အခုတစ်ခါမှာတော့ နိုဝင်ဘာလ ၁၂ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက် ကတော့ နော့တင်ဟမ်ဖောရက်စ် ကွင်းလယ်လူ အဲလီယော့တ် အန်ဒါဆန်ကို စိတ်ဝင်စားနေကြောင်း တရားဝင် အသိပေးထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကစားသမားရဲ့ တန်ကြေး ကတော့ ပေါင် သန်း ၁၂၀ (ဒေါ်လာ ၁၅၈.၁ သန်း) အထိ မြင့်မားနေဆဲ ဖြစ်ကြောင်း ဖလော်ရီယန် ပလက်တန်ဘက်ဂျ်က ပြောကြားလာခဲ့ပါတယ်။
ကိုဘီ မိန်းနူး ကတော့ ဇန်နဝါရီလမှာ မန်ချက်စတာယူနိုက်တက်ကနေ ထွက်ခွာချင်တယ်လို့ ရှင်းရှင်းလင်းလင်း ပြောကြားထားခဲ့ပြီးတော့ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားကြောင်း Fichajes က ဖော်ပြပါတယ်။
အာဆင်နယ်၊ လစ်ဗာပူးလ်နဲ့ ဂျူဗင်တပ်စ် အသင်း အားလုံးဟာ ပီအက်စ်ဂျီ ကွင်းလယ်လူ ဗစ်တင်ညာကို စောင့်ကြည့်နေကြပေမယ့် သဘောတူညီချက် ရဖို့ ဆိုရင်တော့ လီဂူးဝမ်း ကလပ်က တောင်းဆိုထားတဲ့ ယူရို သန်း ၁၃၀ သန်း ကို ပေးဆောင်ရဖွယ်တော့ ရှိနေပါတယ်။
ပပ် ဂွါဒီယိုလာနဲ့ နီးစပ်သူ တချို့ရဲ့ အဆိုအရ မန်ချက်စတာစီးတီး နည်းပြဟာ ၁၀ နှစ်ပြည့်ပြီးတဲ့နောက် အက်တီဟတ် ကနေ နောက်နှစ် နွေရာသီမှာ ထွက်ခွာနိုင်တယ်လို့ The Times က ဖော်ပြပါတယ်။

ပရီးမီးယားလိဂ် ကလပ် အများအပြားက အာဆင်နယ် လူငယ် ကစားသမား မိုင်းလ်စ် လီဝစ် စကယ်လီကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ စကယ်လီက နောက်နှစ် နွေရာသီ ကမ္ဘာ့ဖလား အတွက် အင်္ဂလန် အသင်းမှာ ပြန်လည် ပါဝင်ချင်ရင် ပွဲကစားချိန် ပိုလိုအပ်နေပါတယ်။
မန်ချက်စတာယူနိုက်တက်ရဲ့ ကင်းထောက်တွေ ကတော့ ဘရာဇီးလ် အာလင်း ဟာလန်းလို့ နာမည်ပြောင် ပေးထားတဲ့ အသက် ၁၇ နှစ် အရွယ် ဘာဟီရာ တိုက်စစ်မှူး ဒဲလ်ကို စောင့်ကြည့်နေပါတယ်။ ဒါပေမယ့်လည်း စီးတီးဂရုဟာ ဘရာဇီးလ် ကလပ်ရဲ့ ၉၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတာကြောင့် မန်စီးတီးက သူ့ရဲ့ လက်မှတ် အတွက် ရေပန်းအစားဆုံး ဖြစ်လာခဲ့ပါတယ်။
ဂါလာတာဆာရေး တိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန်ကို စောင့်ကြည့်နေတဲ့ အာဆင်နယ်၊ လစ်ဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက် ကင်းထောက်တွေ ကတော့ ညာနောက်ခံလူ ဝီလ်ဖရိုင်း ဆင်ဂို ကိုလည်း စိတ်ဝင်စားနေကြောင်း သိရပါတယ်။ အသက် ၂၄ နှစ် အရွယ် ကစားသမား အတွက် ကမ်းလှမ်းမှုတွေကို ဇန်နဝါရီလမှာ ပြုလုပ်ဖွယ် ရှိနေပါတယ်။
ဂျူဗင်တပ်စ် ကတော့ လာမယ့် ဇန်နဝါရီမှာ တိုက်စစ်မှူး ဂျွန်နသန် ဒေးဗစ် အတွက် ကမ်းလှမ်းမှုတွေကို လက်ခံဖို့ ရှိနေပါတယ်။ တော့တင်ဟမ်ဟော့စပါး ကတော့ ကနေဒါ လက်ရွေးစင် ကစားသမား အကြောင်း အကြိမ်ကြိမ် ဆက်သွယ် မေးမြန်းခဲ့ပြီး ချဲလ်ဆီးနဲ့ အေစီမီလန် တို့ကလည်း ခေါ်ယူချင်နေပါတယ်။
မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ဂျော်ရွှာ ဇစ်ခ်ဇီးနဲ့ အေးဂျင့်တွေ ကတော့ သူတို့ရဲ့ ကစားသမားကို ပရီးမီးယားလိဂ်မှာပဲ ဆက်ရှိနေဖို့ မျှော်လင့်နေပါတယ်။ လက်ရှိမှာ ဇစ်ခ်ဇီးကို ဝက်စ်ဟမ်း ယူနိုက်တက် ကသာ စိတ်ဝင်စားမှု ပြသထားတဲ့ တစ်ခုတည်းသော အသင်း ဖြစ်ပေမယ့် ကစားသမား ကတော့ စီးရီးအေ ကလပ် ရိုးမား ကိုသာ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေကြောင်း Gazzetta dello Sport က ဖော်ပြပါတယ်။
တစ်ဖက် မှာလည်း ဇစ်ခ်ဇီးက အဲဗာတန်ရဲ့ ပစ်မှတ် စာရင်းမှာ ထိပ်ဆုံး ကနေ ပါဝင်နေပါတယ်။ အဲဗာတန်ဟာ အဲလ်အာလီက အိုင်ဗန် တိုနေး ကိုလည်း စောင့်ကြည့်နေပါတယ်။ ဖူလ်ဟမ်၊ နယူးကာဆယ်နဲ့ ဆန်းဒါးလန်း တို့ဟာ အသက် ၁၈ နှစ် အရွယ် အန်းဂါးစ် တိုက်စစ်မှူး ဆီဒီကီ ချာရစ်ဖ်ကို ပေါင် ၂၂ သန်း (ဒေါ်လာ ၂၉ သန်း) နဲ့ အပြိုင်အဆိုင် ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း Football Insider က ဖော်ပြပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


