နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အက်စ်တီဗာအို ကွင်းထဲမှာ ရှိနေချိန်ဆိုရင် စွမ်းအားတွေ မြင့်တက်လာတယ် ဆိုတဲ့ အန်ဇို မာရက်စ်ကာ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး နည်းပြ အန်ဇို မာရက်စ်ကာ ကတော့ အသင်းရဲ့ ဘရာဇီးလ် တိုက်စစ် ကြယ်ပွင့်လေး အက်စ်တီဗာအိုကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အသက် ၁၈ နှစ် အရွယ် အက်စ်တီဗာအို ကတော့ လက်ရှိမှာ ချဲလ်ဆီး အတွက် တောက်လျောက် ခြေစွမ်းပြနေပြီး မာရက်စ်ကာက အသင်းရဲ့ အင်္ဂလန် ကြယ်ပွင့် ကိုးလ် ပါးလ်မားနဲ့တောင် နှိုင်းယှဉ် ချီးကျူးခဲ့တာ ဖြစ်ပါတယ်။

အန်ဇို မာရက်စ်ကာက “သူလုပ်ပြနေတာက အံ့အားသင့်စရာတွေချည်းပါပဲ၊ လာမယ့် ၅ နှစ် ကနေ ၁၀ နှစ်ကြား အထိ သူကောင်းကောင်း လုပ်ပြနေဦးမှာပါပဲ၊ အသင်း ပရိသတ်တွေ ပွဲကြည့် လက်မှတ်ဝယ်တယ် ဆိုတာ ကလည်း သူ့လို ကစားသမားမျိုးကို မြင်ချင်လို့ပဲ နေမှာပါ။ ပါးလ်မား ကစားတာ မြင်ချင်နေသလိုမျိုးပဲပေါ့၊ သူက ဘရာဇီးလ်က ရောက်လာပြီး ကတည်းက အသင်းမှာ ကောင်းကောင်း ခြေစွမ်းပြနေသူ တစ်ယောက်ပါ။” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အက်စ်တီဗာအို ကတော့ ချဲလ်ဆီး အတွက် ကစားတိုင်း စိတ်ဓာတ် တက်ကြွစေပြီး ကလပ် အသင်းနဲ့ ကစားသမားတွေ အတွက် ပရိသတ်တွေ အိပ်မက်မက်နိုင်တဲ့ စရိုက်လက္ခဏာ တစ်ခု ဖြစ်ကြောင်းလည်း မာရက်စ်ကာက ပြောကြားသွားခဲ့ပါတယ်။

အက်စ်တီဗာအိုဟာ ပရီးမီးယားလိဂ် ကလပ်ထံ ယူရို ၄၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ကစားသမား ဖြစ်ပြီး လက်ရှိ တန်ကြေးအရ ယူရို ၁၁၈.၁ သန်း အထိ တန်ကြေး တိုးမြင့် သတ်မှတ်ခံထားရပါတယ်။ အက်စ်တီဗာအိုက ချဲလ်ဆီးမှာ ချက်ချင်းပဲ အောင်မြင်ခဲ့ပြီး အသင်း အတွက် အလျင်မြန်ဆုံး အကျိုးသက်ရောက်မှု ရှိစေခဲ့တာ ဖြစ်ပါတယ်။ အက်စ်တီဗာအိုက လက်ရှိ ကမ္ဘာ့တန်ကြေး အမြင့်ဆုံး လူငယ်ကစားသမား စာရင်း မှာလည်း လာမင်း ယာမယ်ရဲ့ အနောက် ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

လက်ရှိမှာတော့ ချဲလ်ဆီးက ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရှိနေပြီး အာဆင်နယ်နဲ့ ၆ မှတ် ပြတ်နေပါတယ်။
လက်ရှိမှာ ပေါင် သန်း ၁၀၀ ကျော်တန် တန်ကြေး ရှိနေတဲ့ အက်စ်တီဗာအို

အက်စ်တီဗာအိုဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အတွက် ပထမဦးဆုံး ၁၆ ပွဲမှာ ဂိုး ၄ ဂိုး သွင်းကာ ဖန်တီးမှု ၁ ကြိမ် ပြုလုပ်ထားပါတယ်။ အက်စ်တီဗာအို ခြေစွမ်းပြနိုင်ခြင်း အတွက် အဓိက အရေးပါခဲ့သူက နည်းပြ အန်ဇို မာရက်စ်ကာ ဖြစ်ပြီး အင်္ဂလန်မှာ အဆင်ပြေစွာနဲ့ ကစားသမားဘဝ စတင်နိုင်ဖို့ ကူညီပေးခဲ့သူ ဖြစ်ပါတယ်။ အက်စ်တီဗာအိုက ကွာရာဘက်နဲ့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ သူ့ရဲ့ နောက်ဆုံးဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

ဒီအပတ် အစောပိုင်းမှာ CIES Football Observatory အချက်အလက် ကုမ္ပဏီက Estevao ကို ပေါင် ၁၀၀ သန်းကျော် တန်ဖိုးဖြတ်ခဲ့ပြီး မာရက်စ်ကာက ဘရာဇီးလ် ဆယ်ကျော်သက် ကစားသမားဟာ ဒီဈေးနှုန်းနဲ့ ထိုက်တန်ကြောင်း ပြောကြားခဲ့ပါတယ်။ မာရက်စ်ကာက “သူက လုံးဝ အမြင်ရှိပါတယ်။ သူက ထိပ်တန်း ကစားသမားပါ။ ပါရမီရှင် တစ်ယောက်လည်း ဖြစ်ပြီး သူ့ကို လိုက်လျောညီထွေ ဖြစ်အောင်နဲ့ မှန်ကန်တဲ့ အချိန်ပေးဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။”

“ဖြည်းဖြည်းချင်း၊ ဖြည်းဖြည်းချင်း၊ သေချာပေါက်၊ (သူ) အနာဂတ်မှာ ကျွန်တော်တို့ အတွက် အကောင်းဆုံး ကစားပေးနိုင်မှာပါ။ အက်စ်တီဗာအို ကွင်းထဲမှာ ရှိနေချိန်ဆိုရင် စွမ်းအင်တွေ မြင့်တက်လာခဲ့ပါတယ်။ လူတွေက ဒီလိုကစားသမားမျိုးကို နှစ်သက်ကြလို့ပါ။ ဒါကြောင့် သူ့အနေနဲ့ အသင်းကိုရော ပရိသတ်တွေ ကိုပါ ကူညီပေးနိုင်တာကို ကျွန်တော်တို့ ဝမ်းသာပါတယ်။ သူ့ကြောင့် အားလုံး ပျော်ရွှင်နိုင်ပါလိမ့်မယ်။” လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိမှာတော့ ချဲလ်ဆီးက ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရှိနေပြီး အာဆင်နယ်နဲ့ ၆ မှတ် ပြတ်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်