နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပြင်သစ် ဂျာစီမှာ တတိယမြောက် ကြယ်ပွင့် တပ်ဆင်နိုင်ဖို့က အိမ်မက်ပါ ဆိုတဲ့ အမ်ဘာပေး | ကမ္ဘာ့ဖလား

ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး ကီလီယန် အမ်ဘာပေး ကတော့ ပြင်သစ် အသင်းရဲ့ ဂျာစီမှာ တတိယမြောက် ကြယ်ပွင့် တပ်ဆင်နိုင်ဖို့ အိမ်မက်တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ ဂိုး ၄၀၀ သွင်းယူနိုင်ခြင်းက အထင်ကြီးစရာ မကောင်းကြောင်းနဲ့ သူ့ရဲ့ Idol ခရစ္စတီယာနို ရော်နယ်ဒိုလို ဂိုး ၁၀၀၀ သွင်းယူနိုင်ဖို့ ကြိုးစားချင်ကြောင်း ပြောကြားခဲ့ပါတယ်။ အမ်ဘာပေးဟာ ယူကရိန်းကို ၄-၀ နဲ့ အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ၂ ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ကစားသမားဘဝ သွင်းဂိုး ၄၀၀ ပြည့်မြောက်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ကမ္ဘာ့ထိပ်တန်း တိုက်စစ်မှူး တစ်ဦး ဖြစ်တဲ့ ကီလီယန် အမ်ဘာပေးက နိုင်ငံ လက်ရွေးစင် အသင်း အတွက် ၅၅ ဂိုးနဲ့ ကလပ် အသင်းတွေ အတွက် ၃၄၅ ဂိုး သွင်းယူထားခဲ့ပါတယ်။ အမ်ဘာပေးဟာ လက်ရှိမှာ အသက် ၂၆ နှစ်သာ ရှိနေသေးတာကြောင့် ဘရာဇီးလ် ဂန္ထဝင် ပီလီ နောက်ပိုင်း အသက်အငယ်ဆုံး သွင်းဂိုး ၄၀၀ ပြည့်ခဲ့သူ အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရပါတယ်။

ဒါပေမယ့်လည်း TF1နဲ့ အင်တာဗျူး မှာတော့ ပြင်သစ် အသင်းခေါင်းဆောင်က ရော်နယ်ဒိုရဲ့ သွင်းဂိုး ၁၀၀၀ ရည်မှန်းချက်ကို ရည်ညွှန်းပြီး ဒါဟာ သူ့ရဲ့ ရေရှည် ရည်မှန်းချက် ဖြစ်ကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အမ်ဘာပေးက “အခု ၄၀၀ သွင်းတာက လူတွေကို အထင်ကြီးစေမှာ မဟုတ်ပါဘူး။ လူတွေ အံ့အားသင့်စေမယ့်ဖို့ ဆိုရင်တော့ နောက်ထပ် ၄၀၀ သွင်းရပါမယ်။ ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ဂိုး ၁၀၀၀ သွင်းတာလား။ အဲဒါ မယုံနိုင်စရာပဲ။ ဒါပေမယ့် မယုံနိုင်စရာတွေကို စမ်းကြည့်ကြရအောင်ပါ။ ကျွန်တော်တို့ စမ်းကြည့်ရမယ်။ ကျွန်တော်တို့မှာ ကစားသမား ဘဝ တစ်ခုတည်းပဲ ရှိတယ်။” လို့ ပြောကြားခဲ့ပါတယ်။

“ကမ္ဘာ့ဖလားမှာ ကစားဖူးတဲ့သူတွေပဲ ဘယ်လောက် ထူးခြားလဲ ဆိုတာ သိကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားမှာ ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရတဲ့ ပြင်သစ်

ပြင်သစ် ကတော့ ၁၉၉၀ နဲ့ ၁၉၉၄ တို့မှာ လွဲချော်ခဲ့ပြီးနောက် ကမ္ဘာ့ဖလားကို ၈ ကြိမ် ဆက်တိုက် ပါဝင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အမ်ဘာပေးက သူတို့ရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်မှုတွေနဲ့ ပတ်သတ်လို့ ဘယ်တော့မှ ပေါ့ပေါ့တန်တန် သဘောမထားသင့်ဘူးလို့ ပြောကြားခဲ့ပါတယ်။ “ဂုဏ်ယူစရာပါ။ ဒါကို ကျွန်တော်တို့ ဘယ်တော့မှ ပေါ့ပေါ့တန်တန် မလုပ်သင့်ဘူး။ ဒီနေ့ခေတ်မှာ ဒါက ပုံမှန်ဖြစ်လာနေပါပြီ။ ဒါပေမယ့် ပြင်သစ်ရဲ့ သမိုင်းမှာ အမြဲတမ်း ဒီလိုမဟုတ်ပါဘူး။ ကျွန်တော်တို့ တတ်နိုင်သမျှ ဆင်ခြင်တုံတရား ရှိရမယ်။ အရေးကြီးဆုံးအရာက ခြေစစ်ပွဲပါ။” လို့ အမ်ဘာပေးက ဆိုပါတယ်။

အမ်ဘာပေး က‌တော့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ဟက်ထရစ် ရခဲ့ပြီး ဒါဟာ ပြိုင်ပွဲ သမိုင်းတလျှောက် ဒုတိယမြောက် ကစားသမားလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြင်သစ်က အဲဒီ ဗိုလ်လုပွဲမှာ အာဂျင်တီးနားကို ပင်နယ်တီနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် အချည်းနှီး ဖြစ်ခဲ့ပါတယ်။ အမ်ဘာပေးက လက်ရှိ ခြေစစ်ပွဲမှာတော့ ၅ ဂိုး သွင်းပြီး သုံးဂိုး ဖန်တီးပေးထားနိုင်ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကို အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါ နိုင်ငံ တို့မှာ ပူးတွဲကျင်းပမယ့် နောက်နှစ် ပြိုင်ပွဲဆီ သယ်ဆောင်သွားနိုင်ဖို့ မျှော်လင့်နေပါတယ်။

“ကမ္ဘာ့ဖလားမှာ ကစားဖူးတဲ့သူတွေပဲ ဘယ်လောက် ထူးခြားလဲ ဆိုတာ သိကြပါတယ်။ ကမ္ဘာ့အမြင်မှာ ကိုယ့်နိုင်ငံကို ကိုယ်စားပြုခွင့်ရတာက ဂုဏ်ယူစရာပါပဲ။ အသင်း ၄၈ သင်းလုံးလိုပဲ ကျွန်တော်တို့ အနိုင်ရဖို့ ကြိုးစားကြမယ်တယ်။ ပြင်သစ် အသင်းရဲ့ ဂျာစီမှာ တတိယမြောက် ကြယ်ပွင့်ကို တပ်ဆင်နိုင်ဖို့က အိပ်မက် တစ်ခုပါပဲ။” လို့ ပြောကြားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်