တော့တင်ဟမ်ဟော့စပါး – မန်ချက်စတာယူနိုက်တက်
ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ ရဲ့ အကောင်းဆုံး ပွဲစဉ် တစ်ပွဲ အဖြစ် စနေနေ့မှာ တော့တင်ဟမ်ဟော့စပါးနဲ့ မန်ချက်စတာယူနိုက်တက်တို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ပုံစံကောင်း ပြန်ရနေတဲ့ ယူနိုက်တက်တို့ စပါးနဲ့ နောက်ပိုင်း တွေ့ဆုံမှုတွေမှာ အသာမရခဲ့မှုကို အဆုံးသတ်သွားနိုင်မလား၊ ဒါမှမဟုတ် စပါး ကပဲ ယူနိုက်တက်ကို ထပ်ပြီး အသာရသွားဦးမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
လာမယ့် ပြီးခဲ့တဲ့အပတ်က ပရီးမီးယားလိဂ်မှာ လန်ဒန် ဒါဘီ ပြိုင်ဘက် ချဲလ်ဆီးကို ၁-၀ နဲ့ ရှုံးနိမ့်ပြီးနောက် ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရတဲ့ စပါးက ချန်ပီယံလိဂ် မှာတော့ ကိုပင်ဟေဂင်ကို ၄ ဂိုးပြတ်နဲ့ ပြန်လည် အနိုင်ရထားပါတယ်။ ဒုတိယပိုင်းမှာ အနီကတ်ပြခံခဲ့ရတဲ့ ဂျွန်ဆင်ကြောင့် ၁၀ ယောက် ကျန်နဲ့ ကစားခဲ့ရပေမယ့် စပါးက ထူးထူးခြားခြား ခြေစွမ်းပြပြီး အနိုင်ရခဲ့တာပါ။ စပါး ပရိသတ်တွေ ကတော့ အသင်းရဲ့ တည်ငြိမ်မှု အပေါ် ဝေဖန်နေကြပြီး သောမက်စ် ဖရန့်ခ် အနေနဲ့လည်း သူ့အသင်း အခုထက် တိုးတက်လာဖို့ မျှော်လင့်နေပါတယ်။ ဒိန်းမတ် နည်းပြက သူ့အသင်းဟာ ကစားပုံနဲ့ ဖွဲ့စည်းပုံ နှစ်မျိုးလုံးမှာ တိုးတက်လာတယ်လို့ ယုံကြည်နေပေမယ့် ကိုပင်ဟေဂင်နဲ့ ပွဲက သူတို့ရဲ့ ခြေစွမ်းက အလှည့်အပြောင်း တစ်ခု ဖြစ်လာမလား ဆိုတာ ကတော့ စောင့်ကြည့်ရဦးမှာပါ။ လက်ရှိမှာ စပါးက ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေပေမယ့် အဆင့် ၃ နေရာမှာ ရှိနေတဲ့ လစ်ဗာပူးလ်နဲ့ တစ်မှတ်သာ ကွာဟနေပါတယ်။
ယူနိုက်တက် ကတော့ စက်တင်ဘာလအကုန်မှာ ဘရန့်ဖို့ဒ်ကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ် နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲနိုင်၊ ၁ ပွဲ သရေကျထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က နော့တင်ဟမ်ဖောရက်စ် ၂-၂ သရေကျခဲ့ပေမယ့် ယူနိုက်တက်ရဲ့ ကောင်းမွန်တဲ့ တုံ့ပြန်မှုအတွက် ချီးကျူးရဖို့တော့ ရှိပါတယ်။ ယူနိုက်တက်ဟာ ပြိုင်ဘက်ရဲ့ ဦးဆောင်ခြင်း ခံခဲ့ရပေမယ့် အမှတ် ရအောင် ယူနိုင်ခဲ့ပြီး ၂ ဂိုး သို့မဟုတ် ၂ ဂိုးနဲ့ အထက် သွင်းယူနိုင်တဲ့ စံချိန် ကိုလည်း ၄ ပွဲ အထိ တိုးချဲ့နိုင်ခဲ့ပါတယ်။ လက်ရှိမှာ ယူနိုက်တက်က အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရပ်တည်နေပြီး ဂိုးကွာခြားချက်ကြောင့် စပါး၊ ချဲလ်ဆီး တို့ရဲ့ နောက်ကို ရောက်ရှိနေတာပါ။ မန်ချက်စတာယူနိုက်တက်ဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်း