နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဝေဖန်မှုတွေကို မေ့ထားဖို့ အသင်းသားတွေကို တိုက်တွန်းလိုက်တဲ့ အမော်ရင်၊ ရိုက်စ် အတွက် တန်ကြေးကို တိုးမြှင့်လိုက်တဲ့ အာဆင်နယ် | ပရီးမီးယားလိဂ်

အခုတစ်ခါမှာတော့ နိုဝင်ဘာလ ၇ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

အဲလ်နာဆာ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒို ကတော့ သူ့ အနေနဲ့ ပရီးမီးယားလိဂ်မှာ ဂိုးသွင်းနိုင်သေးကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ လက်ရှိမှာတော့ ပေါ်တူဂီ အသင်းခေါင်းဆောင်က သွင်းဂိုး ၁၀၀၀ ပြည့်ဖို့ သွင်းဂိုး ၅၀ လောက်သာ လိုတော့တာ ဖြစ်ပါတယ်။

ဆဲလ်တစ် နည်းပြ မာတင် အိုနီးလ် ကတော့ မစ်ဂျ်လန်းကို ရှုံးနိမ့်ခဲ့ပေမယ့် ယူရိုပါလိဂ် အိမ်မက်က အဆုံးမသတ်သေးဘူး ဆိုပြီး ပြောဆိုလိုက်ပါတယ်။ ဆဲလ်တစ်ဟာ ယူရိုပါလိဂ်မှာ ၄ ပွဲ ကစားရာမှာ ၁ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၂ ပွဲ ရှုံးပြီး လိဂ်အဆင့် အမှတ်ပေးဇယား အဆင့် ၂၇ နေရာမှာ ရောက်ရှိနေပါတယ်။

ဟိုင်တင်ဂါ ကတော့ အေဂျက်စ်ကို ပွဲစဉ် ၁၁ ပွဲသာ ကိုင်တွယ်ခဲ့ရပြီး ရာထူး ကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ လက်ရှိမှာတော့ အေဂျက်စ် နည်းပြ ရာထူး အတွက် နည်းပြဟောင်း အဲရစ်ခ် တန်ဟက်ဂ်က ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ လစ်ဗာပူးလ် ပစ်မှတ် မာ့ခ် ဂူဟီကို ခေါ်ယူနိုင်ဖို့ လက်ဦးမှု ပိုမို ရယူထားနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်က ရီးရဲလ်မက်ဒရစ်၊ လစ်ဗာပူးလ် တို့ထက် ပိုကောင်းတဲ့ ရွေးချယ်မှုနဲ့ ဂူဟီကို အရ ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။

မန်ချက်စတာယူနိုက်တက် နည်းပြ ရူဘင် အမော်ရင် ကတော့ အတိတ်က ဝေဖန်ခံရမှုတွေကို မေ့ထားဖို့ လိုကြောင်း အသင်းသားတွေကို သတိပေးသွားခဲ့ပါတယ်။ လက်ရှိမှာ ယူနိုက်တက်က ပရီးမီးယားလိဂ်မှာ ပုံမှန် ခြေစွမ်းပြန်ရနေပြီး ရလဒ်တွေလည်း တောက်လျောက် ပြန်လည် ကောင်းမွန်နေပါတယ်။

ပြင်သစ် လက်ရွေးစင် အသင်း နည်းပြ ဒီဒီယာ ဒက်စ်ရွှမ့်ဟာ ဆော်ဒီပရိုလိဂ်မှာ သွားရောက် ကစားနေတဲ့ အန်ဂိုလို ကန်တေကို အသင်းရဲ့ လူစာရင်းထဲမှာ ပြန်လည် ထည့်သွင်းခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် ကတော့ ရီးရဲလ်မက်ဒရစ် တိုက်စစ် ကစားသမား အန်းဒရစ်ခ်ကို အငှားနဲ့ ခေါ်ယူဖို့ အတွက် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။ အန်းဒရစ်ခ်ဟာ အစာပိုင်းမှာ လာလီဂါမှာပဲ ဆက်ရှိနေချင်ကြောင်း သူ့ရဲ့ သဘောထားကို ဖွင့်ဟထားခဲ့ပါတယ်။

