နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဝုဗ်ကို အနိုင်ရရှိခြင်းက ချဲလ်ဆီးကို မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်စေတယ်လို့ မာရက်စ်ကာ ပြောကြား | ပရီးမီးယားလိဂ်

ချဲလ်ဆီး ကတော့ မနေ့ညက ပရီးမီးယားလိဂ် ပွဲစဉ်မှာ ရုန်းကန်နေရတဲ့ ဝုဗ်ကို ၃-၀ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် ချဲလ်ဆီး နည်းပြ အန်ဇို မာရက်စ်ကာက ဒီနိုင်ပွဲဟာ သူ့ အသင်း အနေနဲ့ ပရီးမီးယားလိဂ်မှာ လမ်းကြောင်း မှန်ပေါ် ရောက်ရှိနေကြောင်း သက်သေပြသလို ဖြစ်ခဲ့တယ်လို့ ကြုံးဝါး ပြောဆိုခဲ့ပါတယ်။

ဒီပွဲမှာ ချဲလ်ဆီးက ပထမပိုင်းမှာ ဝုဗ်ကို ခြေစွမ်းအသာနဲ့ ကစားကာ ဂိုးပေါက်တည့်မှု ၃ ကြိမ် ရှိခဲ့ပေမယ့် သွင်းဂိုးတော့ မရခဲ့ပါဘူး။ ဒုတိယပိုင်းမှာ ချဲလ်ဆီးက တိုက်စစ် ပိုတင်ကစားလာခြင်းနဲ့ အတူ ပွဲချိန် ၅၁ မိနစ်မှာ သွင်းဂိုး စတင်ရရှိခဲ့ပါတယ်။ အဖွင့်ဂိုးကို မာလို ဂူစတိုက သွင်းယူပေးခဲ့ပြီး အဲဒီနောက် ၆၅ မိနစ်မှာ ယာအို ပက်ဒရို၊ ၇၃ မိနစ်မှာ ပက်ဒရို နီတို တို့က နှစ်ဂိုး ထပ်သွင်းခဲ့လို့ ချဲလ်ဆီးတို့ ၃-၀ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် ချဲလ်ဆီးက ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ်နဲ့ ရမှတ် ကွာဟချက်ကို လျှော့ချနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ မတူညီတဲ့ ကစားသမား ၁၁ ဦးက ဂိုးသွင်းယူထားပြီး အာဆင်နယ်နဲ့ ဘရိုက်တန် ပြီးရင် အများဆုံးလည်း ဖြစ်ပါတယ် (OG မပါ)။

ပွဲအပြီး BBC Sport နဲ့ အင်တာဗျူးမှာ အန်ဇို မာရက်စ်ကာ “ကျွန်တော်တို့ ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်။ ပထမပိုင်းနဲ့ ဒုတိယပိုင်းကြား တစ်ခုတည်းသော ကွာခြားချက်ကတော့ ပထမပိုင်းမှာ ဂိုးမသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။” လို့ ဆိုပါတယ်။

လက်ရှိမှာ ချဲလ်ဆီးက ရမှတ် ၂၀ နဲ့ အတူ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂ နေရာ အထိ ယာယီ တက်လှမ်းထားနိုင်ခဲ့ပါတယ်။
ဝုဗ်ကို နောက်ဆုံး ၄ ကြိမ်ဆက် အနိုင်ရခဲ့တဲ့ ချဲလ်ဆီး

မာရက်စ်ကာက ပြိုင်ဘက် ဧရိယာထဲမှာ ဘောလုံး ထိချက် ၉ ကြိမ်၊ အခွင့်အရေး ဖန်တီးမှု ၃ ကြိမ်၊ ဖြတ်တင်ဘော ၉ ကြိမ် ပြုလုပ်နိုင်ခဲ့တဲ့ အလက်ဟန်ဒရို ဂါနာချို ကိုလည်း အထူး ချီးကျူးသွားခဲ့ပါတယ်။ ဂါနာချို အနေနဲ့ သူ့ရဲ့ ပရီးမီးယားလိဂ်မှာ ၉၉ ကြိမ်မြောက် အဖြစ် ပွဲထွက် ကစားခွင့်ရတဲ့ ပွဲစဉ်မှာ ပထမဦးဆုံး အကြိမ် အဖြစ် ဖန်တီးမှု ၂ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ မာရက်စ်ကာက “သူက အရမ်းကောင်းပါတယ်။ ဘောလုံး အပေါ်မှာတင် မကဘူး။ အထူးသဖြင့် သူက On the ball မှာရော၊ Off the ball မှာပါ ကောင်းကောင်း ကစားခဲ့ပါတယ်။ ဒါက ကျွန်တော် တို့ရဲ့ တောင်ပံကစားသမားတွေ ဆီကနေ လိုအပ်နေတဲ့ အရာပါ။” လို့ ပြောဆိုခဲ့တာပါ။

လက်ရှိမှာ ချဲလ်ဆီးက ရမှတ် ၂၀ နဲ့ အတူ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂ နေရာ အထိ ယာယီ တက်လှမ်းထားနိုင်ခဲ့ပါတယ်။ မန်စီးတီး-လစ်ဗာပူးလ်၊ အက်စတွန်ဗီလာ-ဘုန်းမောက် ပွဲစဉ်တွေ အပေါ် မူတည်ပြီး အမှတ်ပေးဇယား အပြောင်းအလဲ ဖြစ်နိုင်သေးပေမယ့် အန်ဇို မာရက်စ်ကာရဲ့ အသင်းက အာဆင်နယ်နဲ့ ၆ မှတ်သာ ကွာဟပါတော့တယ်။ ဒါကြောင့် မာရက်စ်ကာက သူ့အသင်းရဲ့ အနာဂတ် အတွက် အကောင်းမြင်နေပြီး သူ့ရဲ့ ငယ်ရွယ်တဲ့ အသင်းမှာ တိုးတက်ဖို့ နေရာတွေ ရှိနေသေးကြောင်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။

“ကလပ် အတွင်း မှာတော့ ကလပ် တစ်ခု အနေနဲ့ အသင်း တစ်သင်း အနေနဲ့ ကျွန်တော် တို့ဟာ မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်နေပြီး ကောင်းမွန်တဲ့အရာတွေကို လုပ်ဆောင်နေတယ် ဆိုတာ ကျွန်တော်တို့ ယုံကြည်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ဟာ အရာအားလုံးကို ပိုကောင်းအောင် လုပ်ဆောင်နိုင်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

တစ်ဖက်မှာလည်း ဝုဗ် ကတော့ ၂၀၂၅-၂၀၂၆ ပရီးမီးယားလိဂ် ရာသီမှာ လက်ရှိအချိန်ထိ နိုင်ပွဲ မရရှိသေးပဲ ယာယီ နည်းပြ ဂျိမ်းစ် ကောလင်းစ် ကလည်း ပထမဦးဆုံး နိုင်ပွဲ ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ အခု အခြေအနေဟာ ဝုဗ် အသင်းရဲ့ သမိုင်းမှာ ၁၉၈၃-၁၉၈၄ ဘောလုံးရာသီ နောက်ပိုင်း ပထမဦးဆုံး အကြိမ် အဖြစ် ရာသီ အစ ၁၁ ပွဲမှာ နိုင်ပွဲ ၁ ပွဲမှ မရတဲ့ ဒုတိယမြောက် ရာသီလည်း ဖြစ်ခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်