မန်ချက်စတာစီးတီး ကတော့ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အရေးကြီး ပွဲစဉ်မှာ လစ်ဗာပူးလ်ကို ၃-၀နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲမှာ မန်စီးတီး အတွက် အဓိက ခြေစွမ်းပြခဲ့သူက ဘယ်တောင်ပံက ဂျရယ်မီ ဒိုကူ ဖြစ်ပြီး နည်းပြ ဖြစ်သူ ပပ် ဂွါဒီယိုလာ ကလည်း ပွဲအပြီးမှာ ဘယ်လ်ဂျီယံသားကို အခုလိုပဲ ချီးကျူးသုံးသပ်သွားခဲ့ပါတယ်။
ဂွါဒီယိုလာက “ရိုးရိုးသားသား ဝန်ခံရရင် ဒိုကူက ထိပ်တန်း ဂိုးသွင်းရှင် တစ်ယောက် ဘယ်တော့မှ ဖြစ်လာလိမ့်မယ် မထင်ပါဘူး။ ဒါပေမယ့်သူက သူ့ကိုသူ ဒီထက် ပိုကောင်းလာအောင် ကြိုးစားချင်သူပါ။ ပြောစကား နားထောင်တယ်။ အလိမ်အခေါက်တွေမှာ အရမ်း ကျွမ်းကျင်တယ်။ သူက ကော်နာ ဘရတ်ဒ်လေကို ကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့တယ်။
ကစားပုံ aggressive ဆန်လွန်းပြီး ဘောလုံးမရှိတဲ့ အချိန်မှာ လျင်မြန်တယ်။ ကျွန်တော်တို့ ကလည်း သူ့ကိုကူညီပေးဖို အားထုတ်ကြတာပါ။ ဒီပွဲမှာ သူ့ရဲ့ ခြေစွမ်းက ထိပ်တန်း အဆင့် ဖြစ်ခဲ့ပါတယ်။” လို့ ဆိုကာ သူ့ရဲ့ တပည့်ကို ချီးမွမ်းသွားခဲ့တာ ဖြစ်ပါတယ်။
တကယ်လည်း ဒိုကူက ဂွါဒီယိုလာ သုံးသပ်သလိုပဲ ဂိုးတွေ အများကြီး သွင်းပေးနိုင်တဲ့သူ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့ရဲ့ အလိမ်အခေါက် ကျွမ်းကျင် ပိုင်နိုင်မှုက အသင်း အတွက် အကျိုးသက်ရောက်မှု အများကြီး ရှိနေစေခဲ့တာ ဖြစ်ပါတယ်။ ညကပွဲမှာ ဆိုရင် ဒိုကူဟာ ပြိုင်ဘက် ကစားသမား တစ်ယောက် နှစ်ယောက်လောက်ကို အသာအယာ လိမ်ခေါက်ကာ လစ်ဗာပူးလ် ခံစစ်ကို အကြီးအကျယ် ဒုက္ခပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ လစ်ဗာပူးလ် ညာနောက်ခံလူ ကော်နာ ဘရတ်ဒ်လေ ဆိုရင် ဒိုကူကို တစ်ဦးချင်း ဘယ်လိုမှ မထိန်းနိုင်ပဲ တော်တော်လေး ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။

ပုံမှန်ဆို ဂိုးသွင်းဖို့ ရုန်းကန်ရတတ်တဲ့ ဒိုကူ အနေနဲ့ မန်စီးတီး အတွက် တတိယမြောက် အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့တာ ကတော့ သူ့ အတွက်ရော၊ မန်စီးတီး အတွက်ပါ ပြီးပြည့်စုံတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ရပါတယ်။ ဒိုကူဟာ မန်စီးတီးရဲ့တိုက်စစ်ပိုင်းဟာ ဟန်ချက်ညီညာသွားစေခဲ့သလို သူ့ကို အာရုံစိုက်နေရတာကြောင့် အာလင်း ဟာလန်း အတွက် နေရာလွတ် များစွာ ဖြစ်စေတယ်။ ဒိုကူဟာ အသင်းရဲ့ ဘောလုံး မဆုံးရှုံးအောင် တစ်ကိုယ်တော် အစွမ်းနဲ့ ထိန်းသိမ်းပေးနိုင်သူ ဆိုရင်လည်း မမှားပါဘူး။
ဒိုကူဟာ လစ်ဗာပူးလ်နဲ့ ပွဲစဉ်မှာ ၇၄ မိနစ် ကစား၊ ဂိုးပေါက် ကန်ချက် ၈ ကြိမ်၊ ပြိုင်ဘက် ဧရိယာထဲမှာ ဘောလုံးထိချက် ၁၁ ကြိမ်၊ Final Third Zone ထဲကို ဘောလုံးပေးပို့မှု ၄ ကြိမ်၊ ပြန်လည် ဆယ်ယူမှု ၅ ကြိမ်၊ Dribbles အများဆုံး ၇ ကြိမ်၊ Duel won အများဆုံး ၁၁ ကြိမ် အထိ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဒိုကူက မနေ့က ပွဲအတွက် MOTM လည်း ဖြစ်ခဲ့ပြီး မန်စီးတီးရဲ့ နိုင်ပွဲ အတွက် သက်ရောက်မှု ကြီးမားလွန်းခဲ့သူ ဖြစ်ပါတယ်။
ဒါ့အပြင် ထူးခြားချက်က အခုရာသီမှာ မန်စီးတီးဟာ ပြိုင်ပွဲစုံ ရှုံးပွဲ ၃ ပွဲ ကြုံထားရာမှာ တိုက်ဆိုင်စွာနဲ့ပဲ ဒိုကူ အရံခုံ ထိုင်ရတဲ့ ပွဲစဉ်တွေ ရှုံးထားတာ ဖြစ်ပါတယ်။ ဒိုကူ လူစာရင်းမှာ ပါဝင်ခဲ့တဲ့ ပွဲစဉ် အားလုံး ကတော့ အနိုင် (သိုမဟုတ်) သရေရလဒ်နဲ့ ပြီးဆုံးခဲ့ပါတယ်။
မန်ချက်စတာစီးတီး ကတော့ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ဆက်ရှိနေခဲ့ပြီး အာဆင်နယ်ကို ၄ မှတ် အကွာနဲ့ ဆက်လက် ဖိအားပေးနိုင်ခဲ့ပါတယ်။ လစ်ဗာပူးလ် ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲ အထိ ရှုံးပြီး ၁ ပွဲသာ အနိုင်ရခဲ့တာကြောင့် အဆင့် ၈ နေရာ အထိ ကျဆင်းသွားခဲ့ပါတယ်။ ဒါ့အပြင် ဇယားထိပ်က အာဆင်နယ်နဲ့လည်း ၈ မှတ် ကွာဟသွားခဲ့ပြီ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


