နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဒီလစ်ဂျ်ရဲ့ နောက်ကျဂိုးနဲ့ အဖိုးတန် သရေ ၁ မှတ် ရခဲ့တဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

မန်ချက်စတာယူနိုက်တက် ကတော့ မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ တော့တင်ဟမ်ဟော့စပါးကို အဝေးကွင်းမှာ တစ်ဖက် ၂ ဂိုးစီ သရေ ကစားခဲ့ပါတယ်။ ဒါပေမယ့်လည်း ၂၀၂၂ အောက်တိုဘာလ နောက်ပိုင်း ကတည်းက တော့တင်ဟမ်ဟော့စပါးကို အနိုင်မရတဲ့ မှတ်တမ်းဆိုးကို အဆုံးမသတ်နိုင်ခဲ့ပေမယ့် အဝေးကွင်းမှာ အဖိုးတန် သရေ ၁ မှတ် ရခဲ့တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ 

ဒီနေ့ပွဲမှာ အမော်ရင်က အထောင်တိုက်စစ် ဖြစ်တဲ့ ဘင်ဂျာမင် ဆက်စ်ကို နေရာမှာ ကူညာကို ပွဲထုတ်ပြီး အမ်ဘူမိုနဲ့ အာမက်ဒ် ဒီယာလို တို့နဲ့ ရံကစားစေခဲ့ကာ ကက်စ်မဲရိုး၊ ဖာနန်ဒက်စ်၊ မက်ဂွိုင်းယား၊ ဒီလစ်ဂျ်၊ လမ်မန်စ် တို့နဲ့ အတောင့်တင်းဆုံး ပွဲထွက်လာခဲ့ပါတယ်။ အိမ်ရှင် စပါး ဘက်မှာလည်း မိုဟာမက် ကူဒု့စ် အပါအဝင် အဓိက ကစားသမားတချို့ လွဲချော်ခဲ့ပေမယ့် ဗန်ဒီဗန်၊ ပေါ်ရို၊ ရိုမီယို၊ ဆား၊ ဆီမွန်၊ ရစ်ချာလီဆင်၊ ကိုလို မူအာနီ တို့ ပါဝင်ခဲ့ပါတယ်။

အမ်ဘူမို ကတော့ ဒီနေ့ပွဲ မှာလည်း ယူနိုက်တက် အတွက် အဖိုးတန် ကစားသမား ဖြစ်ခဲ့ပြန်ပြီး ဘယ်နေရာမှာ ကစားရ ကစားရ ရုန်းအား တိုးအား ကောင်းကောင်း၊ အဆုံးသတ် ကောင်းကောင်းနဲ့ ကစားပြနေတာ တွေ့ရတယ်။ ပထမပိုင်းမှာ ယူနိုက်တက်က ပွဲကို အကောင်းဆုံး ထိန်းချုပ်ထားနိုင်ခဲ့တာကြောင့် စပါးတို့ ယူနိုက်တက် ပယ်နယ်တီ ဧရိယာ အတွင်းမှာ ဘောလုံး ထိချက် ၃ ကြိမ်သာ ရှိခဲ့သလို တိုက်စစ်မှူး ရန်းဒဲလ် ကိုလို မူအာနီရဲ့ စွမ်းဆောင်ရည်လေးကို စုတ်ပြတ်သတ်နေခဲ့ပါတယ်။ မူအာနီဟာ စပါး အတွက် ပရီးမီးယားလိဂ်မှာ ၁၉၁ မိနစ် ကစားပြီးချိန် အထိ ဂိုးပေါက် ကန်ချက် ၁ ကြိမ်သာ ပြုလုပ်နိုင်ခဲ့သလို ဇာဗီ ဆိုင်မွန် ကလည်း ဆက်ပြီး Flop နေဆဲပါ။

ဒီအခြေအနေကို နော့တင်ဟမ်ဖော်ရက်စ်၊ စပါး တို့နဲ့ ပရီးမီးယားလိဂ် ပွဲတွေမှာ တွေ့မြင်နိုင်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေတဲ့ တော့တင်ဟော့စပါး

