နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

စပိန်ရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ လက်ကျန် ပွဲစဉ်တွေ အတွက် ပါဝင်ကစားပေးနိုင်မှာ မဟုတ်တဲ့ လာမင်း ယာမယ်

လာမင်း ယာမယ် အနေနဲ့ နိုဝင်ဘာလ အတွင်း ကစားမယ့် စပိန်ရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေ အတွက် လူစာရင်း ကနေ နှုတ်ထွက်ခဲ့ကြောင်း စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) အတည်ပြုလိုက်ပါတယ်။ စပိန် ဘောလုံးအဖွဲ့ချုပ်ဟာ ဘာစီလိုနာ အပေါ် ပြင်းထန်တဲ့ ကြေညာချက် တစ်ခု ထုတ်ပြန်ပြီးနောက် အခုလို အတည်ပြုသွားခဲ့တာလည်း ဖြစ်ပါတယ်။

ယာမယ် အနေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ နိုင်ငံတကာ ပွဲစဉ်တွေ အပြီးမှာ ပေါင်ခြံ ဒဏ်ရာ ရရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိပြီး နောက်ပိုင်း ဘာစီလိုနာနှင့် RFEF တို့ အကြား တင်းမာမှုတွေ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာ နည်းပြ ဟန်ဆီ ဖလစ်ခ်ဟာ သူတို့ အသင်းရဲ့ လူငယ် တောင်ပံ ကစားသမားလေး အတွက် အကာအကွယ် မရှိဘူးလို့ ယူဆရတဲ့ အပေါ် စပိန် နည်းပြ လူးဝစ္စ ဒီလာ ဖျူအန်တေးကို ပြင်းပြင်းထန်ထန် ဝေဖန်ထားခဲ့တာ ဖြစ်ပါတယ်။

ယာမယ်ဟာ ဒဏ်ရာကြောင့် အောက်တိုဘာလ အတွင်း အနားယူနေခဲ့ရပေမယ့်လည်း နိုဝင်ဘာလ မှာတော့ အသင်းရဲ့ လူစာရင်းမှာ ပါဝင်လာဖို့ ဒီလာ ဖျူအန်တေးက မျှော်လင့်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် စပိန် နည်းပြက ကစားသမားရဲ့ ကြံ့ခိုင်မှုနဲ့ ပတ်သက်ပြီးတော့လည်း စိုးရိမ်ပူပန်မှု မရှိကြောင်း လူသိရှင်ကြား ပြောကြားထားခဲ့တာပါ။

စပိန် လက်ရွေးစင် အသင်း ကတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု နောက်ဆုံး ၂ ပွဲမှာ ဂျော်ဂျီယာ၊ တူရကီ တို့နဲ့ ကစားရဦးမှာ ဖြစ်ပါတယ်။
ဆီလမ်းကြောင်း ရောဂါကြောင့် ယာမယ်ကို အနားပေးခဲ့တဲ့ စပိန် ဘောလုံး အဖွဲ့ချုပ်

ဒါပေမယ့်လည်း လက်ရှိမှာတော့ RFEF က ယာမယ် အနေနဲ့ ဒဏ်ရာ အသစ် ထပ်မရစေဖို့ အတွက် စပိန်ရဲ့ လူစာရင်း ကနေ နှုတ်ထွက်ကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။ RFEF ရဲ့ ထုတ်ပြန်ချက် မှာတော့ ယာမယ်က ၎င်းရဲ့ ဆီးလမ်းကြောင်း မသက်မသာဖြစ်မှုကို ကုသဖို့ အတွက် ရေဒီယိုကြိမ်နှုန်း ခွဲစိတ်မှု ခံယူခဲ့ကြောင်း၊ လုပ်ထုံးလုပ်နည်းတွေကို လက်ရွေးစင် အသင်းရဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေထံ ကြိုတင် ဆက်သွယ်မှုမရှိဘဲ လုပ်ဆောင်ခဲ့ပြီး နောက်မှသာ အသေးစိတ်အချက်အလက်များကို သိရှိခဲ့ရကြောင်း၊ အဲဒီ အစီရင်ခံစာ မှာတော့ ၇ ရက် ကနေ ၁၀ ရက် အထိ အနားယူရန် ဆေးဘက်ဆိုင်ရာ အကြံပြုချက်တွေ ပါဝင်နေကြောင်း ဖော်ပြထားပါတယ်။

ဒါကြောင့် လက်ရှိ အခြေအနေနဲ့ ကစားသမားရဲ့ ကျန်းမာရေး၊ ဘေးကင်းရေးနဲ့ ကောင်းကျိုး ချမ်းသာကို အချိန်တိုင်း ဦးစားပေးတာကြောင့် တော်ဝင် စပိန်ဘောလုံးအဖွဲ့ချုပ် အနေနဲ့ ကစားသမားကို လက်လွှတ်ပေးဖို့ ဆုံးဖြတ်ခဲ့ကြောင်း၊ ကစားသမား ပြန်လည် ကောင်းမွန်လာမယ်လို့ ယုံကြည်ပြီး မြန်မြန်ဆန်ဆန်နှင့် အပြည့်အဝ ပြန်လည်ကောင်းမွန်လာစေဖို့ ဆုတောင်းကြောင်းလည်း RFEF က ဖော်ပြခဲ့ပါတယ်။

စပိန် လက်ရွေးစင် အသင်း ကတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု နောက်ဆုံး ၂ ပွဲမှာ ဂျော်ဂျီယာ၊ တူရကီ တို့နဲ့ ကစားရဦးမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ စပိန်က အုပ်စု ပွဲစဉ် ၄ ပွဲစလုံး ရာနှုန်းပြည့် အနိုင်ရထားပြီး လာမယ့် ပွဲကို အနိုင်ရလိုက်တာနဲ့ တိုက်ရိုက် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်တော့မှာ ဖြစ်ပါတယ်။ လက်ရှိမှာ စပိန်က အုပ်စု ဒုတိယနေရာက တူရကီကို ၃ မှတ် ဖြတ်ထားပြီးတော့ ခြေစစ်ပွဲ အောင်မြင်ဖို့ သေချာသလောက်တော့ ရှိနေပါတယ်။ စပိန်ဟာ ဂျော်ဂျီယာကို ပထမအကျော့တုန်းက အိမ်ကွင်းမှာ ၂-၀ ရလဒ်နဲ့ အနိုင်ရထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်