အာဂျင်တီးနား တိုက်စစ်မှူး ဟူလီယန် အဲလ်ဗာရက်ဇ် ကတော့ လက်ရှိမှာ ခြေစွမ်းပြနေတာကြောင့် လာလီဂါ ထိပ်သီး ဘာစီလိုနာရဲ့ ပစ်မှတ်ထားခြင်း ခံနေရသူ ဖြစ်ပါတယ်။ အဲလ်ဗာရက်ဇ် ကတော့ မန်ချက်စတာစီးတီးမှာ ခြေစွမ်းပြနိုင်ခဲ့သလို၊ အက်တလက်တီကိုမက်ဒရစ် မှာလည်း ခြေစွမ်းပြနေတာကြောင့် လာမယ့် နွေရာသီမှာ ဘာစီလိုနာက ရောဘတ် လီဝမ်ဒေါစကီးရဲ့ နေရာမှာ အစားထိုးဖို့ ခေါ်ယူလိမ့်မယ်လို့ သတင်းတွေ ထွက်နေတာ ဖြစ်ပါတယ်။
ဒီအခြေအနေ အပေါ် သတင်းထောက်တွေက မေးမြန်းရာမှာတော့ အဲလ်ဗာရက်ဇ်က “စပိန်မှာ ကျွန်တော်နဲ့ ဘာစီလိုနာ အကြောင်း ပြောနေကြတာတော့ အများကြီးပါပဲ။ ပြီးခဲ့တဲ့နှစ် ကလည်း ပီအက်စ်ဂျီနဲ့ ပြောခဲ့ကြပါသေးတယ်။ ကျွန်တော့်ရဲ့ အေးဂျင့်နဲ့ ပီအက်စ်ဂျီရဲ့ တာဝန်ရှိသူတွေ ဆွေးနွေးခဲ့ကြတာတော့ မှန်ပါတယ်။ ဒါပေမယ့် ဘာမှ ဖြစ်မလာပါဘူး။ အခု ကျွန်တော် အက်တလက်တီကိုမက်ဒရစ် ကိုပဲ အာရုံစိုက်ထားပါတယ်။ ရာသီကုန်ရင် ဘာတွေ ဖြစ်လာမလဲ ဆိုတာ ကျွန်တော်တို့ တွေ့မြင်ရမှာပါ။” လို့ ပြောကြားခဲ့ပါတယ်။
ဂျူလီယန် အဲလ်ဗာရက်ဇ် ကတော့ ပြီးခဲ့တဲ့နှစ်က မန်ချက်စတာစီးတီး ကနေ ဒီယေဂို ဆီမြွန်နီရဲ့ အသင်းထံ ယူရို ၉၅ သန်း (ပေါင် ၈၁.၈ သန်း) တန်ကြေး ရှိတဲ့ စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလား ချန်ပီယံ အာဂျင်တီးနားသားက အက်တီဟတ်ကွင်းမှာ နှစ်ရာသီ အတွင်း အဓိက ဆုဖလား ၆ လုံး အထိ ရရှိခဲ့ပါတယ်။ အဲလ်ဗာရက်ဇ်ဟာ အက်တလက်တီကိုမက်ဒရစ် အတွက် လာလီဂါ အပါအဝင် ပြိုင်ပွဲစုံမှာ ၇၁ ပွဲ ကစားပြီး ၃၈ ဂိုး သွင်းယူကာ ၁၂ ဂိုး ဖန်တီးပေးခဲ့ပါတယ်။

အဲလ်ဗာရက်ဇ်ဟာ ဥရောပ ထိပ်တန်းလိဂ် ၅ ခုက ကစားသမား ၆ ဦး ဖြစ်တဲ့ ဟယ်ရီကိန်း၊ ကီလီယန် အမ်ဘာပေး၊ အာလင်း ဟာလန်း၊ ရောဘတ် လီဝမ်ဒေါစကီး၊ ဆာဟူး ဂူရက်ဆီနဲ့ မိုဟာမက် ဆာလာတို့ ပြီးရင် ဂိုးသွင်း အများဆုံး ကစားသမားလည်း ဖြစ်ပါတယ်။ အက်တလက်တီကိုမက်ဒရစ်ထံ မပြောင်းရွှေ့ခင် အဲလ်ဗာရက်ဇ်ကို ဘာစီလိုနာက အပြင်းအထန် ချိတ်ဆက်ခဲ့ဖူးပါသေးတယ်။ အဲဒီအချိန်တုန်းက L’Equipe နဲ့ အင်တာဗျူးမှာ အဲလ်ဗာရက်ဇ်က အနာဂတ်မှာ ကတ်တလိုးနီးယားသို့ ပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့ပါတယ်။
အဲလ်ဗာရက်ဇ်က ဒီရာသီမှာ လာလီဂါမှာ ၅ ဂိုးသွင်း၊ ၄ ဂိုးဖန်တီးကာ ဂိုးပါဝင် ပတ်သတ်မှု ၉ ကြိမ် ပြုလုပ်ထားပါတယ်။ ဒါဟာ ၁၃ ဂိုးသွင်း ဂိုးဖန်တီးမှု ၂ ကြိမ် ဖန်တီးထားတဲ့ ကီလီယန် အမ်ဘာပေး ပြီးရင် အများဆုံး ဖြစ်ပါတယ်။
ဆက်လက်ပြီး အဲလ်ဗာရက်ဇ်က သူ့အနေနဲ့ တက်တူးမထိုးတာဟာ တခြားသူတွေနဲ့ မတူအောင် လုပ်ဆောင်ခြင်း မဟုတ်ဘဲ လိုအပ်တယ်လို့ မထင်တာကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အသက် ၂၅ နှစ် အရွယ် ကစားသမားက ဒီနေ့ခေတ် ဘောလုံးလောကမှာ တက်ထူးထိုးထားခြင်း မရှိတဲ့ ရှားရှားပါးပါး ကစားသမားတွေထဲက တစ်ဦး ဖြစ်ပြီး ဒီအတွက် L’Equipe က မေးမြန်းရာမှာ ငယ်စဉ်က ဖခင် ဖြစ်သူရဲ့ တားမြစ်ပိတ်ပင်ထားတဲ့ စည်းကမ်းချက်ကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အဲလ်ဗာရက်ဇ်က “လက်ရွေးစင် အသင်းမှာ ရှိနေတဲ့ တစ်နေ့ ကျွန်တော်က တက်တူး မရှိတဲ့ တစ်ဦးတည်းသောသူ ဖြစ်ကြောင်း လူတစ်ယောက်က မှတ်ချက်ပေးခဲ့ပါတယ်။ ဒါကို ကျွန်တော် တခြားသူတွေနဲ့ ကွဲပြားခြားနားအောင် လုပ်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော် ငယ်ငယ်က အဖေက တက်တူး မထိုးရ၊ ဆေးလိပ်မသောက်ရ၊ အရက်မသောက်ရလို့ တားမြစ်ခဲ့ဖူးပါတယ်။ အခု ကျွန်တော် အရွယ် ရောက်ပြီး အရာရာတိုင်းကို ဆုံးဖြတ်လို့ရပြီ ဖြစ်ပေမယ့် ဒါတွေ ရှိဖို့လိုတယ်လို့ မခံစားရပါဘူး။” လို့ ပြောကြားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


