နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လက်ကျန် ခြေစစ်ပွဲ ပွဲစဉ် ၂ ပွဲမှာ ကိန်းကို အနားပေးပြီး တခြား တိုက်စစ်မှူးတွေကို အခွင့်အရေးပေးစေချင်နေတဲ့ ရွန်နီ | ကမ္ဘာ့ဖလား

၀ိန်း ရွန်နီ ကတော့ လက်ရှိ အင်္ဂလန် နည်းပြ သောမတ်စ် တူချယ် အနေနဲ့ လာမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ ဘေယန်မြူးနစ် တိုက်စစ်မှူး ဟယ်ရီကိန်းကို အနားပေးသင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။ ဒါ့အပြင် အင်္ဂလန် ဂန္တဝင် တိုက်စစ်မှူးဟောင်းက ကိန်းထက် တခြားသော တိုက်စစ်မှူးတွေကို အခွင့်အရေးပေးသင့်ကြောင်းလည်း အကြံပြုခဲ့ပါတယ်။

အင်္ဂလန်ဟာ လာမယ့် နိုဝင်ဘာမှာ ဆားဘီးယား၊ အယ်လ်ဘေးနီးယား တို့နဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၂ ပွဲ ကစားရမှာ ဖြစ်ပါတယ်။ သောမက်စ် တူချယ်ရဲ့ အသင်းက လက်ရှိ ကမ္ဘာ့ဖလား ဥရောပဇုန် အုပ်စု (K) မှာ ၆ ပွဲ ကစား ၆ ပွဲ အနိုင်ရထားပြီး ခြေစစ်ပွဲ အောင်မြင်ထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် လက်ကျန် ပွဲရလဒ်တွေက အင်္ဂလန် အတွက် အရေးမကြီးတော့ပါဘူး။ ဒါကြောင့် ရွန်နီက အသင်းခေါင်းဆောင် ဟယ်ရီကိန်းကို အနားပေးပြီး ဒီရာသီမှာ ဘရိုက်တန် အတွက် ခြေစွမ်းပြ ဂိုးတွေ သွင်းနေတဲ့ ဝဲလ်ဘက်ကို ပြန်လည် ရွေးချယ် အသုံးပြုသင့်ကြောင်း အကြံပြုခဲ့တာ ဖြစ်ပါတယ်။ 

အင်္ဂလန်ဟာ လာမယ့် နိုဝင်ဘာမှာ ဆားဘီးယား၊ အယ်လ်ဘေးနီးယား တို့နဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၂ ပွဲ ကစားရမှာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ထားပြီး ဖြစ်တဲ့ အင်္ဂလန်

“လာမယ့် အင်္ဂလန် အသင်း ကစားရမယ့် ပွဲ ၂ ပွဲမှာ ကျွန်တော်သာ ဆိုရင် ဟယ်ရီကိန်းကို မခေါ်ယူဘဲ အနားပေးမှာပါ။ ရာသီမကုန်ခင်မှာ သူ့ကို အနားပေးဖို့ အခွင့်အရေး အများကြီး မရှိပါဘူး။ သူ့ကို အနားပေးပြီး ဝဲလ်ဘက် ဒါမှမဟုတ် ဝက်ကင်န် ဒါမှမဟုတ် အိုင်ဗန် တိုနေး တို့ထဲက တစ်ဦးဦးကို စမ်းသပ် အသုံးပြုသင့်ပါတယ်။ ဘယ်သူပဲ ဖြစ်ဖြစ် ကြိုးစားဖို့ အခွင့်အရေးရသင့်ပါတယ်။ ကျွန်တော် ကတော့ ဒန်နီ (ဝဲလ်ဘက်ခ်)ကို တကယ် သဘောကျပါတယ်။ သူက ဂိုးတွေ သွင်းနေပြီး ကြိုးစားနေသူလည်း ဖြစ်ပါတယ်။” လို့ ရွန်နီက ပြောကြားခဲ့ပါတယ်။

“ကျွန်တော် သူ့ကို ချစ်ပြီး ပရီးမီးယားလိဂ်မှာ သူက အရမ်းကောင်းတဲ့ ကစားသမား တစ်ယောက်ပါ။ သူက ဂိုးတွေ သွင်းတယ်။ ကြိုးစားတယ်။ သူ့မှာ ထူးခြားတဲ့ စွမ်းဆောင်ရည်တွေ ရှိနေပြီးတော့ သောမတ်စ် တူချယ်က သူ့ကို သေချာပေါက် စောင့်ကြည့်ရမယ့် အနေအထားမှာ ရှိပါတယ်။ ကိန်းနောက်မှာ သူက အင်္ဂလန် တိုက်စစ်မှူးတွေထဲမှာ အကောင်းဆုံးပါပဲ။ သူ့ရဲ့ ကစားသမားဘဝ တစ်လျှောက်လုံး ဒဏ်ရာတွေ ရခဲ့ပေမယ့် အခုတော့ ကြံ့ခိုင်နေနိုင်ပုံရတယ်။ သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ သူဘာလုပ်နိုင်လဲဆိုတာကို ပြသနိုင်ခဲ့တယ်။”

အသက် ၃၄ နှစ် အရွယ် ဝဲလ်ဘက်ခ် ကတော့ ၂၀၁၈ ခုနှစ် အင်္ဂလန်နဲ့ ဆွစ်ဇာလန်နဲ့ ခြေစမ်းပွဲမှာ နောက်ဆုံး ပါဝင်ကစားထားခဲ့ပါတယ်။ ဝဲလ်ဘက်ခ်ဟာ လက်ရှိမှာ ဘရိုက်တန် အတွက် ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ ၆ ဂိုး သွင်းယူထားပါတယ်။ ဒါကြောင့် ရွန်နီက ဝဲလ်ဘက်ခ်ဟာ တူချယ် အတွက် အံ့မခန်း စွမ်းဆောင်ရည်တွေ ပြသနိုင်လိမ့်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။ သောမတ်စ် တူချယ် ကိုယ်တိုင် ကလည်း ခြေစွမ်းပြနေတဲ့ ဝဲလ်ဘက်ခ်ကို အင်္ဂလန် လက်ရွေးစင် အသင်း အတွက် ပြန်လည် ရွေးချယ် ခေါ်ယူဖို့ စဉ်းစားနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ဆက်လက်ပြီး ဝိန်း ရွန်နီက “ဂျော်ဒန် ဟန်ဒါဆန်လိုပဲ ဒန်နီရယ်က သူ့ရဲ့ အတွေ့အကြုံကို ကစားသမားတွေ ဆီကနေ အသုံးပြုနိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ သူဘယ်နေရာမှာပဲ ရောက်ရောက် ရေပန်းစားတဲ့ ကစားသမား တစ်ယောက်ပါ။” လို့လည်း ပြောကြားသွားခဲ့ပါသေးတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်