ပထမဦးဆုံး အကြိမ် အဖြစ် ၅ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိ စံချိန်သစ်တင်နိုင်ဖို့ ကြိုးပမ်းလာမှာလည်း ဖြစ်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ စပါး ဘက်က ကစားသမား တော်တော်များများ လွဲချော်ဖို့ ရှိနေပြီး ဂရေး၊ ဒေးဗီးစ်၊ တာကာအီ၊ ဒရာဂူဆင်၊ ကူလူဗက်ဗ်စကီး၊ မက်ဒီဆင်၊ ဘက်ဂျ်ဗဲလ်၊ ဘစ်ဆူးမား၊ ဆိုလန်ကီ တို့ လွဲချော်မှာပါ။ အဓိက တောင်ပံ ကစားသမား ဖြစ်တဲ့ မိုဟာမက် ကူဒု့စ် ကလည်း ပါဝင်ကစားဖို့ မသေချာသေးပါဘူး။
ဖြစ်နိုင်ဖွယ် လူစာရင်း
တော့တင်ဟမ်ဟော့စပါး – ဗစ်ကာရီယို၊ ပေါ်ရို၊ ရိုမဲယို၊ ဗန်ဒီဗန်၊ စပန့်စ်၊ ဘန်တန်ကာ၊ ပါလ်ဟင်ဟာ၊ ဆား၊ ကူဒု့စ်၊ ရစ်ချာလီဆင်၊ ဆီမွန်
မန်ချက်စတာယူနိုက်တက် – လမ်မန်စ်၊ ယိုရို၊ ဒီလစ်ဂျ်၊ ရှော၊ အာမက်ဒ်၊ ကက်စ်မဲရိုး၊ ဖာနန်ဒက်စ်၊ ဒါးလော့တ်၊ အမ်ဘူမို၊ ကူညာ၊ ဆက်စ်ကို
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ယူနိုက်တက်ဟာ စပါးနဲ့ ကစားခဲ့တဲ့ ပြိုင်ပွဲစုံအရပ်ရပ် နောက်ဆုံး ၇ ပွဲမှာ နိုင်ပွဲ မရခဲ့ပါဘူး (၂ ပွဲ သရေ၊ ၅ ပွဲ ရှုံး) ။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာလည်း ယူနိုက်တက်က စပါးကို ၃ ကြိမ် ရှုံးပြီး ၂ ကြိမ် သရေကျခဲ့ပါတယ်။ စပါး အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၃ ပွဲ မှာလည်း ယူနိုက်တက်က ၁ ပွဲ သရေကျကာ ၂ ပွဲ ရှုံးခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ တော့တင်ဟမ်ဟော့စပါး နိုင်ရင် ၂.၆၅ ဆ ရမှာ ဖြစ်ပြီး မန်ချက်စတာယူနိုက်တက် နိုင်ရင်တော့ ၂.၃၃ ဆ နဲ့ သရေ ဆိုရင်တာ့ ၃.၄၀ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာလည်း ဒဲ့ကြေးလောက်ပဲ ပေါက်နေပြီး ဂိုးပေါ်နိုင်တဲ့ ကြေးမျိုးလည်း ပေးထားပါတယ်။ ဒီရာသီမှာ နှစ်သင်းစလုံး တည်ငြိမ်မှုရဖို့ ရုန်းကန်နေရပေမယ့် မန်ချက်စတာယူနိုက်တက်ရဲ့ မကြာသေးမီက ခြေစွမ်း ပြန်လည် ကောင်းမွန်လာမှုနဲ့ စည်းလုံး ညီညွတ်မှု အပိုင်းမှာ တိုးတက်လာတာတွေက သူတို့ရဲ့ ယုံကြည်မှုကို မြှင့်တင်ပေးပါလိမ့်မယ်။ နောက်ဆုံး တွေ့ဆုံမှု နှစ်ကြိမ်မှာ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပြီး စပါးက ၁-၀ ဆိုတဲ့ ရလဒ်တွေနဲ့ အနိုင်ရရှိထားခဲ့ပါတယ်။ ဒီတစ်ကြိမ် မှာတော့ ပိုပြီး ပြိုင်ဆိုင်မှု ပြင်းထန်လာမယ်လို့ မျှော်လင့်ရပြီး အပြန်အလှန် သွင်းဂိုးတွေနဲ့ သရေကျထားသွားမယ် ထင်ပါတယ်။
ခန့်မှန်းရလဒ်
တော့တင်ဟမ်ဟော့စပါး ၂-၂ မန်ချက်စတာယူနိုက်တက်
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


