အခုတစ်ခါမှာတော့ နိုဝင်ဘာ ၁၄ ရက်နေ့ အတွက် ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ရောဘတ် လီဝမ်ဒေါစကီးရဲ့ ကိုယ်စားလှယ်တွေ ကတော့ ဖီနာဘာချီနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူး ဘက်က စိတ်ဝင်စားမှုကို တုံ့ပြန်ခဲ့မယ် ဆိုရင်တော့ တူရကီ ထိပ်သီး ဘက်ကတော့ လက်ဦးမှု ရယူ ခေါ်ယူသွားမှာ ဖြစ်ကြောင်း Haberler က ဖော်ပြပါတယ်။
လာလီဂါ ကလပ်ဟာ ဟယ်ရီကိန်းကို ခေါ်ယူဖို့ ရှိနေသလို လီဝမ်ဒေါစကီးကို စာချုပ်သက်တမ်း တိုးဖို့လည်း ဖြစ်နိုင်ခြေရှိနေကြောင်း သိရပါတယ်။ အဲဒီအခြေအနေမှာ ဖာရန်း တောရက်စ် ကတော့ အသင်း ကနေ ထွက်ခွာဖွယ် ရှိနေကြောင်း သိရပါတယ်။
ချဲလ်ဆီး ကတော့ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ ဗင်နီးစီးယပ်စ် ဂျူနီယာကို ယူရို ၁၅၀ သန်း (ပေါင် ၁၃၂.၄ သန်း၊ ဒေါ်လာ ၁၇၃.၈ သန်း) နဲ့ ကမ်းလှမ်းဖို့ ရည်ရွယ်ထားပါတယ်။ ဒါ့အပြင် သူတို့ရဲ့ ဈေးအကြီးဆုံး ခေါ်ယူမှု အဖြစ် သတ်မှတ်ဖို့ ပြင်ဆင်နေကြောင်း Fichajes က ဖော်ပြပါတယ်။
ချဲလ်ဆီး ကတော့ ဗင်နီးစီးယပ်စ်ကို ခေါ်ရုံတင်မကပဲ လာမယ့် ဇန်နဝါရီလမှာ အန်းဒရစ်ခ်ကို အငှား စာချုပ်နဲ့ ခေါ်ယူချင်နေပါတယ်။ အန်းဒရစ်ခ် ကတော့ လိုင်ယွန်ကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီထားပေမယ့် ချဲလ်ဆီးက ချိုးဖျက်ကာ ခေါ်ယူဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။

လစ်ဗာပူးလ် ဂန္တဝင် နည်းပြ ယာဂန် ကလော့ပ် ကတော့ လစ်ဗာပူးလ် ကနေ ထွက်ခွာပြီးကတည်းက နည်းပြ အလုပ်ကို ပြန်လည် လုပ်ကိုင်လိုခြင်း မရှိဘူးလို့ ပြောဆိုခဲ့သူ ဖြစ်ပြီး လက်ရှိ မှာတော့ အလုပ်အသစ်ကို ထုတ်ဖော် ပြောဆိုလိုက်ပြီ ဖြစ်ပါတယ်။ ဂျာမန် လူမျိုး နည်းပြဟာ ဒီနှစ်အစမှာ ရက်ဘူးလ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးအကြီးအကဲ အသစ် အနေနဲ့ အတိုင်ပင်ခံရာထူးကို လက်ခံထားခဲ့သူ ဖြစ်ပါတယ်။
တဆက်တည်းမှာပဲ ကလော့ပ်က ပြီးခဲ့တဲ့လမှာ ဂျာမန် ဘောလုံးလိဂ်မှာ ရာထူး တစ်နေရာ လက်ခံရယူပြီး ပြည်တွင်း ဘောလုံးကို တိုးတက်လာအောင် လုပ်ဖို့ ရည်မှန်းထားတဲ့ အထူးကျွမ်းကျင်သူ အုပ်စုထဲ ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ မှာတော့ ကလော့ပ်က သူ့ရဲ့ အလုပ်အကိုင် ရာထူးအသစ်ကို ကြေညာခဲ့ပြီး လာမယ့်နှစ် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘောလုံးဝေဖန် သုံးသပ်သူ အဖြစ်နဲ့ Magenta TV အတွက် လုပ်ကိုင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒေါ့မန် တိုက်စစ် ကြယ်ပွင့် အဒီယီမီ ကတော့ ဘွန်ဒက်စ်လီဂါ ကလပ်မှာ ဆက်ရှိဖို့ မသေမချာ ဖြစ်နေပြီး မန်ချက်စတာယူနိုက်တက်က ကစားသမားရဲ့ အခြေအနေကို စောင့်ကြည့်နေတယ်လို့ ဂျာမန် မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ အသက် ၂၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အဒီယီမီဟာ ကွင်းတွင်း၊ ကွင်းပြင်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး စက်တင်ဘာကုန်ခါနီး ကတည်းက သွင်းဂိုး၊ ဂိုးဖန်တီးမှု မလုပ်နိုင်သလို နည်းပြ ဖြစ်သူ နီကို ကိုဗက်နဲ့လည်း ဆက်ဆံရေး အဆင်မပြေဖြစ်နေပါတယ်။ အောက်တိုဘာ ၂၅ ရက်တုန်းက ကိုလုံံးကို ၁-၀ နဲ့ အနိုင်ရတဲ့ပွဲမှာ အဒီယီမီဟာ လူစားလဲခံခဲ့ရပြီးတဲ့နောက် ဒေါသပေါက်ကွဲပြီးတော့ အရန်ခုံတန်းကို ရေဘူးနဲ့ ပစ်ပေါက်ခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


