လီယွန်နယ် မက်ဆီ ကတော့ သူနဲ့ သူ့ရဲ့ မိသားစုဟာ မကြာခင် အနာဂတ်မှာ ဘာစီလိုနာကို ပြန်လည် ပြောင်းရွှေ့ နေထိုင်ဖို့ စီစဉ်ထားတယ်လို့ ဖွင့်ဟလာခဲ့ပါတယ်။ လာလီဂါ ကလပ် ဘာစီလိုနာမှာ ၂၁ နှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက် ၇၇၈ ပွဲ ကစား၊ ၆၇၂ ဂိုး သွင်းပြီး ဆုဖလား ၃၄ လုံး ရရှိခဲ့ပါတယ်။
ဒါပေမယ့်လည်း COVID ကပ်ရောဂါကြောင့် နောက်ဆက်တွဲ ကိစ္စတွေ အပြင် စီမံခန့်ခွဲမှု ညံ့ဖျင်းမှုရဲ့ အကျိုးဆက်တွေကြောင့် ဘာစီလိုနာတို့ ဘဏ္ဍာရေး အခြေအနေတွေ ဆိုးရွားခဲ့ပါတယ်။ ဒါကြောင့် ၂၀၂၁ ခုနှစ်မှာ မက်ဆီကို စာချုပ်သစ်ချုပ်ဆိုနိုင်ခြင်း မရှိခဲ့ပဲ ကတ်တာလန်ကို အသက် ၁၃ နှစ် အရွယ် ကတည်းက ရောက်ရှိခဲ့တဲ့ အာဂျင်တီးနားသားဟာ ပထမဦးဆုံး အကြိမ် အဖြစ် အသင်းသစ် တစ်ခု ရှာဖွေခဲ့ရပါတယ်။
အဲဒီနောက် မက်ဆီက ၂၀၂၁ ကနေ ၂၀၂၃ ခုနှစ် အထိ လီဂူးဝမ်း ကလပ် ပီအက်စ်ဂျီမှာ ကစားခဲ့ပါတယ်။ ပီအက်စ်ဂျီ မှာတော့ မက်ဆီက ၇၅ ပွဲ ကစားကာ ၃၂ ဂိုး သွင်းယူခဲ့ပြီး ပြည်တွင်း ဆုဖလား ၂ လုံးပဲ ရရှိခဲ့သလို အနည်းငယ် ရုန်းကန်ခဲ့ရပါတယ်။ ဘယ်လွန်ဒေါ ၈ ကြိမ်ရှင် မက်ဆီက ၂၀၂၃ မှာတော့ အင်တာမိုင်ယာမီကို ထပ်မံ ပြောင်းရွှေ့ခဲ့ပြီး လက်ရှိ အချိန်ထိ ၈၅ ပွဲ ကစားကာ ၇၆ ဂိုး သွင်းယူပြီး မေဂျာလိဂ် ကလပ် အတွက် ပထမဦးဆုံး ဆုဖလား ဖြစ်တဲ့ လိဂ်ဖလားကို ရယူပေးနိုင်ခဲ့ပါတယ်။
အသက် ၃၈ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့လကမှ အင်တာမိုင်ယာမီနဲ့ ၂၀၂၈ ခုနှစ် အထိ စာချုပ်သစ် ချုပ်ဆိုခဲ့ပေမယ့် အနာဂတ်မှာ ဘာစီလိုနာကို ပြန်လာဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။

စပိန် သတင်းစာ SPORT နဲ့ အင်တာဗျုးမှာ မက်ဆီက “အဲဒီကို ပြန်သွားဖို့ ကျွန်တော် တကယ်ပဲ မျှော်လင့်နေပါတယ်။ “ကျွန်တော်တို့ ဘာစီလိုနာကို အရမ်းလွမ်းပါတယ်။ ကျွန်တော့် ဇနီးနဲ့ ကလေးတွေရော၊ ကျွန်တော်ပါ ဘာစီလိုနာ အကြောင်း၊ အဲဒီမှာ ပြန်နေထိုင်ဖို့ အစီအစဉ်တွေ အကြောင်း အမြဲတမ်း ပြောနေကြပါတယ်။ အဲဒီမှာ ကျွန်တော် တို့မှာ အိမ်နဲ့ အရာအားလုံး ရှိတယ်၊ ဒါကြောင့် အဲဒါကို ကျွန်တော်တို့ လိုချင်တာပါ။” လို့ ပြောကြားခဲ့ပါတယ်။
