လစ်ဗာပူးလ် နည်းပြ အာနေး ဆလော့တ် ကတော့ ဖလော်ရီယန် ဝစ်ဇ် အပေါ် အာဆင်နယ် ဂန္တဝင် နည်းပြဟောင်း အာစင်ဗန်းဂါးရဲ့ ဝေဖန်ပြောဆိုမှုကို ပြန်လည် တုန့်ပြန်လာခဲ့ပါတယ်။ ဝစ်ဇ်ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့က ပေါင် ၁၁၆ သန်းနဲ့ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်ကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။
အာစင်ဗန်းဂါးက လစ်ဗာပူးလ် အနေနဲ့ ဖလော်ရီယန် ဝစ်ဇ်ကို လေဗာကူဆင် ကနေ ခေါ်ယူခဲ့တာက အသင်းကို ဖျက်ဆီးပစ်ခဲ့တာ ဖြစ်ကြောင်း ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။ ဖလော်ရီယန် ဝစ်ဇ်ဟာ ရီးရဲလ်မက်ဒရစ်ကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။ ဒီပွဲ အပြီးမှာ ဆလော့တ်က သူ့ရဲ့ နွေရာသီ ကစားသမားခေါ်ယူမှုက ကျောနံပါတ် ၁၀ နေရာမှာ စွမ်းဆောင်ပြနိုင်မယ့်သူ ဖြစ်ပြီး အာဆင်ဗန်းဂါးရဲ့ ဝေဖန်မှုကို အာရုံစိုက်နေမှာ မဟုတ်ကြောင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
“အားလုံးမှာ သူတို ကိုယ်ပိုင် ထင်မြင်ယူဆချက်ကို ပြောခွင့် ရှိပါတယ်။ သူတို့ထဲက အများစုက ရှိပါတယ်။ ဒါက ဘောလုံးနဲ့ ပတ်သက်ပြီး ကောင်းမွန်တဲ့ အရာပါ။ အားလုံး သူတို့ရဲ့ ထင်မြင်ယူဆချက် ရှိကြတယ်။ ကျွန်တော်သာ နှလုံးခွဲစိတ်ကုသမှု ခံယူဖို လိုအပ်မယ် ဆိုရင် ခွဲစိတ် ဆရာဝန်ကို သူ ဘာလုပ်ဖို့လိုလဲ ဆိုတာ ပြောမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဘောလုံးနဲ့ ပတ်သက်ရင်ကျတော့ အားလုံးက ခင်ဗျားကို ဘယ်လိုလုပ်တာက အကောင်းဆုံး ဆိုပြီး ပြောကြပါတယ်။ ဒါပေမယ့် အဲဒါကလည်း ဘောလုံးနဲ့ ပတ်သက်ပြီး ကောင်းတဲ့အရာပါ။ ဘာလို့လဲ ဆိုတော့ အားလုံးက ကျွန်တော်တို့ ဘောလုံးနဲ့ ပတ်သက်ပြီး ပြောဆိုနိုင်တယ် ဆိုတာ သိနေလိုပါ။
လစ်ဗာပူးလ်ဟာ ပြီးခဲ့တဲ့ နွေရာသီက ပြောင်းရွှေ့ကြေး အမြောက်အမြား သုံးစွဲကာ ကစားသမား တော်တော်များများကို ခေါ်ယူအားဖြည့်ခဲ့ပါတယ်။ ဒီထဲမှာ ဖလော်ရီယန် ဝစ်ဇ်လည်း အပါအဝင် ဖြစ်ပြီး အာနေး ဆလော့တ်ရဲ့ အသင်းက လေဗာကူဆင် ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဝစ်ဇ်ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ကိုတော့ ဒီနွေရာသီမှာပဲ အလက်ဇန္တား အိဆက်ခ်ရဲ့ ပေါင် ၁၂၅ သန်းတန် အပြောင်းအရွှေ့က ထပ်မံ ချိုးဖျက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း လက်ရှိမှာ လစ်ဗာပူးလ်ရဲ့ ဒီနွေရာသီ ကစားသမား ခေါ်ယူမှုတွေထဲမှာ ကစားသမား အနည်းငယ်ကသာ စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်တာ ဖြစ်ပါတယ်။ ဂျာမန် ကွင်းလယ် တိုက်စစ် ကစားသမား ဝစ်ဇ်ဟာ လစ်ဗာပူးလ်နဲ့ သူ့ရဲ့ ပထမဆုံး ၁၅ ပွဲမှာ ဂိုး ဖန်တီးမှု ၃ ကြိမ်သာ ပြုလုပ်နိုင်ခဲ့တာကြောင့် ပြင်းထန်စွာ ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။
ကျွန်တော် တို့မှာ အတူတူ ကစားနိုင်တဲ့ ကွင်းလယ် ကစားသမားကောင်း ၅ ယောက်၊ ၆ ယောက်လောက် ရှိတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် သူတို့တွေ အနေနဲ့ တစ်ဦီးချင်းစီရဲ့ အကောင်းဆုံး ပုံစံ ရလာဖို အတူတူ ပိုကစားဖို လိုအပ်ပါတယ်။ ဖလော်ရီယန်က သူ့ရဲ့ အသင်းဖော်တွေနဲ့ အသားကျအောင် လုပ်ဖို့ အချိန်လိုပါတယ်။ အသင်းဖော်တွေ ကလည်း သူနဲ့ အသားကျဖို့ အချိန်လိုပါတယ်။ ဒါပေမယ့် အခု သူ ဘယ်တောင်ပံမှာ ကစားခဲ့ပါတယ်။”
“ခင်ဗျားကို ကျွန်တော် ပြောနိုင်တာက ဒီရာသီ မဟုတ်ဘူး ဆိုရင် နောက်ရာသီ ဒါမှမဟုတ် မနက်ဖြန်မှာ သူက လစ်ဗာပူးလ် အတွက် ကွင်းလယ် ကစားသမား အဖြစ် အရမ်းကောင်းတဲ့ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ပါလိမ့်မယ်။ သူ့အပေါ်မှာပဲ အာရုံစိုက်မှုတွေက အများကြီး ရှိနေခဲ့ပြီး ကျွန်တော် ကတော့ တစ်သင်းလုံးရဲ့ စွမ်းဆောင်ရည် အပေါ် မှာပဲ ပိုပြီး အာရုံစိုက်ပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့်လည်း ဆလော့တ်က ဂျာမန် ကြယ်ပွင့် တိုက်စစ် ကစားသမားကို အပြည့်အဝ ယုံကြည်သေးပုံ မရပဲ နောက်ဆုံး ပရီးမီးယားလိဂ် ၆ ပွဲမှာ ၂ ပွဲသာ ပွဲထွက်ခွင့်ပေးခဲ့ပါတယ်။ လက်ရှိမှာ ဆလော့တ်က ပြီးခဲ့တဲ့ ရာသီက အထိုင်ကျထားပြီးသား ဖြစ်တဲ့ ကွင်းလယ်လူ ၃ ဦး ကိုပဲ ပြန်လည် အသုံးပြုနေခဲ့တာ တွေ့ရပါတယ်။
လက်ရှိမှာ လစ်ဗာပူးလ်က ရမှတ် ၁၈ မှတ်နဲ့ အတူ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။ လစ်ဗာပူးလ်က အခုတစ်ပတ် စူပါဆန်းဒေးမှာတော့ အဓိက ပြိုင်ဘက် မန်စီးတီးကို အက်တီဟတ်မှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