ယူနိုက်တက် အတွက် အဖွင့်ဂိုး ကိုတော့ ပွဲချိန် ၃၂ မိနစ်မှာ အာမက်ဒ် ဒီယာလိုရဲ့ ဖြတ်တင်ဘော ကနေ အမ်ဘူမိုက ခေါင်းတိုက် သွင်းယူခဲ့ပါတယ်။ အမ်ဘူမိုက စပါးရဲ့ အိမ်ကွင်းမှာ ဂိုးမြူးလေ့ ရှိတဲ့ ဒီဂိုးဟာ ၄ ဂိုးမြောက် ဖြစ်သလို စပါး ဘက်ကို ၅ ဂိုးမြောက် အဖြစ် သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်း မှာတော့ အော်ဒိုဘာ့တ်၊ အူဒိုဂီတို့ ဝင်ရောက်လာပြီး နောက်ပိုင်းမှ စပါးက ပုံမှန် စွမ်းဆောင်ရည် ပြန်ရခဲ့ပြီး ခရစ္စရှန် ရိုမီယိုရဲ့ အနီးကပ် ခေါင်းတိုက်ချက်ကို ယူနိုက်တက် ဂိုးသမား လန်မန်စ် လက်စွမ်းပြ ကာကွယ်ခဲ့သလို ပါလ်ဟင်ဟာရဲ့ အားပါ ပြင်းထန်တဲ့ ကန်ချက် ကိုလည်း လန်မန်စ် ကာကွယ်နိုင်ခဲ့ပါတယ်။

အဲဒီနောက် သောမက်စ် ဖရန့်ခ်က ဘန်တန်ကာ၊ မက်သီ တဲလ်တို့ ထည့်ပြီး တိုက်စစ် ဆက်မြှင့်ခဲ့တဲ့နောက် စပါးတို့ ဂိုးရနိုင်ခြေတွေ ပိုများလာခဲ့ပါတယ်။ ပွဲချိန် ၈၄ မိနစ် မှာတော့ မက်သီ တဲလ်က စပါး အတွက် ချေပဂိုး သွင်းယူပေးခဲ့သလို ပွဲပြီးခါနီးမှာ နှစ်ဖက် အသင်း ပရိသတ်တွေ အတွက် ရင်ခုန်စရာ အလှည့်အပြောင်းတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ပွဲချိန် ၉၁ မိနစ်မှာ အော်ဒိုဘတ်ရဲ့ ကန်ချက်က ရစ်ချာလီဆင်နဲ့ ထိပြီးတော့ လမ်းကြောင်းပြောင်း ဂိုးဝင်သွားလို့ စပါးတို့ ၃ မှတ် ရပြီလို့ ထင်နေတုန်းမှာပဲ ၉၆ မိနစ်မှာ ဘရူနို ဖာနန်ဒက်စ်ရဲ့ ထောင့်ကန်ဘော ကနေ ဒီလစ်ဂျ်က ခေါင်းတိုက်ချက်ကာ နောက်ကျ ချေပဂိုး သွင်းယူခဲ့တာကြောင့် ၂-၂ ရလဒ်နဲ့ ပြီးဆုံးခဲ့ပါတယ်။

ယူနိုက်တက်ဟာ နောက်ပိုင်း ပွဲတွေမှာ အရင်နဲ့ မတူတော့ပဲ ပြိုင်ဘက်ကို ဂိုးပေးလိုက်ရချိန်မှာ စိတ်ဓာတ်ပိုင်း ပျက်ဆီးသွားခြင်း မရှိတော့တာ တွေ့ရပါတယ်။ ဒီအခြေအနေကို နော့တင်ဟမ်ဖော်ရက်စ်၊ စပါး တို့နဲ့ ပရီးမီးယားလိဂ် ပွဲတွေမှာ တွေ့မြင်နိုင်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်