လက်ရှိမှာ ဘောလုံးသုံးသပ်သူ အဖြစ် လုပ်ကိုင်နေတဲ့ အိုဝင် ဟားဂရေ့ဗ် ကတော့ မန်ချက်စတာစီးတီးကို ပရီးမီးယားလိဂ် ချန်ပီယံလုပွဲ ကနေ ထုတ်လို့ မရသေးဘူးလို့ အာဆင်နယ်ကို သတိပေးလိုက်ပါတယ်။ မန်ချက်စတာစီးတီးဟာ ကြားရက်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ဒေါ့မန်ကို ၄-၁ ရလဒ်နဲ့ နိုင်ပွဲ ရယူနိုင်ခဲ့ပြီးနောက် ဟားဂရေ့ဗ်က အခုလိုပဲ သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။
ဟားဂရေ့ဗ်က “ဂွါဒီယိုလာဟာ သူ့အသင်းက အကောင်းဆုံး ပုံစံ ပြန်ရလာနေပြီ ဆိုတာ သိမယ်လို့ ထင်ပါတယ်။ အဲဒီလို ဖြစ်လာဖို့ ဂိုးပေါက်မှာ ဒွန်နာရမ်းမား၊ တိုက်စစ်မှာ ဟာလန်း တို့က အကူအညီပေးနေပေမယ့် သူတို့မှာ လူစားဝင်လာပြီး အရမ်း ကောင်းတဲ့ဂိုး သွင်းယူခဲ့တဲ့ ချာကီ လိုမျိုး ကစားသမားတွေ ရှိနေတယ်လို့ ခံစားရပြီး ဖိုဒန် ကလည်း ဟာလန်းကို အထောက်အကူပေးရတာ ပျော်စရာ ဖြစ်လာတော့မှာပါ။” လို့ ပြောကြားခဲ့ပါတယ်။
“အာဆင်နယ်က အရမ်းကောင်းသလောက် သူတို့ မလုပ်နိုင်ခဲ့ဘူး။ သူတို့တွေ ခုထိ ဖလား မရသေးဘူး။ သူတို့တွေ အခုတော့ ဖလားရနိုင်တဲ့ အနေအထားမှာရှိနေပြီဖြစ်ပြီး နောက်ဆုံးမှာတော့ ဖလားရသွားမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် သူတို့ကို အမီလိုက်ချင်နေတဲ့ နောက်ဆုံး အသင်းက မန်စီးတီးပဲ။ သူတို့တွေက အဲဒီနေရာမှာ ရှိခဲ့ဖူးပြီး အချိန်အကြာကြီးလည်း လုပ်နိုင်ခဲ့တဲ့ ကစားသမားတွေနဲ့ နည်းပြတွေ ရှိပါတယ်။”

“ဒါပေမယ့် အာဆင်နယ်က သူတို့ကိုယ် သူတို့ အရမ်းကောင်းတဲ့ နေရာမှာ ရောက်နေအောင် လုပ်ထားနိုင်တယ်လို့ ထင်ပေမယ့် မန်စီးတီးက တိတ်တိတ်လေး ကျော်တက်သွားနိုင်တယ်။ သူတို့တွေ အခု အသင်းထဲကို ရိုဒရီ ပြန်ပါလာနိုင်ခဲ့မယ် ဆိုရင် သူတို့မှာ လက်ရှိ ရှိနေပြီးသားလူတွေနဲ့ ဆိုရင် ရင်သပ်ရှုမောစရာ ကောင်းတဲ့ ဆုဖလား ပြိုင်ပွဲ ဖြစ်လာတော့မှာပါ။” လို့ ပြောကြားခဲ့ပါတယ်။
ပပ် ဂွါဒီယိုလာရဲ့ အသင်းက လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ်နဲ့ ၆ မှတ် အကွာမှာ လစ်ဗာပူးထက် ၁ မှတ် အသာမှာ ရပ်တည်နေပါတယ်။ ဒါ့အပြင် မန်စီးတီးက ဒီတစ်ပတ် တနင်္ဂနွေနေ့မှာ အာနေး ဆလော့တ်ရဲ့ အသင်းကို အစ်တီဟတ်မှာ ဧည့်ခံရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။ မန်ချက်စတာစီးတီးက ပရီးမီးယားလိဂ် ၁၀ ပွဲ ကစားပြီးချိန်မှာ ၆ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၃ ပွဲ ရှုံးပြီး ရမှတ် ၁၉ မှတ်နဲ့ အဆင့် ၂ နေရာမှာ ရှိနေပါတယ်။
အာဆင်နယ်ဟာ ၂၀၀၄ ခုနှစ် နောက်ပိုင်း ပထမဦးဆုံး အကြိမ် အဖြစ် ပရိးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့ အတွက် ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ ဒါ့အပြင် အာဆင်နယ်က ဒီရာသီမှာ အထင်ကြီးဖွယ် စွမ်းဆောင်ရည်တွေနဲ့ ပေးဂိုး မရှိ နိုင်ပွဲ စံချိန်တွေ ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အင်္ဂလန် ကွင်းလယ် ကစားသမားဟောင်း အိုဝင် ဟားဂရေ့ဗ်က မန်စီးတီး အနေနဲ့ အာဆင်နယ်ရဲ့ ဆုဖလား စိန်ခေါ်မှုုကို ခြိမ်းခြောက်နိုင်စွမ်း သိသိသာသာ ရှိလာလိမ့်မယ်လို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။
နောက်ဆုံး မှာတော့ ဟားဂရေ့ဗ်က “ဂွါဒီယိုလာက ဒီရာသီမှာ အရမ်းကောင်းတဲ့ လူစာရင်းကို ပိုင်ဆိုင်ထားတယ်လို့ ထင်ပြီး ပြီးခဲ့တဲ့ နှစ်က ရိုဒရီ တစ်ရာသီလုံး ဒဏ်ရာရခဲ့တာကြောင့် ယုံကြည်မှုက ကျဆင်းသွားခဲ့တယ်လို့ ထင်ပါတယ်။ ရုတ်တရက်ပဲ သူတို့တွေ ဖြည်းဖြည်းချင်း တည်ဆောက်နေပြီး ချန်ပီယံလိဂ်မှာ ကောင်းကောင်း လုပ်ပြနေတယ်။ ပရီးမီးယားလိဂ် မှာလည်း ဒုတိယ နေရာမှာ ရပ်တည်နေပြီး တနဂ်နွေနေ့ မှာလည်း အက်တီဟတ်မှာ လစ်ဗာပူးလ်နဲ့ ကြီးမားတဲ့ ပွဲတစ်ပွဲ ကစားဖို့ ရှိနေတာ သိသာပါတယ်။ သူတို့သာ အဲဒီပွဲကို အနိုင်ရခဲ့ရင် အရာ အားလုံး အတွက် တိုက်ပွဲဝင်နိုင်တဲ့ အခြေအနေ ဖြစ်လာမှာပါ။” လို့ သုံးသပ်သွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


