နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

နေမာကို အံ့အားသင့်ဖွယ် စိတ်ဝင်စားလာတဲ့ ယူနိုက်တက်၊ ဟာလန်းကို လာလီဂါ ကလပ်တွေနဲ့ အပြိုင် စိတ်ဝင်စားနေတဲ့ ပီအက်စ်ဂျီ | ပရီးမီးယားလိဂ်

အခုတစ်ခါမှာတော့ နိုဝင်ဘာလ ၁၉ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

နေမာ ဂျူနီယာ ကိုတော့ လာမယ့် ဇန်နဝါရီမှာ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်က ခေါ်ယူဖို့ အံ့အားသင့်ဖွယ် စိတ်ဝင်စားလာကြောင်း သိရပါတယ်။ ကာလို အန်ဆယ်လော့တီရဲ့ ကမ္ဘာ့ဖလား အသင်း လူစာရင်းမှာ နေရာ တစ်နေရာရဖို့ ကြိုးစားနေတဲ့ ဘရာဇီးလ်သား အတွက် အကျိုးရှိစေမယ့် အပြောင်းအရွှေ့ တစ်ခု ဖြစ်လာနိုင်ကြောင်း Fichajes က ဖော်ပြပါတယ်။

ချဲလ်ဆီးဟာ နော့တင်ဟမ်ဖောရက်စ်ရဲ့ ပေါင် ၁၀၀ သန်း (ဒေါ်လာ ၁၃၁.၆ သန်း) တန်ကြေး ရှိနေတဲ့ ကွင်းလယ် ကစားသမား အဲလီယော့တ် အန်ဒါဆန်ကို လာမယ့် ဇန်နဝါရ်မှာ ကမ်းလှမ်းဖို့ အသင့် ရှိနေပါတယ်။ ဒီကစားသမားကို မန်ချက်စတာယူနိုက်တက် ကလည်း ခေါ်ယူချင်နေတာကြောင့် အပြင်းအထန် ချိတ်ဆက်နေပါတယ်။

ကိုလုံးရဲ့ ဆယ်ကျော်သက် တောင်ပံ ကစားသမား ဆိတ်ဒ် အဲလ် မာလာ ကိုတော့ မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွါဒီယိုလာက စိတ်ဝင်စားနေကြောင်း Sky Germany က ဖော်ပြပါတယ်။

အာလင်း ဟာလန်း ကိုတော့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ် တို့နဲ့ အပြိုင် ပီအက်စ်ဂျီ ကလည်း ခေါ်ယူချင်နေကြောင်း သိရပါတယ်။ ပြင်သစ် ကလပ်ဟာ နော်ဝေ ဂိုးသွင်းစက် ပရီးမီးယားလိဂ် တိုက်စစ်မှူး အတွက် ယူရို ၂၀၀ သန်း (ပေါင် ၁၇၆.၂ သန်း၊ ဒေါ်လာ ၂၃၁.၉ သန်း) သုံးစွဲဖို့ အသင့် ရှိနေကြောင်း သိရပါတယ်။ 

နော်ဝေ တိုက်စစ်မှူးက မန်စီးတီးနဲ့ သူ့ရဲ့ စာချုပ်မှာ စာချုပ်ဖျက်သိမ်းကြေးကို ဖယ်ရှားလိုက်ပြီးနောက် ဘာစီလိုနာရဲ့ ဟာလန်းကို ခေါ်ယူဖို့ ကြိုးပမ်းမှုတွေကို ရပ်ဆိုင်းလိုက်ကြောင်း သိရပါတယ်။ 

အာဆင်နယ် ကတော့ အကယ်ဒမီထွက် ကစားသမားလေး မိုင်းလ်စ် လူးဝစ်-စကယ်လီကို ရောင်းချဖို့ အဆင်သင့် ရှိနေတယ်လို့ သိရပါတယ်။ သူ့ရဲ့ ရောင်းချမှုက FFP နဲ့ ပတ်သက်ပြီး အာဆင်နယ်တို့ အမြတ်အစွန်း ရရှိမှာပါ။ ဂန်းနားတွေဟာ ဒီကစားသမားဆီ ကနေ ရရှိတဲ့ ပြောင်းရွှေ့ကြေးနဲ့ လာမယ့် ဇန်နဝါရီမှာ ဘုန်းမောက်ရဲ့ အန်တိုနီ ဆီမန်ညိုကို ခေါ်ယူဖို့ လုပ်ဆောင်ဖွယ် ရှိနေပါတယ်‌။

ဂျေဒန် ဆန်ချိုဟာ တူရကီရဲ့ အကြီးဆုံး ကလပ် ၃ ခု ဖြစ်တဲ့ ဖီနာဘာချီ၊ ဂါလာတာဆာရေးနဲ့ ဘက်ဆစ်တက်စ် တို့ထဲက တစ်သင်းသင်းဆီ အပြီးသတ် ပြောင်းရွှေ့ဖို့ ရှိနေကြောင်း သိရပါတယ်။ ဆန်ချို ကတော့ ပရီးမီးယားလိဂ် ကလပ် ကနေ အပြီးတိုင် ထွက်ခွာချင်နေသူလည်း ဖြစ်ပါတယ်။ 