မက်ဆီဟာ မကြာသေးခင်က ပြန်လည် ပြုပြင်ထားတဲ့ နူးကမ့်ပ်ကွင်းကို လာရောက်ခဲ့ပြီး လူမှုကွန်ရက်မှာ ပရိသတ် စိတ်ဝင်စားမယ့် ပို့စ်တစ်ခုလည်း တင်ခဲ့ပါသေးတယ်။ မက်ဆီက “ကစားသမား တစ်ယောက် အနေနဲ့ နှုတ်ဆက်ဖို့ မဟုတ်ဘဲ တစ်နေ့နေ့မှာ ပြန်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော် ဘယ်တုန်းကမှ မကြုံဖူးသလိုမျိုးပေါ့။” လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။
ဒီလိုမျိုး မက်ဆီရဲ့ နူးကမ့်ပ်ဆီ လျှို့ဝှက်ခရီးစဉ်က ထင်ကြေးအမျိုးမျိုးကို ဖြစ်ပေါ်စေခဲ့ပေမယ့်လည်း မက်ဆီရဲ့ ဘာစီလိုနာမှာ ကစားခဲ့တဲ့ နေ့ရက်တွေ ပြီးဆုံးသွားပြီလို့တော့ ထင်ကြေးပေးမှုတွေ ရှိနေပါတယ်။ ဒါပေမယ့်လည်း မက်ဆီဟာ ကစားသမား အနေနဲ့ မဟုတ်ပဲ လာလီဂါ ကလပ်ရဲ့ အားကစား ဒါရိုက်တာ တစ်ယောက် အနေနဲ့ ပြန်လာနိုင်ဖွယ် ရှိနေကြောင်း သုံးသပ်နေကြပါတယ်။ သေချာတာ ကတော့ နောက်ဆုံးမှာ မက်ဆီ အနေနဲ့ ဘာစီလိုနာမြို့မှာပဲ နေထိုင်သွားဖို့ ရှိနေပြီ ဖြစ်ပါတယ်။
အဲဒီနောက် လာလီဂါ ထိပ်သီး ကလပ်မှာ ပိုင်ဆိုင်ခဲ့တဲ့ အကြိုက်ဆုံး အမှတ်တရတွေက ဘာတွေလဲလို့ SPORT က မေးမြန်းခဲ့ပါတယ်။ ဒီမေးခွန်းကိုတော့ မက်ဆီက “တစ်ခုတည်းကို ရွေးချယ်ဖို့ ခက်ခဲပါတယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်ဟာ ကံကောင်းတဲ့ အခိုက်အတန့်တွေ အများကြီးကို ကြုံတွေ့ခဲ့ရတာပါ။”
“ကျွန်တော် မပြောပြတတ်ဘူး။ ယေဘုယျအားဖြင့် ပျော်ရွှင်မှုအကြောင်း ပြောတဲ့အခါ ဆုဖလားတွေ၊ အောင်မြင်မှုတွေ၊ ကျွန်တော်တို့ ပြီးမြောက်အောင်မြင်ခဲ့တဲ့ အရေးကြီးတဲ့ အရာတွေကို တွေးလေ့ ရှိပါတယ်။ ဒါပေမယ့် (ပပ်) ဂွါဒီယိုလာနဲ့ ပထမဆုံး တွေ့ဆုံမှုက အံ့မခန်းပါပဲ။ လူးဝစ္စ အင်းနရစ်ခ်နဲ့ နောက်ဆုံး ချန်ပီယံလိဂ် ကလည်း အံ့မခန်းပါပဲ။ ကျွန်တော် မသိဘူး၊ အခိုက်အတန့် တစ်ခုတည်းကို ရွေးချယ်ဖို့ ခက်ခဲပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


