်အား အကောင်းဆုံးလိဂ် အဖြစ် သတ်မှတ်ခံရပါတယ်။ ဒါ့အပြင် ထူးခြားတာက အင်္ဂလန် ချန်ပီယံရှစ် ကလည်း အဆင့် ၆ နေရာ ရပ်တည်နိုင်ခဲ့ကြောင်း သိရပါတယ်။
Opta ကတော့ ကမ္ဘာတစ်လွှားက လိဂ်ပြိုင်ပွဲ အားလုံးကို အချက်အလက်တွေကို အခြေခံကာ အသေးစိတ် ဆန်းစစ် တွက်ချက်ပြီးနောက် ဒီစာရင်းကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အဓိက ကတော့ လိဂ်တစ်ခုချင်းစီမှာ ပါဝင်ယှဥ်ပြိုင်နေတဲ့ အသင်း အားလုံးရဲ့ စွမ်းဆောင်ရည်နှုန်းထား၊ အကောင်းဆုံး ၁၀ သင်းရဲ့ စွမ်းဆောင်ရည်နှုန်းထား၊ အကောင်းဆုံး ၅ သင်းရဲ့ စွမ်းဆောင်ရည်နှုန်းထားတွေ အပေါ် နှိင်းယှဥ် အကဲဖြတ်ခြင်း ဖြစ်ကြောင်းလည်း သိရပါတယ်။
Opta ရဲ့ ဖော်ပြချက်အရ ပရီးမီးယားလိဂ်က ကမ္ဘာ့အတောင့်တင်းဆုံးလိဂ် အဖြစ် ရပ်တည်ခဲ့ပြီး စပိန် လာလီဂါက ဒုတိယ၊ အီတလီ စီးရီးအေက တတိယ၊ ဂျာမန် ဘွန်ဒက်စ်လီဂါက စတုတ္ထနေရာနဲ့ ပြင်သစ်လီဂူးက ပဉ္စမနေရာမှာ ရပ်တည်ခဲ့ပါတယ်။ ဒါကြောင့် အရင်နှစ်တွေကလိုပဲ ဥရောပ ထိပ်သီးလိဂ် ၅ ခုကပဲ ကမ္ဘာ့ဘောလုံးလောကကို စိုးမိုးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ထူးခြားချက်က အင်္ဂလန်ဘောလုံးလောကရဲ့ ဒုတိယတန်းစား ပြိုင်ပွဲ ဖြစ်တဲ့ လိဂ်ချန်ပီယံရှစ်ဟာ ပရီးမီးယားလိဂ်နဲ့ ၅ ဆင့် အကွာ အဆင့် ၆ နေရာမှာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် အင်္ဂလန်ရဲ့ ဘောလုံး အင်အားက ပြိုင်ဘက်တွေနဲ့ ကွာဟချက် ကြီးမားနေပြီ ဆိုတာကို ပြသနေသလို ဖြစ်ခဲ့ပါတယ်။ တကယ်တမ်းလည်း ပရီးမီးယားလိဂ်မှာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး အသင်းတွေ ယှဉ်ပြိုင်ကစားနေပြီး အာဆင်နယ်၊ ယူနိုက်တက်၊ လစ်ဗာပူးလ်၊ မန်စီးတီး၊ စပါး၊ ချဲလ်ဆီး တို့လို အသင်းတွေ ရှိနေတာ ဖြစ်ပါတယ်။ တခြားသော လိဂ်တွေ မှာတော့ ထိပ်တန်း အသင်း ဆိုလို့ အများဆုံး ၂ သင်းလောက်သာ ရှိနေတာ ဖြစ်ပါတယ်။
ထိပ်ဆုံး လိဂ် ၁၀ ခု စာရင်းမှာ ပါဝင်နေတဲ့ တခြားလိဂ်တွေ ကတော့ အဆင့် ၇ မှာ ဘယ်လ်ဂျီယံ ပရိုလိဂ်၊ အဆင့် ၈ မှာ ဘရာဇီးလ် စီးရီးအေ၊ အဆင့် ၉ မှာ ပေါ်တူဂီ ပရီးမီးယားလီဂါ၊ အဆင့် ၁၀ မှာ အမေရိကန် မေဂျာလိဂ်တို့ ဖြစ်ပါတယ်။ ခရစ္စတီယာနို ရော်နယ်ဒို ကစားနေတဲ့ ဆော်ဒီပရိုလိဂ် ကတော့ အဆင့် ၂၉ နေရာမှာ ရပ်တည်နေပြီး လီယွန်နယ် မက်ဆီရဲ့ မေဂျာလိဂ်နဲ့တော့ ကြားမှာ ၁၈ ဆင့် ကွာဟနေခဲ့ပါတယ်။ မေဂျာလိဂ်ဟာ ပြီးခဲ့တဲ့ ရာသီက အဆင့် ၁၁ နေရာမှာ ရှိနေခဲ့ပေမယ့် ဒီနှစ် မှာတော့ ၁ ဆင့် တက်လာခဲ့တာ ဖြစ်ပါတယ်။
Opta ရဲ့ သတ်မှတ်ချက် အရ အရှေ့တောင်အာရှရဲ့ ဘောလုံး အဖွံဖြိုးဆုံး နိုင်ငံ ဖြစ်တဲ့ ထိုင်း ကတော့ အဆင့် ၁၂၀ မှာ ရှိနေပြီး မြန်မာ နေရှင်နယ်လိဂ် ကတော့ အဆင့် ၃၀၁ နေရာမှာ ရှိနေပါတယ်။ ဒါ့အပြင် ဗီယက်နမ်ရဲ့ ဗီလိဂ်ဝမ်း ကတော့ အဆင့် ၁၂၈၊ မလေးရှား စူပါလိဂ်က ၁၅၅၊ အင်ဒိုနီးရှား စူပါလိဂ်က အဆင့် ၁၅၇ နေရာမှာ ရပ်တည်လျက် ရှိပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


