နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဂရန်းနစ် ချာကာရဲ့ စွမ်းဆောင်ရည် အပေါ် ကျေနပ်အားရနေတဲ့ ဝိန်း ရွန်နီ | ပရီးမီးယားလိဂ်

သရဲနီ ဂန္တဝင် ဝိန်း ရွန်နီ ကတော့ ဆန်းဒါးလန်း အသင်းခေါင်းဆောင် ဂရန်းနစ် ချာကာဟာ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ခေါ်ယူမှု ဖြစ်နိုင်တယ်လို သုံးသပ်လိုက်ပါတယ်။ အသက် ၃၃ နှစ် အရွယ် ချာကာဟာ ဆန်းဒါးလန်းကို ဒီနွေရာသီမှာ မထင်မှတ်ပဲ ပြောင်းရွှေ့လာပြီး အသက်အရွယ်နဲ့ မလိုက်အောင် စွမ်းဆောင်ရည်ကောင်းတွေ ပြသနေသူ ဖြစ်ပါတယ်။

လက်ရှိမှာ ဆန်းဒါးလန်းက သူ့ရဲ့ စွမ်းဆောင်ရည်ကောင်းတွေနဲ့ အတူ ပရီးမီးယားလိဂ်မှာ ၁၁ ပွဲ ကစားပြီး ရမှတ် ၁၉ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၄ နေရာကို ရောက်ရှိနေပါတယ်။ အာဆင်နယ် ကွင်းလယ်လူဟောင်းရဲ့ အတွေ့အကြုံနဲ့ ဦးဆောင်မှု အရည်အသွေးတွေက ဆန်းဒါးလန်းကို များစွာ အကျိုးရှိနေစေခဲ့သလို သူဟာ ပရီးမီးယားလိဂ် ပွဲစဉ် အားလုံးကို ပွဲချိန်ပြည့် ပါဝင် ကစားထားပြီး ၁ ဂိုး သွင်း၊ ၃ ဂိုး ဖန်တီးထားခဲ့ပါတယ်။

ဒါကြောင့် မန်ချက်စတာယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် ဂန္ထဝင် ကစားသမား ဝိန်း ရွန်နီဟာ ချာကာရဲ့ သက်ရောက်မှု အပေါ် လွန်စွာ သဘောကျနေခဲ့ပြီး ဒီရာသီရဲ့ အကောင်းဆုံး ခေါ်ယူမှုလို့ နာမည်တပ်ခဲ့တာပါ။ BBC ရဲ့ The Wayne Rooney Show မှာ ဝိန်းက “ပရီးမီးယားလိဂ်ကို ပြန်လာပြီး သူ လုပ်ဆောင်နေတာတွေက အံ့အားသင့်စရာတွေပါ။ တန်းတက် အသင်း တစ်သင်း အနေနနဲ့ သူ့ရဲ့ သက်ရောက်မှုတွေက ထင်ရှားပါတယ်။ သူဟာ ဘောလုံးရာသီရဲ့ အကောင်းဆုံး ခေါ်ယူမှု ဖြစ်နိုင်ပါတယ်။ သူက လက်ဖျားခါလောက်အောင် ထူးချွန်သူပါ။” လို့ ဝိန်း ရွန်နီက ပြောကြားခဲ့ပါတယ်။

ချာကာဟာ အသင်းဟောင်း အာဆင်နယ်နဲ့ ပြန်လည် တွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ သရေ တစ်မှတ်စီ ခွဲယူနိုင်ခဲ့ပြီး ကြောင်နက်တွေ အတွက် သူ့ရဲ့ ခေါင်းဆောင်မှု စွမ်းရည်ကို ထင်ထင်ရှားရှား ပြသခဲ့ပါတယ်။
အခုနွေရာသီမှာ လေဗာကူဆင် ကနေ ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၁၃ သန်းနဲ့ ဆန်းဒါးလန်းကို ပြောင်းရွှေ့လာတဲ့ ဂရန်းနစ် ချာကာ

ချာကာဟာ အခုနွေရာသီမှာ လေဗာကူဆင် ကနေ ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၁၃ သန်းနဲ့ ဆန်းဒါးလန်းကို ရောက်ရှိလာသူ ဖြစ်ပါတယ်။ အဲဒီနောက် ရွန်နီက အာဆင်နယ်မှာ သူ့ရဲ့ မငြိမ်မသက် ဖြစ်ခဲ့ရတဲ့ နှစ်တွေကို ရည်ညွှန်းပြီး ဆွစ်ဇာလန် ကွင်းလယ် ကစားသမားရဲ့ ခံနိုင်ရည်ရှိမှုကို အလေးပေး ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး ဝိန်းက “အာဆင်နယ်မှာတုန်းက ပရိသတ်တွေနဲ့ ပြဿနာ ဖြစ်ခဲ့ပေမယ့် သူ့အကောင်းဆုံး ပြန်လာနိုင်ခဲ့ပါတယ်။ အခြေအနေဆိုးတွေကို ကျော်လွှားပြီးနောက် အာဆင်နယ် အတွက် ခြေစွမ်းပြခဲ့ပြီး လေဗာကူဆင် အတွက် ၁၀ နှစ်ကျော်အတွင်း ပထမဆုံးအကြိမ် အဖြစ် ဘေယန်မြူးနစ်ကို ကျော်ဖြတ်ကာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။ အဲဒီအသင်းရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ခဲ့ခြင်းက သူဘယ်လောက် ကောင်းတဲ့ ကစားသမားလည်း ဆိုတာ ပြသနိုင်ခဲ့ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

အဲဒီနောက် ဝိန်း ရွန်နီက ချာကာရဲ့ ကွင်းပြင်ပ လွှမ်းမိုးမှု ကိုလည်း ချီးကျူးခဲ့ပြီး အထူးသဖြင့် ဆန်းဒါးလန်းရဲ့ ငယ်ရွယ်တဲ့ စုဖွဲ့မှုကု ဦးဆောင်နိုင်ခဲ့မှု အပေါ် ချီးကျူးခဲ့ပါတယ်။ “ဆန်းဒါးလန်း အသင်း မှာလည်း အရမ်းငယ်ရွယ်တဲ့ အစုအဖွဲ့ ရှိပါတယ်။ သူက ဖခင်တစ်ယောက်လို ပုံစံမျိုး ဖြစ်နေမှာပါ။ အသင်းခေါင်းဆောင် အဖြစ် ကြားခံ ကစားသမားအဖြစ် တာဝန်ယူရမယ် ဆိုရင်လည်း နည်းပြ အတွက် အထောက်အကူဖြစ်စေမှာပါ။ ပြီးခဲ့တဲ့ နွေရာသီမှာ ကစားသမားတွေ အများကြီး ခေါ်ယူခဲ့တဲ့ ဆန်းဒါးလန်း အနေနဲ့ ချာကာရဲ့ အတွေ့အကြုံကို အသုံးချပြီး မန်နေဂျာနဲ့ ကစားသမားတွေ အတွက်လည်း အထောက်အကူဖြစ်စေပါလိမ့်မယ်။” လို့ သုံးသပ်သွားခဲ့ပါတယ်။

ချာကာဟာ အသင်းဟောင်း အာဆင်နယ်နဲ့ ပြန်လည် တွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ သရေ တစ်မှတ်စီ ခွဲယူနိုင်ခဲ့ပြီး ကြောင်နက်တွေ အတွက် သူ့ရဲ့ ခေါင်းဆောင်မှု စွမ်းရည်ကို ထင်ထင်ရှားရှား ပြသခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်