မ်းခဲ့ကြောင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။ ပေါ်တူဂီ လူမျိုး နည်းပြ မာကို ဆေးလ်ဗားရဲ့ လက်ရှိ စာချုပ် ကတော့ ဒီရာသီအကုန်မှာ သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး ဖူလ်ဟမ်က သူတို့ အသင်းကို ပုံမှန် လမ်းကြောင်းပေါ်မှာ ရှိနေစေတဲ့ နည်းပြကို လက်မလွှတ်လိုတာကြောင့် သက်တမ်းတိုးဖို့ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။
သတင်းတွေအရ ဆိုရင်တော့ ဖူလ်ဟမ်က ပေါ်တူဂီ လူမျိုး နည်းပြကို ၄ နှစ် သက်တမ်း ရှိတဲ့ စာချုပ်သစ် တစ်ရပ်နဲ့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ မာကို ဆေးလ်ဗား အနေနဲ့ ကမ်းလှမ်းထားတဲ့ စာချုပ်သစ်ကို လက်ခံမယ် ဆိုရင်တော့ စာချုပ်သစ်ဟာ လာမယ့် ခရစ္စမတ် ပြီးရင် စတင် အသက်ဝင်မယ်လို့ သိရပါတယ်။
ဖူလ်ဟမ် အနေနဲ့ လက်ရှိ ရာသီမှာ အနည်းငယ် ရုန်းကန်နေရပြီး ပရီးမီးယားလိဂ် တန်းဆင်းဇုန်နဲ့ ၁ မှတ် အကွာ အဆင့် ၁၅ နေရာမှာ ရပ်တည်နေပါတယ်။ သူတို့ဟာ ပြီးခဲ့တဲ့ လိဂ်ပွဲ ၆ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရထားပြီး ယခု တစ်ပတ် အကုန်မှာ ခြေစွမ်းပြနေတဲ့ ဆန်းဒါးလန်းနဲ့ အနောက် လန်ဒန်က Craven Cottageမှာ ယှဉ်ပြိုင် ကစားရဦးမှာ ဖြစ်ပါတယ်။ ဒါက ကော့တေဂျာတို့ အတွက် ခက်ခဲတဲ့ စမ်းသပ်မှု တစ်ခုနဲ့ ရင်ဆိုင်ရတော့မှာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဖူလ်ဟမ် ဘုတ်အဖွဲက မာကို ဆေးလ်ဗားရဲ့ ငွေကြေးသုံးစွဲမှုကို သဘောကျနေကာ ပြီးခဲ့တဲ့ နွေရာသီမှာ ကစားသမားသစ် ငါးဦးအတွက် ပေါင် သန်း ၄၀ ပဲ အသုံးပြုခဲ့ရတဲ့ အပေါ် ကျေနပ်လျက် ရှိနေပါတယ်။ တစ်ဖက် မှာလည်း ပရိသတ်တွေ ကတော့ ဖူလ်ဟမ်ရဲ့ နွေရာသီ အပြောင်းအရွှေ့ ကာလမှာ လှုပ်ရှားမှု အားနည်းပုံကို စိတ်ပျက်နေပါတယ်။ ဒါကို မာကို ဆေးလ်ဗား ကလည်း သိရှိထားပြီး စိတ်ပျက်လက်ပျက် ဖြစ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဖူလ်ဟမ်က အရန် ဂိုးသမား တစ်ဦး အပါအဝင် ဘရာဇီးလ် တောင်ပံ ကစားသမား ကီဗင်ကို ပေါင် ၃၄ သန်းနဲ့ ခေါ်ယူခဲ့ပြီး ဒီအပြောင်းအရွှေ့ ကတော့ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေးကို ချိုးဖျက်ခဲ့ကြောင်း သိရပါတယ်။
မာကို ဆေးလ်ဗားဟာ ဖူလ်ဟမ်ကို ၄ နှစ်ကြာ ကိုင်တွယ်ထားပြီး ဒါဟာ သူ့ရဲ့ နည်းပြ ဘဝ သက်တမ်း တလျှောက်လုံးမှာ အချိန်ကြာဆုံး ကိုင်တွယ်မှုလည်း ဖြစ်ပါတယ်။ မာကို ဆေးလ်ဗားဟာ စပို့တင်းလစ္စဘွန်း၊ အိုလံပီယာကော့စ်၊ ဟူးလ်စီးတီး၊ ဝက်ဖို့ဒ်၊ အဲဗာတန် တို့ကိုလည်း ကိုင်တွယ်ခဲ့ဖူးပါတယ်။ ဒီအသင်းတွေထဲမှာတော့ ပေါ်တူဂီသားက အိုလံပီယာကော့စ်ကို နိုင်ပွဲ ရာခိုင်နှုန်း အများဆုံး ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး အဲဒီနောက် စပို့တင်းလစ္စဘွန်းနဲ့ ဖူလ်ဟမ် တို့မှာ အများဆုံး ရရှိထားတာ တွေ့ရပါတယ်။
အဲဗာတန်နဲ့ ဝက်ဖိုဒ် နည်းပြဟောင်းဟာ ဖူလ်ဟမ်ကို ၂၀၂၁ ခုနှစ်မှာ စတင် ကိုင်တွယ်ခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ တန်းတက်စေခဲ့ကာ လက်ရှိအချိန်ထိ ပရီးမီးယားလိဂ်မှာ ရှင်သန်နေစေသူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီမှာ ဖူလ်ဟမ်က စံချိန်တင် ရမှတ် ၅၄ မှတ်နဲ့ ပရီးမီးယားလိဂ် အဆင့် ၁၁ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ သူတို့ဟာ အက်ဖ်အေဖလား မှာလည်း နောက်ဆုံး ၈ သင်း အဆင့် ကိုလည်း တက်ရောက်နိုင်ခဲ့ပါတယ်။ အဲဒီ့နှစ် မတိုင်ခင် မှာတော့ ဖူလ်ဟမ်က ခရာဘောင်ဖလား ဆီမီးဖိုင်နယ်မှာ လစ်ဗာပူးလ်ကို ရှုံးနိမ့်ကာ ထွက်ခွာခဲ့ရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