ဒီကလန် ရိုက်စ်ကို ရီးရဲလ်မက်ဒရစ်က စိတ်ဝင်စားနေတာကြောင့် အာဆင်နယ် ဘက်က ယူရို သန်း ၁၅၀ အထိ တန်ကြေး သက်မှတ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ် ကလပ် ကတော့ ယူရို သန်း ၁၅၀ နဲ့ ကမ်းလှမ်းလာတဲ့ အသင်း ရှိရင်တောင် လက်လွှတ်သွားဖွယ် မရှိကြောင်း သိရပါတယ်။

ဒါပေမယ့်လည်း ပရီးမီးယားလိဂ် ကလပ် ကတော့ ယူရို သန်း ၁၅၀ နဲ့ ကမ်းလှမ်းလာတဲ့ အသင်း ရှိရင်တောင် လက်လွှတ်သွားဖွယ် မရှိကြောင်း သိရပါတယ်။
ဒီကလန် ရိုက်စ် အတွက် ယူရို သန်း ၁၅၀ အလို ရှိနေတဲ့ အာဆင်နယ်

ရီးရဲလ်မက်ဒရစ် တောင်ပံ ကစားသမား ဗင်နီးစီးယက်စ် ဂျူနီယာ ကတော့ အသင်းနဲ့ သက်တမ်းတိုးဖို့ ငြင်းဆန်ထားကြောင်း သိရပါတယ်။ ဗင်နီဟာ လက်ရှိမှာတော့ အသင်းနဲ့ အဆင်မပြေ ဖြစ်နေပြီး အသင်း ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အင်တာမိုင်ယာမီမှာ ကစားနေတဲ့ လီယွန်နယ် မက်ဆီ ကတော့ ဂါလာတာဆာရေးဆီ အငှားထွက် ကစားမယ်လို့ သတင်းတွေ ထွက်နေပါတယ်။ မက်ဆီဟာ မကြာသေးခင် ကမှ အင်တာမိုင်ယာမီနဲ့ စာချုပ်သက်တမ်း တိုးထားသူလည်း ဖြစ်ပါတယ်။

ယနေ့မနက် အစောပိုင်းက ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေမှာ နော့တင်ဟမ်ဖောရက်စ်နဲ့ စတူရမ် ဂရက်ဇ် တို့ ဂိုးမရှိ သရေကျခဲ့ပြီး အက်စတွန်ဗီလာ ကတော့ မက္ကာဘီတဲလ် အဗစ်ကို ၂ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ ဆဲလ်တစ် ကတော့ မစ်ဂျဲလ်လန်းကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီး ဆဲလ်တာဗီဂို ကတော့ ဒိုင်နမိုဇာဂရက်ကို ၃ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။

ပေါ်တိုနဲ့ ယူထရတ်ချ် တို့ကလည်း ၁-၁ သရေ ရလဒ်နဲ့ အဆုံးသတ်ခဲ့ပြီး ကရာဗန်နာ ကတော့ လိုင်လီကို အိမ်ကွင်းမှာ ၁-၀ နဲ့ အနိုင်ကစားခဲ့ပါတယ်။ ရိုးမား ကလည်း ရိန်းဂျားစ်ကို ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး စတုဂတ် ကလည်း ဖီယင်နော့ဒ်ကို ၂ ဂိုးပြတ်နဲ့ အသီးသီး အနိုင်ရခဲ့ကြပါတယ်။ ယူရိုပါကွန်းဖရန့်လိဂ် မှာတော့ ခရစ္စတယ်ပဲလေ့စ်က အေဇက် အဲလ်ခမာကို ၃-၁ နဲ့ အနိုင်ရခဲ့ပြီး ဖီအိုရင်တီးနား ကတော့ မိန့်ဇ်ကို အဝေးကွင်းမှာ ၂-၁ နဲ့ အရေးနိမ့်ခဲ့ရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်