လစ်ဗာပူးလ်နဲ့ ရီးရဲလ်မက်ဒရစ် တို့ကို ဆွဲဆောင်ရုံနဲ့ မကျေနပ်တဲ့ ဒတ်ချ် ကြယ်ပွင့် ကီးစ် စမစ် ကတော့ မန်ချက်စတာယူနိုက်တက်ရဲ့ ပစ်မှတ် တစ်ခုပါ ဖြစ်လာခဲ့ပါပြီ။ 

ပြင်သစ် ကလပ်ဟာ နော်ဝေ ဂိုးသွင်းစက် ပရီးမီးယားလိဂ် တိုက်စစ်မှူး အတွက် ယူရို ၂၀၀ သန်း (ပေါင် ၁၇၆.၂ သန်း၊ ဒေါ်လာ ၂၃၁.၉ သန်း) သုံးစွဲဖို့ အသင့် ရှိနေကြောင်း သိရပါတယ်။
ဟာလန်းကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူချင်နေတဲ့ ပီအက်စ်ဂျီ

မန်ချက်စတာယူနိုက်တက် ကတော့ စူပါအေးဂျင့် ဂျော့ဂျ် မန်းဒက်စ် ကိုင်တွယ်နေတဲ့ ဒေါ့မန်ရဲ့ ကြယ်ပွင့် ကာရင်မ် အဒီယီမီကို ခေါ်ယူဖို့ ဆွေးနွေးနေတဲ့ ကလပ်တွေထဲက တစ်ခု ဖြစ်ပါတယ်။ 

အဲဗာတန် ကတော့ နာပိုလီရဲ့ တိုက်စစ်မှူး စကော့တ် မက် တော်မီနေးကို ၂၀၂၆ ခုနှစ်မှာ ယူရို ၇၀ သန်း (ပေါင် ၆၁.၇ သန်း၊ ဒေါ်လာ ၈၁.၂ သန်း) နဲ့ ကမ်းလှမ်းမှု ပြုလုပ်ဖို့ ရှိနေပါတယ်။ ဒါက သူတို့ အသင်းရဲ့ သမိုင်းတလျှောက် ဈေးအကြီးဆုံး ခေါ်ယူမှု ဖြစ်လာဖို့ ရှိနေပါတယ်။ 

ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူနေခဲ့ရတဲ့ ယူနိုက်တက်ရဲ့ အာဂျင်တီးနား နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်ဟာ လာမယ့် အဲဗာတန်နဲ့ ပွဲမှာ ပြန်လည် ကစားပေးနိုင်ဖွယ် ရှိနေကြောင်း သိရပါတယ်။ လီဆန်ဒရို မာတီနက်ဇ်ဟာ ဖေဖော်ဝါရီလက ယှဉ်ပြိုင်ခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲမှာ ဒူးအရွတ် စုတ်ပြဲ ဒဏ်ရာ ရရှိခဲ့တာကြောင့် ကာလရှည် အနားယူခဲ့ရတာ ဖြစ်ပြီး ယူနိုက်တက် အတွက် မကစားပေးနိုင်တာ ၉ လကျော် ကြာမြင့်နေခဲ့ပြီလည်း ဖြစ်ပါတယ်။ လက်ရှိအချိန် မှာတော့ မာတီနက်ဇ်က ဒဏ်ရာ ပျောက်ကင်းသွားပြီ ဖြစ်တာကြောင့် အောက်တိုဘာလ အတွင်း ယူနိုက်တက်နဲ့ အတူ လေ့ကျင့်မှု အပြည့် ပြန်လုပ်နိုင်ပြီ ဖြစ်သလို၊ လက်ရှိ နိုင်ငံတကာ ရက်သတ္တပတ် မှာလည်း အာဂျင်တီးနားနဲ့ အတူ လေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ဒါကြောင့် လီဆန်ဒရို မာတီနက်ဇ် အနေနဲ့ ယူနိုက်တက် အတွက် ပြန်လည် ကစားပေးနိုင်ဖို့ အသင့် ဖြစ်နေပြီး အဲဗာတန်နဲ့ ပွဲလူစာရင်းမှာ ပါဝင်လာဖွယ်ရှိကြောင်း ထင်ကြေးပေးမှုတွေ ရှိနေပါတယ်။ ယူနိုက်တက်ဟာ အခုတစ်ပတ်  ပရီးမီးယားလိဂ်မှာ အဲဗာတန်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး လာမယ့် တစ်ပတ် မှာတော့ လီဆန်ဒရို မာတီနက်ဇ်ကို ဒဏ်ရာရရှိစေခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်