အင်္ဂလန် သောမတ်စ် တူချယ် ကတော့ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ပြီးချိန်မှာလည်း အထိ အင်္ဂလန် လက်ရွေးစင် အသင်းကို ဆက်လက် ကိုင်တွယ်သွားဖို့ ဆန္ဒရှိနေကြောင်း ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။ တစ်ဖက်မှာလည်း တူချယ်က လာမယ့်နှစ် နွေရာသီ မတိုင်ခင်မှာပဲ အင်္ဂလန် လက်ရွေးစင် အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုသွားဖို့ ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်လျက် ရှိပါတယ်။
တူချယ်ဟာ အင်္ဂလန် နိုင်ငံက ပူးတွဲ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမယ့် ယူရို-၂၀၂၈ ပြိုင်ပွဲ အထိ အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ နည်းပြ အဖြစ် ဆောင်ရွက်သွားလိုကြောင်း ပထမဦးဆုံး အကြိမ် အဖြစ် အခုလိုပဲ ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။ တူချယ်က “အက်ဖ်အေ အပါအဝင် အင်္ဂလန် တစ်သင်းလုံး ကျွန်တော့်ကို ကျေနပ်မှု ရှိတယ်၊ လိုလားတယ် ဆိုရင် အသင်းမှာ ဆက်နေသွားဖို့ ဖြစ်နိုင်ခြေ ရှိပါတယ်။ အခုအချိန် မှာတော့ အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ် အတွက်ပဲ အပြည့်အဝ အာရုံစိုက်ထားပါတယ်။”
“လက်ရှိ အသင်းရဲ့ အခြေအနေကို အဖွဲ့ချုပ်က ကျေနပ်မှု ရှိမယ်လို့ ကျွန်တော် ယူဆပြီး နောက်ထပ် သက်သေပြစရာတွေ အများကြီး ရှိနေပါသေးတယ်။ ကျွန်တော့်ရဲ့ စိတ်ဓာတ်ပိုင်း ဆိုင်ရာက အကောင်းဆုံး အနေအထားမှာ ရှိနေပြီး အင်္ဂလန် လက်ရွေးစင် အသင်း၊ ဘောလုံးအဖွဲ့ချုပ်ရဲ့ အားပေးထောက်ခံမှု၊ အသင်းရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ နှစ်သက်အားရမှု ရှိပါတယ်။ စာချုပ်သစ် ကိစ္စ အတွက် ဆွေးနွေးဖို့ အချိန်တွေ အများကြီး ကျန်ပါသေးတယ်။ လို့ ပြောကြားခဲ့ပါတယ်။

ဒီနှစ် ဇန်နဝါရီလ ကမှ အင်္ဂလန် လက်ရွေးစင် အသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ တူချယ်က လာမဲ့နှစ်၊ ကမ္ဘာ့ဖလား ပြိုင်ပွဲအပြီးမှာ အင်္ဂလန်နဲ့ စာချုပ် သက်တမ်းပြည့်မှာ ဖြစ်ပါတယ်။ တူချယ်က ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၂ ပွဲ မကစားခင်မှာပဲ အင်္ဂလန်ကို တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး အခုတော့ သူက အသင်းမှာ ဆက်နေချင်တယ်လို့ ဝန်ခံ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အင်္ဂလန်ဟာ သောမက်စ် တူချယ် လက်ထက်မှာ စုစုပေါင်း ၈ ပွဲ ကစားထားပြီး ၇ ပွဲနိုင်၊ ၁ ပွဲ ရှုံး ရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။ အင်္ဂလန်ဟာ ဆီနီဂေါနဲ့ ခြေစမ်းပွဲမှာ ရှုံးနိမ့်ထားခဲ့တာ ဖြစ်ပြီး ကျန်ပွဲ အားလုံးနီးပါးမှာ ပေးဂိုး မရှိ နိုင်ပွဲတွေ ရရှိထားပါတယ်။ ဒါပေမယ့်လည်း ပရိသတ် တချို့ ကတော့ သောမက်စ် တူချယ် ကိုင်တွယ်နေတဲ့ အသင်းရဲ့ ခြေစွမ်းပိုင်းက အရမ်းကြီး အားရစရာ မရှိသေးကြောင်း သုံးသပ်နေကြပါတယ်။ အဓိက ကတော့ အန်ဒိုရာနဲ့ ပွဲမှာ အင်္ဂလန်က ဟယ်ရီကိန်းရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ဖြစ်ပါတယ်။
အင်္ဂလန်ဟာ အခုလ အတွင်းမှာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ လက်ကျန်ပွဲစဉ် ၂ ပွဲ အဖြစ် ဆားဘီးယား၊ အဲလ်ဘေးနီးယား တို့နဲ့ ယှဉ်ပြိုင်ကစားရဖို့ ရှိနေပါသေးတယ်။ ဒါပေမယ့်လည်း ခြေစစ်ပွဲ ရှေ့က ၆ ပွဲစလုံး အနိုင်ရထားတဲ့ အင်္ဂလန်က ဒုတိယနေရာက အဲလ်ဘေးနီးယားကို ၇ မှတ်ဖြတ်ထားနိုင်တာကြောင့် စောစောစီးစီးပဲ ခြေစစ်ပွဲ အောင်မြင်ထားပြီး ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


